ဒါဘီနဲ့ အက်ဖ်အေဖလားပွဲကို Cherry Picker သုံးပြီး ပွဲကြည့်ခဲ့တဲ့ ချော်လေး ပရိသတ်များ

ချော်လေးပရိသတ်နှစ်ဦးတို့ဟာမနေ့ညတုန်းကကစားခဲ့တဲ့ဒါဘီကောင်တီနှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကို Cherry Picker အသုံးပြုပြီးကြည့်ခဲ့ကြပါတယ်။

အပျော်တမ်းလိဂ်ကလပ်ဟာစနေနေ့တုန်းကဗစ်တိုးရီးယားပါ့ခ်မှာဝိန်းရွန်းနီရဲ့ဒါဘီကောင်တီကိုဧည့်ခံကစားရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များကြောင့်ယင်းပွဲကိုပရိသတ်တစ်ဦးမျှဝင်ကြည့်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် ချော်လေးပရိသတ်နှစ်ဦးဟာပွဲကို ကွင်းအပြင်ကနေ ကြည့်နိုင်မယ့်နည်းလမ်းကိုရှာဖွေတွေ့ရှိသွားခဲ့ ကြပါတယ်။

၎င်းတို့နှစ်ဦးဟာ Cherry Picker ကို အသုံးပြုပြီး ကွင်းပြင်ကနေ ပွဲကိုအခမဲ့ကြည့်ခဲ့ကြပါတယ်။

ယင်းပွဲစဉ်ကသူတို့အတွက်အမှတ်ရစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်နေဖို့လည်းသေချာနေပါတယ်။သူတို့ အားပေးတဲ့ချော်လေးအသင်းဟာဒါဘီကောင်တီအသင်းကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ရွန်းနီရဲ့ဒါဘီ ပထမအသင်းဟာကိုဗစ်ကူးစက်မှုကြောင့်ကွန်ရန်တင်းဝင်နေရမှုနဲ့အတူလူငယ်အသင်းနဲ့ချော်လေးအ သင်းကိုရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ချော်လေးအသင်းဟာဒါဘီပွဲအပြီးမှာ ဗြိတိန်နာမည်ကျော်အဆိုတော် အဒဲလ်ရဲ့ Someone Like You သီချင်းဆိုကာအောင်ပွဲခံခဲ့ကြပါတယ်။ချော်လေးဟာယခင်တုန်းကလည်းနိုင်ပွဲရအပြီးမှာ Someone Like You သီချင်းဆိုပြီးအောင်ပွဲခံမှုကြောင့်မီဒီယာတွေရဲ့အာရုံစိုက်ခြင်းခံနေရတဲ့အသင်းဖြစ်ပါတယ်။

ZawGyi

ဒါဘီနဲ႔ အက္ဖ္ေအဖလားပြဲကို Cherry Picker သုံးၿပီး ပြဲၾကည့္ခဲ့တဲ့ ေခ်ာ္ေလး ပရိသတ္မ်ား

ေခ်ာ္ေလးပရိသတ္ႏွစ္ဦးတို႔ဟာမေန႔ညတုန္းကကစားခဲ့တဲ့ဒါဘီေကာင္တီႏွင့္ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္ကို Cherry Picker အသုံးျပဳၿပီးၾကည့္ခဲ့ၾကပါတယ္။

အေပ်ာ္တမ္းလိဂ္ကလပ္ဟာစေနေန႔တုန္းကဗစ္တိုးရီးယားပါ့ခ္မွာဝိန္း႐ြန္းနီရဲ႕ဒါဘီေကာင္တီကိုဧည့္ခံကစားရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကန႔္သတ္ခ်က္မ်ားေၾကာင့္ယင္းပြဲကိုပရိသတ္တစ္ဦးမွ်ဝင္ၾကည့္ခြင့္မရခဲ့ပါဘူး။ဒါေပမယ့္ ေခ်ာ္ေလးပရိသတ္ႏွစ္ဦးဟာပြဲကို ကြင္းအျပင္ကေန ၾကည့္ႏိုင္မယ့္နည္းလမ္းကိုရွာေဖြေတြ႕ရွိသြားခဲ့ ၾကပါတယ္။

၎တို႔ႏွစ္ဦးဟာ Cherry Picker ကို အသုံးျပဳၿပီး ကြင္းျပင္ကေန ပြဲကိုအခမဲ့ၾကည့္ခဲ့ၾကပါတယ္။

ယင္းပြဲစဥ္ကသူတို႔အတြက္အမွတ္ရစရာေကာင္းတဲ့ပြဲတစ္ပြဲျဖစ္ေနဖို႔လည္းေသခ်ာေနပါတယ္။သူတို႔ အားေပးတဲ့ေခ်ာ္ေလးအသင္းဟာဒါဘီေကာင္တီအသင္းကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။႐ြန္းနီရဲ႕ဒါဘီ ပထမအသင္းဟာကိုဗစ္ကူးစက္မႈေၾကာင့္ကြန္ရန္တင္းဝင္ေနရမႈနဲ႔အတူလူငယ္အသင္းနဲ႔ေခ်ာ္ေလးအ သင္းကိုရင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ေခ်ာ္ေလးအသင္းဟာဒါဘီပြဲအၿပီးမွာ ၿဗိတိန္နာမည္ေက်ာ္အဆိုေတာ္ အဒဲလ္ရဲ႕ Someone Like You သီခ်င္းဆိုကာေအာင္ပြဲခံခဲ့ၾကပါတယ္။ေခ်ာ္ေလးဟာယခင္တုန္းကလည္းႏိုင္ပြဲရအၿပီးမွာ Someone Like You သီခ်င္းဆိုၿပီးေအာင္ပြဲခံမႈေၾကာင့္မီဒီယာေတြရဲ႕အာ႐ုံစိုက္ျခင္းခံေနရတဲ့အသင္းျဖစ္ပါတယ္။