ဒါဘီရှုံးပွဲအပြီးမှာ မန်စီးတီးအင်္ကျီကိုင်နေခဲ့တဲ့ ထိပ်တန်းစတားကို မန်ယူအတွက် ဘယ်တော့မှကစားရတော့မှာမဟုတ်ဘူးလို့ ခြိမ်းခြောက်ခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်

ဆာအဲလက်စ်ဖာဂူဆန်ဟာတစ်ခါတုန်းကမန်ချက်စတာဒါဘီရှုံးပွဲအပြီးမှာ မန်စီးတီးကစားသမားတစ်ဦးနှင့်အင်္ကျီလဲလှယ်ခဲ့တဲ့ရူဗန်နစ္စတယ်ရွိုင်းကို တစ်စစီဖြစ်အောင်ဖျက်ဆီးပစ်မယ်လို့ဒေါသတကြီးခြိမ်းခြောက်ပြောကြားခဲ့ကြောင်းရီယိုဖာဒီနန်ကဖွင့်ချလာပါတယ်။

ရီယိုဖာဒီနန်ဟာလိဒ်ယူနိုက်တက်မှပေါင်သန်း၃၀ဖြင့်ပြောင်းရွှေ့လာပြီးနောက်ပထမဆုံးမန်ချက်စတာဒါဘီပွဲစဉ်တွင် Maine Road မှာ မန်စီးတီးကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုပါပွဲတွင်မန်စီးတီးအတွက်ဂိုးများကိုအနယ်ကာက၂ဂိုးနှင့်ရှောင်ဂုတ်တာက၁ဂိုးသွင်းယူခဲ့ပြီးမန်ယူအတွက်ချေပဂိုးတစ်ဂိုးကိုဆိုးလ်ရှားကသွင်းယူခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာပွဲအပြီးတွင်အဝတ်အစားလဲခန်းအတွင်းသို့မန်စီးတီးအင်္ကျီကိုင်ကာဝင်ရောက်လာခဲ့ပါတယ်။ထိုစဉ်ကနစ္စတယ်ရွိုင်းဟာမန်ယူရဲ့အလွန်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်းဖာဂူဆန်ရဲ့မန်စီးတီးရှုံးပွဲအရှုံးကြောင့်ထွက်ပေါ်လာတဲ့ဒေါသနှင့်ရှောင်လွဲမရခဲ့ပါဘူး။

ရီယိုဖာဒီနန်က “ရှောင်ဂုတ်တာက၂ဂိုးသွင်းပြီးကျွန်တော်တို့ Maine Road မှာ၃-၁နဲ့ရှုံးခဲ့ပါတယ်။ကျွန်တော့်အတွက်ပထမဆုံးဒါဘီပွဲပါ။ပွဲပြီးတော့အဝတ်အစားလဲခန်းမှာဒီဒါဘီပွဲကဘယ်တောင်ကြီးတယ်ဆိုသိခွင့်ရခဲ့ပါတယ်။အဝတ်အစားလဲခန်းထဲဝင်လိုက်တော့မန်နေဂျာကပိတ်လိုက်ပါတယ်။တစ်ခန်းလုံးတိတ်နေတယ်။နောက်တော့ချက်ချင်းဆိုသလိုပဲသူထအော်ပါလေရော။ရူဗန်နစ္စတယ်ရွိုင်း။အဲဒီတုန်းကသူကမန်ယူမှာနတ်ဘုရားလိုပဲ။သူကမန်စီးတီးအသင်းအင်္ကျီကိုလက်မှာကိုင်ပြီး အခန်းထဲဝင်လာတယ်။ဆာအဲလက်စ်ဖာဂူဆန်ဟာသူ့ဒေါသအားလုံးကိုသူ့ဆီပုံချလိုက်တယ်။သူ့ကိုဖြိုချလိုက်တယ်။’နောက်တခါမင်းကိုမန်စီးတီးအင်္ကျီကိုင်ရင်းတွေ့ကြည့်ဒီကလပ်အတွက်မင်းဘယ်တော့မှမကစားရတော့ဘူးမှတ်’။တကယ့်အရူးလိုပဲ။ကျွန်တော်လည်းထိုင်နေတယ်။ပြီးတော့ ‘ဒါကပွဲကြီး။မဟုတ်ဘူးလား’လို့တွေးနေလိုက်တယ်။အဲဒီမတိုင်ခင်တုန်းကဒီပွဲကိုတကယ့်ပွဲကြီးလို့မထင်ဘူး။အဲဒီအပတ်ကတည်းကဒါဘီပွဲမှာမနိုင်ရင်ဘာမှကုန်ပြီးသာလို့တွေးမိတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်မန်ယူအသင်းခေါင်းဆောင်ဂယ်ရီနဗီးလ်ကလည်းဖာဂူဆန်ဟာရှုံးပွဲကြုံပြီးလျှင်ကစားသမားများကိုအင်္ကျီလဲလှယ်မှုမပြုလုပ်ရန်ပိတ်ပင်ထားကြောင်းလည်းဆိုသွားပါတယ်။

ထိုရာသီတုန်းကဒုတိယအကျော့အိုးထရက်ဖို့ဒ်ပွဲစဉ်တွင်နစ္စတယ်ရွိုင်းဂိုးသွင်းခဲ့ပေမယ့်လူစားဝင်လာတဲ့ရှောင်ဂုတ်တာကခေါင်းတိုက်ကာမန်စီးတီးအတွက်အဖိုးတန်ရမှတ်တစ်မှတ်ရယူသွားခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာမန်ယူတွင်ကစားတဲ့ငါးရာသီအတွင်းမှာ၂၁၉ပွဲကစားခဲ့ရာမှာဂိုး၁၅၀အထိသွင်းယူပေးခဲ့ပါတယ်။

သူဟာမန်ယူနောက်ဆုံးရာသီတွင်ဆာအဲလက်စ်ဖာဂူဆန်နှင့်ပြဿနာများတက်ခဲ့ကြပါတယ်။နစ္စတယ်ရွိုင်းဟာသူ့ရဲ့အပြုအမူများအတွက်စကော့တလန်ဂန္ထဝင်နည်းပြကိုတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

ဒါဘီရႈံးပြဲအၿပီးမွာ မန္စီးတီးအက်ႌကိုင္ေနခဲ့တဲ့ ထိပ္တန္းစတားကို မန္ယူအတြက္ ဘယ္ေတာ့မွကစားရေတာ့မွာမဟုတ္ဘူးလို႔ ၿခိမ္းေျခာက္ခဲ့တဲ့ ဆာအဲလက္စ္ဖာဂူဆန္

ဆာအဲလက္စ္ဖာဂူဆန္ဟာတစ္ခါတုန္းကမန္ခ်က္စတာဒါဘီရႈံးပြဲအၿပီးမွာ မန္စီးတီးကစားသမားတစ္ဦးႏွင့္အက်ႌလဲလွယ္ခဲ့တဲ့႐ူဗန္နစၥတယ္႐ြိဳင္းကို တစ္စစီျဖစ္ေအာင္ဖ်က္ဆီးပစ္မယ္လို႔ေဒါသတႀကီးၿခိမ္းေျခာက္ေျပာၾကားခဲ့ေၾကာင္းရီယိုဖာဒီနန္ကဖြင့္ခ်လာပါတယ္။

ရီယိုဖာဒီနန္ဟာလိဒ္ယူႏိုက္တက္မွေပါင္သန္း၃၀ျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပထမဆုံးမန္ခ်က္စတာဒါဘီပြဲစဥ္တြင္ Maine Road မွာ မန္စီးတီးကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

အဆိုပါပြဲတြင္မန္စီးတီးအတြက္ဂိုးမ်ားကိုအနယ္ကာက၂ဂိုးႏွင့္ေရွာင္ဂုတ္တာက၁ဂိုးသြင္းယူခဲ့ၿပီးမန္ယူအတြက္ေခ်ပဂိုးတစ္ဂိုးကိုဆိုးလ္ရွားကသြင္းယူခဲ့ပါတယ္။

နစၥတယ္႐ြိဳင္းဟာပြဲအၿပီးတြင္အဝတ္အစားလဲခန္းအတြင္းသို႔မန္စီးတီးအက်ႌကိုင္ကာဝင္ေရာက္လာခဲ့ပါတယ္။ထိုစဥ္ကနစၥတယ္႐ြိဳင္းဟာမန္ယူရဲ႕အလြန္အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ေပမယ့္လည္းဖာဂူဆန္ရဲ႕မန္စီးတီးရႈံးပြဲအရႈံးေၾကာင့္ထြက္ေပၚလာတဲ့ေဒါသႏွင့္ေရွာင္လြဲမရခဲ့ပါဘူး။

ရီယိုဖာဒီနန္က “ေရွာင္ဂုတ္တာက၂ဂိုးသြင္းၿပီးကြၽန္ေတာ္တို႔ Maine Road မွာ၃-၁နဲ႔ရႈံးခဲ့ပါတယ္။ကြၽန္ေတာ့္အတြက္ပထမဆုံးဒါဘီပြဲပါ။ပြဲၿပီးေတာ့အဝတ္အစားလဲခန္းမွာဒီဒါဘီပြဲကဘယ္ေတာင္ႀကီးတယ္ဆိုသိခြင့္ရခဲ့ပါတယ္။အဝတ္အစားလဲခန္းထဲဝင္လိုက္ေတာ့မန္ေနဂ်ာကပိတ္လိုက္ပါတယ္။တစ္ခန္းလုံးတိတ္ေနတယ္။ေနာက္ေတာ့ခ်က္ခ်င္းဆိုသလိုပဲသူထေအာ္ပါေလေရာ။႐ူဗန္နစၥတယ္႐ြိဳင္း။အဲဒီတုန္းကသူကမန္ယူမွာနတ္ဘုရားလိုပဲ။သူကမန္စီးတီးအသင္းအက်ႌကိုလက္မွာကိုင္ၿပီး အခန္းထဲဝင္လာတယ္။ဆာအဲလက္စ္ဖာဂူဆန္ဟာသူ႔ေဒါသအားလုံးကိုသူ႔ဆီပုံခ်လိုက္တယ္။သူ႔ကိုၿဖိဳခ်လိုက္တယ္။’ေနာက္တခါမင္းကိုမန္စီးတီးအက်ႌကိုင္ရင္းေတြ႕ၾကည့္ဒီကလပ္အတြက္မင္းဘယ္ေတာ့မွမကစားရေတာ့ဘူးမွတ္’။တကယ့္အ႐ူးလိုပဲ။ကြၽန္ေတာ္လည္းထိုင္ေနတယ္။ၿပီးေတာ့ ‘ဒါကပြဲႀကီး။မဟုတ္ဘူးလား’လို႔ေတြးေနလိုက္တယ္။အဲဒီမတိုင္ခင္တုန္းကဒီပြဲကိုတကယ့္ပြဲႀကီးလို႔မထင္ဘူး။အဲဒီအပတ္ကတည္းကဒါဘီပြဲမွာမႏိုင္ရင္ဘာမွကုန္ၿပီးသာလို႔ေတြးမိတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္မန္ယူအသင္းေခါင္းေဆာင္ဂယ္ရီနဗီးလ္ကလည္းဖာဂူဆန္ဟာရႈံးပြဲႀကဳံၿပီးလွ်င္ကစားသမားမ်ားကိုအက်ႌလဲလွယ္မႈမျပဳလုပ္ရန္ပိတ္ပင္ထားေၾကာင္းလည္းဆိုသြားပါတယ္။

ထိုရာသီတုန္းကဒုတိယအေက်ာ့အိုးထရက္ဖို႔ဒ္ပြဲစဥ္တြင္နစၥတယ္႐ြိဳင္းဂိုးသြင္းခဲ့ေပမယ့္လူစားဝင္လာတဲ့ေရွာင္ဂုတ္တာကေခါင္းတိုက္ကာမန္စီးတီးအတြက္အဖိုးတန္ရမွတ္တစ္မွတ္ရယူသြားခဲ့ပါတယ္။

နစၥတယ္႐ြိဳင္းဟာမန္ယူတြင္ကစားတဲ့ငါးရာသီအတြင္းမွာ၂၁၉ပြဲကစားခဲ့ရာမွာဂိုး၁၅၀အထိသြင္းယူေပးခဲ့ပါတယ္။

သူဟာမန္ယူေနာက္ဆုံးရာသီတြင္ဆာအဲလက္စ္ဖာဂူဆန္ႏွင့္ျပႆနာမ်ားတက္ခဲ့ၾကပါတယ္။နစၥတယ္႐ြိဳင္းဟာသူ႔ရဲ႕အျပဳအမူမ်ားအတြက္စေကာ့တလန္ဂႏၴဝင္နည္းျပကိုေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။