ဒါဘီနည်းပြရာထူးမှ နုတ်ထွက်လာပြီးနောက် ကျောင်းစာပြန်လုပ်တောမယ့် ဝိန်းရွန်းနီ

ဝိန်းရွန်းနီဟာဒါဘီကောင်တီနည်းပြရာထူးမှနုတ်ထွက်လာပြီးနောက်ကျောင်းစာပြန်လုပ်တော့မှာဖြစ်ကြောင်းသိရပါတယ်။

မန်ချက်စတာယူနိုက်တက်နှင့်အင်္ဂလန်ဂန္ထဝင်ဟာလာမယ့်လများအတွင်းတွင် နည်းပြလိုင်စင်ရရှိရေးနှင့်ဘောလုံးနည်းပြဆိုင်ရာသင်ကြားမှုများကိုပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

ရွန်းနီဟာသောကြာနေ့တုန်းကဒါဘီကောင်တီနည်းပြရာထူးမှမထင်မှတ်ဘဲနုတ်ထွက်လာခဲ့သူလည်းဖြစ်ပါတယ်။

အစောပိုင်းတုန်းကရွန်းနီဟာအခြားကလပ်တစ်ခုကိုချက်ချင်းကိုင်တွယ်မယ်လို့ယူဆခဲ့ရပါတယ်။

ဒါပေမဲ့တကယ်တမ်းမှာတော့ရွန်းနီဟာနည်းပြလောကသို့ချက်ချင်းဝင်ရောက်ဦးမှာမဟုတ်သေးဘဲ နည်းပြလိုင်စင်များရယူနိုင်ရေးအတွက်ဆက်လက်လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။

ရွန်းနီဟာပြီးခဲ့တဲ့ရာသီတုန်းကဘဏ္ဍာရေးအခြေအနေကြောင့် ရမှတ်၂၁မှတ်အထိအဖြတ်ခံထားရတဲ့ဒါဘီကောင်တီကိုချန်ပီယံရှစ်တွင်တင်ကျန်နိုင်လုနီးပါးအနေအထားသို့အထိလုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိသူဟာပရိုလိုင်စင်ရရှိရေးလုပ်ဆောင်နေဆဲကာလမှသာရှိနေပြီးလေ့ကျင့်သင်ကြားမှုအစိတ်အပိုင်းတစ်ရပ်အဖြစ်မကြာသေးမီတုန်းက ယူ-၂၀ပြိုင်ပွဲအတွက် တူလွန်သို့သွားရောက်ခဲ့ပါတယ်။

သူဟာဘောလုံးကလပ်များသို့လှည့်လည်ခြင်း၊ နိုင်ငံခြားကလပ်များသို့လှည့်လည်ခြင်းတို့ပြုလုပ်သွားမယ့်အပြင် LMA ရဲ့စီမံခန့်ခွဲရေး Course ကိုလည်းလုပ်ဆောင်သွားပါမယ်။

ZawGyi








