ဒါဘီပွဲတွင် စီနီယာအသင်းကျရှုံးချိန်တွင် လိဒ်ယူ-၂၃ နှင့်ပွဲမှာ တစ်ကိုယ်တော်အစွမ်းနဲ့လှပတဲ့ဂိုးသွင်းယူခဲ့တဲ့ အေမက်ဒီယေလို

အေမက်ဒီယေလိုဟာစနေနေ့တုန်းကမန်ချက်စတာယူနိုက်တက်ရဲ့ယူ-၂၃ပွဲစဉ်တွင်တစ်ကိုယ်တော်အစွမ်းနှင့်လှပတဲ့ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အသက်၁၉နှစ်ရှိအိုင်ဗရီကို့စ်တောင်ပံကစားသမားဟာသတစ်ကိုယ်တော်အစွမ်းနှင့်ထိုးဖောက်ဂိုးသွင်းပြီးဆိုးလ်ရှားရဲ့မန်ယူစီနီယာအသင်းတွင်ဘာလိုအပ်နေသလဲဆိုတာပြသခဲ့တာလည်းဖြစ်ပါတယ်။

လိဒ်ယူ-၂၃နှင့်ပွဲစဉ်တွင်ဒီယေလိုဟာပင်နယ်တီဧရိယာအစပ်တွင်ရရှိလာတဲ့ဘောလုံးကိုရင်ဘတ်နဲ့ထိန်းပြီးနောက် ပြိုင်ဘက်နောက်ခံလူရဲ့ခေါင်းပေါ်မှအသာကျော်ခဲ့ကာချက်ချင်းကန်နိုင်ခဲ့ပေမယ့်မကန်သေးဘဲထပ်မံလှည့်ထွက်မှုပြုလုပ်ပြီးမှထောင့်ဖြတ်အနေအထားမျိုးမှကန်သွင်းယူခဲ့ပါတယ်။

အိုင်ဗရီကို့စ်လူငယ်ပါရမီရှင်ဟာမန်ယူအတွက်ဒုတိယဂိုးကိုသွင်းယူခဲ့တာဖြစ်ပြီးယင်းပွဲတွင်မန်ယူက၃-၂ဂိုးဖြင့်အနိုင်ယူခဲ့ပါတယ်။ယင်းပွဲမှာသူဟာကိုယ်တိုင်လှပတဲ့ဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့တဲ့အပြင်မက်နေးလ်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီရယ်လိုဟာနွေရာသီတုန်းကဖီယင်နုသို့အငှားဖြင့်ပြောင်းရန်သဘောတူညီမှုရခဲ့ပေမယ့်ဒဏ်ရာရရှိသွားခဲ့မှုကြောင့်အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရသူဖြစ်ပါတယ်။သူဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာချိန်တွင်မန်ယူပထမအသင်းအတွက်တစ်ပွဲမျှကစားခွင့်မရသေးဘဲမန်ယူယူ-၂၃အသင်းမှာသာပုံမှန်ကစားနေရပါတယ်။

သူဟာမန်ယူယူ-၂၃အသင်းအတွက်၅ပွဲကစားထားရာမှာ၆ဂိုးအထိသွင်းယူထားနိုင်ပြီးဖြစ်ပါတယ်။

ZawGyi

ဒါဘီပြဲတြင္ စီနီယာအသင္းက်ရႈံးခ်ိန္တြင္ လိဒ္ယူ-၂၃ ႏွင့္ပြဲမွာ တစ္ကိုယ္ေတာ္အစြမ္းနဲ႔လွပတဲ့ဂိုးသြင္းယူခဲ့တဲ့ ေအမက္ဒီေယလို

ေအမက္ဒီေယလိုဟာစေနေန႔တုန္းကမန္ခ်က္စတာယူႏိုက္တက္ရဲ႕ယူ-၂၃ပြဲစဥ္တြင္တစ္ကိုယ္ေတာ္အစြမ္းႏွင့္လွပတဲ့ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

အသက္၁၉ႏွစ္ရွိအိုင္ဗရီကို႔စ္ေတာင္ပံကစားသမားဟာသတစ္ကိုယ္ေတာ္အစြမ္းႏွင့္ထိုးေဖာက္ဂိုးသြင္းၿပီးဆိုးလ္ရွားရဲ႕မန္ယူစီနီယာအသင္းတြင္ဘာလိုအပ္ေနသလဲဆိုတာျပသခဲ့တာလည္းျဖစ္ပါတယ္။

လိဒ္ယူ-၂၃ႏွင့္ပြဲစဥ္တြင္ဒီေယလိုဟာပင္နယ္တီဧရိယာအစပ္တြင္ရရွိလာတဲ့ေဘာလုံးကိုရင္ဘတ္နဲ႔ထိန္းၿပီးေနာက္ ၿပိဳင္ဘက္ေနာက္ခံလူရဲ႕ေခါင္းေပၚမွအသာေက်ာ္ခဲ့ကာခ်က္ခ်င္းကန္ႏိုင္ခဲ့ေပမယ့္မကန္ေသးဘဲထပ္မံလွည့္ထြက္မႈျပဳလုပ္ၿပီးမွေထာင့္ျဖတ္အေနအထားမ်ိဳးမွကန္သြင္းယူခဲ့ပါတယ္။

အိုင္ဗရီကို႔စ္လူငယ္ပါရမီရွင္ဟာမန္ယူအတြက္ဒုတိယဂိုးကိုသြင္းယူခဲ့တာျဖစ္ၿပီးယင္းပြဲတြင္မန္ယူက၃-၂ဂိုးျဖင့္အႏိုင္ယူခဲ့ပါတယ္။ယင္းပြဲမွာသူဟာကိုယ္တိုင္လွပတဲ့ဂိုးတစ္ဂိုးကိုသြင္းယူႏိုင္ခဲ့တဲ့အျပင္မက္ေနးလ္ဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒီရယ္လိုဟာေႏြရာသီတုန္းကဖီယင္ႏုသို႔အငွားျဖင့္ေျပာင္းရန္သေဘာတူညီမႈရခဲ့ေပမယ့္ဒဏ္ရာရရွိသြားခဲ့မႈေၾကာင့္အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့ရသူျဖစ္ပါတယ္။သူဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာခ်ိန္တြင္မန္ယူပထမအသင္းအတြက္တစ္ပြဲမွ်ကစားခြင့္မရေသးဘဲမန္ယူယူ-၂၃အသင္းမွာသာပုံမွန္ကစားေနရပါတယ္။

သူဟာမန္ယူယူ-၂၃အသင္းအတြက္၅ပြဲကစားထားရာမွာ၆ဂိုးအထိသြင္းယူထားႏိုင္ၿပီးျဖစ္ပါတယ္။