ဒါဝင်နူနက်ဇ်အတွက် ဘင်ဖီကာကို ပေါင် ၄ သန်းပေးရမယ့် လီဗာပူး

လီဗာပူးဟာမနေ့ညတုန်းကရိန်းဂျားကိုဂိုးဒါဇင်ဝက်ကျော်သွင်းပြီးအနိုင်ယူတဲ့ပွဲမှာဒါဝင်နူနက်ဇ်ကိုအသုံးပြုပြီးနောက်ဘင်ဖီကာကိုပေါင်၄သန်းပေးလာရတော့မှာဖြစ်ပါတယ်။

လီဗာပူးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကအသက်၂၃နှစ်ရှိဒါဝင်နူနက်ဇ်ကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၈၅သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။

ပေါ်တူဂီသတင်းစာ A Bolaကလီဗာပူးဟာနူနက်ဇ်အတွက်ပေါင်၆၅သန်းကိုသာပေးခဲ့ရပြီးကျန်ငွေများကိုအပိုဆုကြေးအနေဖြင့်ပေးရမှာဖြစ်ကြောင်းဖော်ပြသွားပါတယ်။

ဘင်ဖီကာဟာဒါဝင်နူနက်ဇ်အတွက်ပထမဆုံးရရှိတဲ့အပိုဆုကြေးအဖြစ် မကြာမီရရှိလာတော့မှာဖြစ်ပါတယ်။ဘင်ဖီကာရဲ့ဒါဝင်နူနက်ဇ်အရောင်းစာချုပ်အတွက်လီဗာပူးအတွက်၁၀ပွဲကစားပြီးချိန်တွင်အပိုဆုကြေးပေါင်၄သန်းရမယ့်အချက်ကိုထည့်သွင်းထားတာဖြစ်ပါတယ်။

နူနက်ဇ်ဟာမနေ့ညတုန်းကရိန်းဂျားကို၇-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်လီဗာပူးအတွက်ပါဝင်ကစားခဲ့ပြီးတတိယဂိုးကိုသွင်းယူခဲ့ပါတယ်။

ပေါ်တူဂီထိပ်သီးကလပ်ဟာလီဗာပူးအတွက်ဒါဝင်နူနက်ဇ် ပွဲ၆၀ကစားပြီးချိန်တွင်နောက်ထပ်အပိုဆုကြေးအဖြစ်ပေါင်၈.၅သန်းရရှိလာဦးမှာဖြစ်ပါတယ်။

ကျန်အပိုဆုကြေးငွေများမှာလီဗာပူးရဲ့အောင်မြင်မှုနှင့်ဒါဝင်နူနက်ဇ်ရဲ့ခြေစွမ်းအပေါ်မူတည်ပြီးပေးရမယ့်အချက်များဖြစ်ပါတယ်။

ဒါဝင်နူနက်ဇ်ဟာလီဗာပူးအတွက်ပထမဆုံးကစားတဲ့၁၀ပွဲတွင်၄ဂိုးသွင်းကာ၂ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။

ZawGyi

ဒါဝင္ႏူနက္ဇ္အတြက္ ဘင္ဖီကာကို ေပါင္ ၄ သန္းေပးရမယ့္ လီဗာပူး

လီဗာပူးဟာမေန႔ညတုန္းကရိန္းဂ်ားကိုဂိုးဒါဇင္ဝက္ေက်ာ္သြင္းၿပီးအႏိုင္ယူတဲ့ပြဲမွာဒါဝင္ႏူနက္ဇ္ကိုအသုံးျပဳၿပီးေနာက္ဘင္ဖီကာကိုေပါင္၄သန္းေပးလာရေတာ့မွာျဖစ္ပါတယ္။

လီဗာပူးဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကအသက္၂၃ႏွစ္ရွိဒါဝင္ႏူနက္ဇ္ကိုကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၈၅သန္းျဖင့္ေခၚယူခဲ့ပါတယ္။

ေပၚတူဂီသတင္းစာ A Bolaကလီဗာပူးဟာႏူနက္ဇ္အတြက္ေပါင္၆၅သန္းကိုသာေပးခဲ့ရၿပီးက်န္ေငြမ်ားကိုအပိုဆုေၾကးအေနျဖင့္ေပးရမွာျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။

ဘင္ဖီကာဟာဒါဝင္ႏူနက္ဇ္အတြက္ပထမဆုံးရရွိတဲ့အပိုဆုေၾကးအျဖစ္ မၾကာမီရရွိလာေတာ့မွာျဖစ္ပါတယ္။ဘင္ဖီကာရဲ႕ဒါဝင္ႏူနက္ဇ္အေရာင္းစာခ်ဳပ္အတြက္လီဗာပူးအတြက္၁၀ပြဲကစားၿပီးခ်ိန္တြင္အပိုဆုေၾကးေပါင္၄သန္းရမယ့္အခ်က္ကိုထည့္သြင္းထားတာျဖစ္ပါတယ္။

ႏူနက္ဇ္ဟာမေန႔ညတုန္းကရိန္းဂ်ားကို၇-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္လီဗာပူးအတြက္ပါဝင္ကစားခဲ့ၿပီးတတိယဂိုးကိုသြင္းယူခဲ့ပါတယ္။

ေပၚတူဂီထိပ္သီးကလပ္ဟာလီဗာပူးအတြက္ဒါဝင္ႏူနက္ဇ္ ပြဲ၆၀ကစားၿပီးခ်ိန္တြင္ေနာက္ထပ္အပိုဆုေၾကးအျဖစ္ေပါင္၈.၅သန္းရရွိလာဦးမွာျဖစ္ပါတယ္။

က်န္အပိုဆုေၾကးေငြမ်ားမွာလီဗာပူးရဲ႕ေအာင္ျမင္မႈႏွင့္ဒါဝင္ႏူနက္ဇ္ရဲ႕ေျခစြမ္းအေပၚမူတည္ၿပီးေပးရမယ့္အခ်က္မ်ားျဖစ္ပါတယ္။

ဒါဝင္ႏူနက္ဇ္ဟာလီဗာပူးအတြက္ပထမဆုံးကစားတဲ့၁၀ပြဲတြင္၄ဂိုးသြင္းကာ၂ဂိုးဖန္တီးမႈျပဳလုပ္ထားႏိုင္ပါတယ္။