ဒါဘီပွဲတွင် ချန်လှပ်ခံရပြီးတဲ့နောက် ရန်းနစ်ခ်ဆီ မက်ဆေ့ချ်ပို့လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်စပါးစ်နှင့်ကစားရမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်တွင်သူ့ကိုရွေးချယ်ရန်နည်းပြရေးဖ်ရန်းနစ်ခ်ကိုဖိအားပေးလာပါတယ်။

အသက်၃၇နှစ်ရှိရော်နယ်ဒိုဟာတနင်္ဂနွေနေ့တုန်းကမန်စီးတီးကို၄-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့မန်ချက်စတာဒါဘီပွဲတွင်ချန်လှပ်ခံရမှုအပေါ်ယခုတိုင်ဒေါသထွက်နေသေးသူဖြစ်ပါတယ်။သူဟာယခုရာသီအကုန်တွင်ယူနိုက်တက်မှထွက်ခွာရန်အေးဂျင့်ဂျော့မန်ဒက်စ်နှင့်လည်းဆွေးနွေးထားပြီးဖြစ်ပါတယ်။

ပေါ်တူဂီစူပါစတားဟာတင်ပါးဆုံဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် ကာရင်တန်လေ့ကျင့်ရေးကွင်းတွင်လေ့ကျင့်ခန်းပြန်ဆင်းနေပြီလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာလေ့ကျင့်ခန်းဆင်းနေတဲ့ပုံကိုအွန်လိုင်းတွင်တင်ပြီးစပါးစ်နှင့်ကစားရမယ့်ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ပွဲမှာသူ့ကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုရန်ရန်းနစ်ခ်ကိုဖိအားပေးလာပါတယ်။

ရော်နယ်ဒိုဟာလေ့ကျင့်ခန်းဆင်းနေတဲ့ပုံအင်စတာဂရမ်မှာတင်ပြီး “အမြန်ဆုံးပြန်ကောင်းလာဖို့အရမ်းကြိုးစားနေတယ်။ကွင်းထဲသို့ပြန်ဝင်ပြီးအသင်းကိုကူညီချင်နေပြီ”လို့ရေးသားသွားပါတယ်။

ရော်နယ်ဒိုဟာမန်ချက်စတာဒါဘီပွဲတွင်အရန်အဖြစ်သာပါဝင်ကစားရမယ်ဆိုတာသိရပြီးနောက်မွေးရပ်မြေပေါ်တူဂီသို့ထွက်ခွာသွားခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ဒါဘီပြဲတြင္ ခ်န္လွပ္ခံရၿပီးတဲ့ေနာက္ ရန္းနစ္ခ္ဆီ မက္ေဆ့ခ်္ပို႔လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္စပါးစ္ႏွင့္ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ပြဲစဥ္တြင္သူ႔ကိုေ႐ြးခ်ယ္ရန္နည္းျပေရးဖ္ရန္းနစ္ခ္ကိုဖိအားေပးလာပါတယ္။

အသက္၃၇ႏွစ္ရွိေရာ္နယ္ဒိုဟာတနဂၤေႏြေန႔တုန္းကမန္စီးတီးကို၄-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့မန္ခ်က္စတာဒါဘီပြဲတြင္ခ်န္လွပ္ခံရမႈအေပၚယခုတိုင္ေဒါသထြက္ေနေသးသူျဖစ္ပါတယ္။သူဟာယခုရာသီအကုန္တြင္ယူႏိုက္တက္မွထြက္ခြာရန္ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္လည္းေဆြးေႏြးထားၿပီးျဖစ္ပါတယ္။

ေပၚတူဂီစူပါစတားဟာတင္ပါးဆုံဒဏ္ရာမွျပန္လည္သက္သာလာၿပီးေနာက္ ကာရင္တန္ေလ့က်င့္ေရးကြင္းတြင္ေလ့က်င့္ခန္းျပန္ဆင္းေနၿပီလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာေလ့က်င့္ခန္းဆင္းေနတဲ့ပုံကိုအြန္လိုင္းတြင္တင္ၿပီးစပါးစ္ႏွင့္ကစားရမယ့္ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အေရးပါတဲ့ပြဲမွာသူ႔ကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳရန္ရန္းနစ္ခ္ကိုဖိအားေပးလာပါတယ္။

ေရာ္နယ္ဒိုဟာေလ့က်င့္ခန္းဆင္းေနတဲ့ပုံအင္စတာဂရမ္မွာတင္ၿပီး “အျမန္ဆုံးျပန္ေကာင္းလာဖို႔အရမ္းႀကိဳးစားေနတယ္။ကြင္းထဲသို႔ျပန္ဝင္ၿပီးအသင္းကိုကူညီခ်င္ေနၿပီ”လို႔ေရးသားသြားပါတယ္။

ေရာ္နယ္ဒိုဟာမန္ခ်က္စတာဒါဘီပြဲတြင္အရန္အျဖစ္သာပါဝင္ကစားရမယ္ဆိုတာသိရၿပီးေနာက္ေမြးရပ္ေျမေပၚတူဂီသို႔ထြက္ခြာသြားခဲ့သူလည္းျဖစ္ပါတယ္။