ဒါဝင်နူနက်ဇ်နဲ့ပတ်သက်ပြီး လီဗာပူးပရိသတ်များစိုးရိမ်နေ။ ပေါင်သန်း ၁၀၀ တန်တိုက်စစ်မှူးလားလို့ မေးခွန်းထုတ်နေကြ

လီဗာပူးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ရဲ့လေ့ကျင့်ခန်းဆင်းနေပုံဗီဒီယိုဖိုင်ထွက်ပေါ်လာပါတယ်။လီဗာပူးပရိသတ်များဟာလည်းကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ပေါင်သန်း၁၀၀တန်တိုက်စစ်မှူးနဲ့ပတ်သက်ပြီးစိုးရိမ်နေကြပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာပြီးခဲ့တဲ့လတုန်းကဘင်ဖီကာကနေလီဗာပူးသို့ပြောင်းလာသူဖြစ်ပြီးရာသီကြိုလေ့ကျင့်ခန်းဆင်းမှုပြုလုပ်ခဲ့ပါတယ်။

လီဗာပူးဟာဒါဝင်နူနက်ဇ်အတွက်ပြောင်းရွှေ့ကြေးပေါင်၈၅သန်းအပြင်အောင်မြင်မှု၊ပွဲကစားခွင့်ရရှိမှုတို့အပေါ်မူတည်ပြီးနောက်ထပ်ပေါင်၁၅သန်းထပ်မံပေးရပါမယ်။

ဒါပေမဲ့အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့လေ့ကျင့်ခန်းအစီအစဉ်တွင်ဒါဝင်နူနက်ဇ်ရဲ့စွမ်းဆောင်ရည်ကျေနပ်စရာမရှိမှုနဲ့အတူပရိသတ်များစိုးရိမ်နေကြပြီဖြစ်ပါတယ်။

အွန်လိုင်းတွင်ဒါဝင်နူနက်ဇ်ရဲ့ဂိုးသွင်းလေ့ကျင့်ခန်းဆင်းနေမှုထွက်ပေါ်လာတာဖြစ်ပြီးဥရုဂွေးတိုက်စစ်မှူးဟာအလွှဲလွှဲချော်ချော်များဖြစ်ပျက်နေတာတွေ့ရပါတယ်။

ဒါကြောင့်လည်းလီဗာပူးပရိသတ်တစ်ဦးက “အားလုံးကတော့ဆာဒေယိုမာနေးမရှိချိန်မှာအသင်းရဲ့အဆင့်အများကြီးကျဆင်းသွားပြီဆိုတာသိလိုက်ကြရပါပြီ”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ဘင်ဖီကာကတော့ငါတို့ငွေတွေကိုလုယူသွားပြီ”လို့ပြောကြားသွားပါတယ်။

နူနက်ဇ်ဟာပြီးခဲ့တဲ့ရာသီတုန်းကဘင်ဖီကာအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၃၄ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီးယင်းမှ၆ဂိုးကချန်ပီယံလိဂ်တွင်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်သူဟာဘန်ကောက်ခရီးစဉ်တွင်လေ့ကျင့်ခန်းအစီအစဉ်မှာအသေးစားဒဏ်ရာရရှိကာယနေ့ညယူနိုက်တက်နှင့်ရာသီကြိုခြေစမ်းပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေပါတယ်။

ZawGyi

ဒါဝင္ႏူနက္ဇ္နဲ႔ပတ္သက္ၿပီး လီဗာပူးပရိသတ္မ်ားစိုးရိမ္ေန။ ေပါင္သန္း ၁၀၀ တန္တိုက္စစ္မႉးလားလို႔ ေမးခြန္းထုတ္ေနၾက

လီဗာပူးတိုက္စစ္မႉးဒါဝင္ႏူနက္ဇ္ရဲ႕ေလ့က်င့္ခန္းဆင္းေနပုံဗီဒီယိုဖိုင္ထြက္ေပၚလာပါတယ္။လီဗာပူးပရိသတ္မ်ားဟာလည္းကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ေပါင္သန္း၁၀၀တန္တိုက္စစ္မႉးနဲ႔ပတ္သက္ၿပီးစိုးရိမ္ေနၾကပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာၿပီးခဲ့တဲ့လတုန္းကဘင္ဖီကာကေနလီဗာပူးသို႔ေျပာင္းလာသူျဖစ္ၿပီးရာသီႀကိဳေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ခဲ့ပါတယ္။

လီဗာပူးဟာဒါဝင္ႏူနက္ဇ္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၈၅သန္းအျပင္ေအာင္ျမင္မႈ၊ပြဲကစားခြင့္ရရွိမႈတို႔အေပၚမူတည္ၿပီးေနာက္ထပ္ေပါင္၁၅သန္းထပ္မံေပးရပါမယ္။

ဒါေပမဲ့အြန္လိုင္းတြင္ထြက္ေပၚလာတဲ့ေလ့က်င့္ခန္းအစီအစဥ္တြင္ဒါဝင္ႏူနက္ဇ္ရဲ႕စြမ္းေဆာင္ရည္ေက်နပ္စရာမရွိမႈနဲ႔အတူပရိသတ္မ်ားစိုးရိမ္ေနၾကၿပီျဖစ္ပါတယ္။

အြန္လိုင္းတြင္ဒါဝင္ႏူနက္ဇ္ရဲ႕ဂိုးသြင္းေလ့က်င့္ခန္းဆင္းေနမႈထြက္ေပၚလာတာျဖစ္ၿပီးဥ႐ုေဂြးတိုက္စစ္မႉးဟာအလႊဲလႊဲေခ်ာ္ေခ်ာ္မ်ားျဖစ္ပ်က္ေနတာေတြ႕ရပါတယ္။

ဒါေၾကာင့္လည္းလီဗာပူးပရိသတ္တစ္ဦးက “အားလုံးကေတာ့ဆာေဒယိုမာေနးမရွိခ်ိန္မွာအသင္းရဲ႕အဆင့္အမ်ားႀကီးက်ဆင္းသြားၿပီဆိုတာသိလိုက္ၾကရပါၿပီ”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “ဘင္ဖီကာကေတာ့ငါတို႔ေငြေတြကိုလုယူသြားၿပီ”လို႔ေျပာၾကားသြားပါတယ္။

ႏူနက္ဇ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကဘင္ဖီကာအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၃၄ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ၿပီးယင္းမွ၆ဂိုးကခ်န္ပီယံလိဂ္တြင္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္သူဟာဘန္ေကာက္ခရီးစဥ္တြင္ေလ့က်င့္ခန္းအစီအစဥ္မွာအေသးစားဒဏ္ရာရရွိကာယေန႔ညယူႏိုက္တက္ႏွင့္ရာသီႀကိဳေျခစမ္းပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနပါတယ္။