ဒါဘီကောင်တီဘယ်နောက်ခံလူဒိုင်လန်ဝီလီယမ်ကို ချဲလ်ဆီးခေါ်ယူ

ချဲလ်ဆီဟာဒါဘီကောင်တီမှအသက်၁၈နှစ်အရွယ်ရှိဘယ်နောက်ခံလူဒိုင်လန်ဝီလီယမ်ကိုခေါ်ယူလိုက်ပါတယ်။ချဲလ်ဆီးဟာဒိုင်လန်ဝီလီယမ်အတွက်ဒါဘီကောင်တီကိုပြောင်းရွှေ့ကြေးဘယ်လောက်ပေးခဲ့ရတယ်ဆိုတာကြေညာသွားခဲ့ခြင်းမရှိပါဘူး။

ဝီလီယမ်ဟာပြီးခဲ့တဲ့ရာသီတုန်းကရှော်လ်လေးနှင့်အက်ဖ်အေဖလားပွဲတွင်ဒါဘီကောင်တီအတွက်ပထမဆုံးပွဲကစားခွင့်ရရှိပြီးနောက် ပထမအသင်းအတွက်စုစုပေါင်း၉ပွဲကစားထားသူဖြစ်ပါတယ်။

သူဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာချဲလ်ဆီးကခေါ်ယူလိုက်တဲ့ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်။

သောကြာနေ့ကတည်းကဒါဘီကောင်တီနည်းပြဝိန်းရွန်းနီကဝီလီယမ်ရဲ့ကြီးမားတဲ့အခွင့်အရေးကိုပိတ်ပင်နိုင်ခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။

ဝီလီယမ်က “ကမ္ဘာ့အကြီးမားဆုံးကလပ်တွေထဲကတစ်ခုနဲ့စာချုပ်ချုပ်ဆိုလိုက်နိုင်လို့အရမ်းဝမ်းသာတယ်။ကျွန်တော့်အတွက်အားလုံးလုပ်ပေးခဲ့တဲ့ကြတဲ့ဒါဘီကောင်တီကဝန်ထမ်းတွေ၊ကစားသမားတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ချဲလ်ဆီးမှာစတင်ဖို့မစောင့်နိုင်တော့ဘူး”လို့ပြောကြားသွားပါတယ်။

ဒါဘီကောင်တီဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံနေရပြီး ဖေဖော်ဝါရီလမကုန်ဆုံးမီ အင်္ဂလိပ်ဘောလုံးလိဂ်ကို ရာသီအကုန်အထိရှင်သန်ရန် ပေါင်၅သန်းပြသရန်လိုအပ်နေတဲ့အသင်းလည်းဖြစ်ပါတယ်။အကယ်၍၎င်းတို့သာပြသနိုင်ခြင်းမရှိပါကချန်ပီယံရှစ်မှဖယ်ရှားခြင်းခံရပါမယ်။

ဒါဘီဟာယခုဇန်နဝါရီတွင်ဝီလီယမ်မတိုင်မီဒေးဗစ်မာရှဲလ်၊ဖီးလ်ဂျာဂျီရယ်ကာ၊ဂရေမီရှိုင်နီနှင့်ဆမ်ဘယ်ဒေါ့ခ်တို့ကိုလည်းလက်လွှတ်ခဲ့ရပြီးဖြစ်ပါတယ်။

ရမှတ်၂၁မှတ်အထိဖြတ်ခံထားရတဲ့ဒါဘီဟာစနေနေ့တုန်းကနော်တင်ဟမ်ဖောရက်စ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးအဆင့်၂၃တွင်ရပ်တည်နေကာတန်းဆင်းဇုန်အပြင်မှအသင်းနဲ့ရမှတ်၈မှတ်ကွာဟနေပါတယ်။

ZawGyi

ဒါဘီေကာင္တီဘယ္ေနာက္ခံလူဒိုင္လန္ဝီလီယမ္ကို ခ်ဲလ္ဆီးေခၚယူ

ခ်ဲလ္ဆီဟာဒါဘီေကာင္တီမွအသက္၁၈ႏွစ္အ႐ြယ္ရွိဘယ္ေနာက္ခံလူဒိုင္လန္ဝီလီယမ္ကိုေခၚယူလိုက္ပါတယ္။ခ်ဲလ္ဆီးဟာဒိုင္လန္ဝီလီယမ္အတြက္ဒါဘီေကာင္တီကိုေျပာင္းေ႐ႊ႕ေၾကးဘယ္ေလာက္ေပးခဲ့ရတယ္ဆိုတာေၾကညာသြားခဲ့ျခင္းမရွိပါဘူး။

ဝီလီယမ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကေရွာ္လ္ေလးႏွင့္အက္ဖ္ေအဖလားပြဲတြင္ဒါဘီေကာင္တီအတြက္ပထမဆုံးပြဲကစားခြင့္ရရွိၿပီးေနာက္ ပထမအသင္းအတြက္စုစုေပါင္း၉ပြဲကစားထားသူျဖစ္ပါတယ္။

သူဟာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာခ်ဲလ္ဆီးကေခၚယူလိုက္တဲ့ပထမဆုံးကစားသမားလည္းျဖစ္ပါတယ္။

ေသာၾကာေန႔ကတည္းကဒါဘီေကာင္တီနည္းျပဝိန္း႐ြန္းနီကဝီလီယမ္ရဲ႕ႀကီးမားတဲ့အခြင့္အေရးကိုပိတ္ပင္ႏိုင္ျခင္းမရွိေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဝီလီယမ္က “ကမာၻ႔အႀကီးမားဆုံးကလပ္ေတြထဲကတစ္ခုနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ႏိုင္လို႔အရမ္းဝမ္းသာတယ္။ကြၽန္ေတာ့္အတြက္အားလုံးလုပ္ေပးခဲ့တဲ့ၾကတဲ့ဒါဘီေကာင္တီကဝန္ထမ္းေတြ၊ကစားသမားေတြအားလုံးကိုေက်းဇူးတင္ပါတယ္။ခ်ဲလ္ဆီးမွာစတင္ဖို႔မေစာင့္ႏိုင္ေတာ့ဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါဘီေကာင္တီဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံေနရၿပီး ေဖေဖာ္ဝါရီလမကုန္ဆုံးမီ အဂၤလိပ္ေဘာလုံးလိဂ္ကို ရာသီအကုန္အထိရွင္သန္ရန္ ေပါင္၅သန္းျပသရန္လိုအပ္ေနတဲ့အသင္းလည္းျဖစ္ပါတယ္။အကယ္၍၎တို႔သာျပသႏိုင္ျခင္းမရွိပါကခ်န္ပီယံရွစ္မွဖယ္ရွားျခင္းခံရပါမယ္။

ဒါဘီဟာယခုဇန္နဝါရီတြင္ဝီလီယမ္မတိုင္မီေဒးဗစ္မာရွဲလ္၊ဖီးလ္ဂ်ာဂ်ီရယ္ကာ၊ဂေရမီရႈိင္နီႏွင့္ဆမ္ဘယ္ေဒါ့ခ္တို႔ကိုလည္းလက္လႊတ္ခဲ့ရၿပီးျဖစ္ပါတယ္။

ရမွတ္၂၁မွတ္အထိျဖတ္ခံထားရတဲ့ဒါဘီဟာစေနေန႔တုန္းကေနာ္တင္ဟမ္ေဖာရက္စ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးအဆင့္၂၃တြင္ရပ္တည္ေနကာတန္းဆင္းဇုန္အျပင္မွအသင္းနဲ႔ရမွတ္၈မွတ္ကြာဟေနပါတယ္။