ဒိန်းမတ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မှ ဖြစ်ရပ်အတွက် အင်္ဂလန်ကို ယူအီးအက်ဖ်အေစွဲချက်တင်

ယူအီးအက်ဖ်အေဟာဗုဒ္ဓဟူးနေ့ညတုန်းကဒိန်းမတ်အားအနိုင်ရရှိတဲ့ယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်တွင်ဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ရဲ့မျက်နှာကို ပရိသတ်တစ်ဦးကလေဆာဖြင့်ထိုးမှုအတွက်အင်္ဂလန်ကိုစွဲချက်တင်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ကဝင်ဘာလေကွင်းပွဲစဉ်တွင်ဟယ်ရီကိန်းကစတာလင်းကြောင့်ရရှိတဲ့အငြင်းပွားဖွယ်ရာပင်နယ်တီအားကန်သွင်းရန်ပြင်ဆင်နေစဉ်ပရိသတ်တစ်ဦးကရှမိုက်ကယ်ရဲ့မျက်နှာကိုလေဆာဖြင့်ထိုးခဲ့တာဖြစ်ပါတယ်။

ရှမိုက်ကယ်ဟာအင်္ဂလန်ပရိသတ်ရဲ့လေဆာဖြင့်မျက်နှာထိုးခြင်းခံခဲ့ရပေမယ့်ဟယ်ရီကိန်းရဲ့ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပါတယ်။ဟယ်ရီကိန်းဟာရှမိုက်ကယ်ပုတ်ထုတ်လိုက်တဲ့ဘောလုံးကိုပြန်ပိတ်ကာအင်္ဂလန်အား၂-၁ဂိုးဖြင့်အနိုင်ရရှိကာဗိုလ်လုပွဲသို့တက်စေမယ့်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဒါ့အပြင်အင်္ဂလန်ဟာဒိန်းမတ်အသင်း နိုင်ငံတော်သီချင်းသီဆိုနေစဉ်အနှောက်အယှက်ပေးမှု၊မီးရှူးမီးပန်းမှုလွှတ်မှုတို့အတွက်လည်းစွဲချက်တင်ခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာလာမယ့်တနင်္ဂနွေနေ့မှာအီတလီအသင်းနှင့်ယူရို၂၀၂၀ဗိုလ်လုပွဲရင်ဆိုင်ကစားရပါမယ်။

ZawGyi

ဒိန္းမတ္ကို အႏိုင္ရရွိတဲ့ပြဲစဥ္မွ ျဖစ္ရပ္အတြက္ အဂၤလန္ကို ယူအီးအက္ဖ္ေအစြဲခ်က္တင္

ယူအီးအက္ဖ္ေအဟာဗုဒၶဟူးေန႔ညတုန္းကဒိန္းမတ္အားအႏိုင္ရရွိတဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္ပြဲစဥ္တြင္ဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ရဲ႕မ်က္ႏွာကို ပရိသတ္တစ္ဦးကေလဆာျဖင့္ထိုးမႈအတြက္အဂၤလန္ကိုစြဲခ်က္တင္လိုက္ပါတယ္။

ဗုဒၶဟူးေန႔ကဝင္ဘာေလကြင္းပြဲစဥ္တြင္ဟယ္ရီကိန္းကစတာလင္းေၾကာင့္ရရွိတဲ့အျငင္းပြားဖြယ္ရာပင္နယ္တီအားကန္သြင္းရန္ျပင္ဆင္ေနစဥ္ပရိသတ္တစ္ဦးကရွမိုက္ကယ္ရဲ႕မ်က္ႏွာကိုေလဆာျဖင့္ထိုးခဲ့တာျဖစ္ပါတယ္။

ရွမိုက္ကယ္ဟာအဂၤလန္ပရိသတ္ရဲ႕ေလဆာျဖင့္မ်က္ႏွာထိုးျခင္းခံခဲ့ရေပမယ့္ဟယ္ရီကိန္းရဲ႕ပင္နယ္တီကိုကာကြယ္ႏိုင္ခဲ့ပါတယ္။ဟယ္ရီကိန္းဟာရွမိုက္ကယ္ပုတ္ထုတ္လိုက္တဲ့ေဘာလုံးကိုျပန္ပိတ္ကာအဂၤလန္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိကာဗိုလ္လုပြဲသို႔တက္ေစမယ့္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဒါ့အျပင္အဂၤလန္ဟာဒိန္းမတ္အသင္း ႏိုင္ငံေတာ္သီခ်င္းသီဆိုေနစဥ္အေႏွာက္အယွက္ေပးမႈ၊မီးရႉးမီးပန္းမႈလႊတ္မႈတို႔အတြက္လည္းစြဲခ်က္တင္ျခင္းခံခဲ့ရပါတယ္။

အဂၤလန္အသင္းဟာလာမယ့္တနဂၤေႏြေန႔မွာအီတလီအသင္းႏွင့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲရင္ဆိုင္ကစားရပါမယ္။