ဒိန်းမတ်နှင့်ပွဲတွင် ရောဘတ်ဆင်ဒဏ်ရာရရှိမှုနဲ့အတူ အာဆင်နယ်နှင့်ပွဲအတွက် လီဗာပူးရဲ့ဒဏ်ရာပြဿနာကြီးမားလာ

လီဗာပူးဟာစနေနေ့တွင်အာဆင်နယ်နှင့်ရင်ဆိုင်ရမယ့်ပရီးမီးယားလိဂ်ပွဲကြပ်မတိုင်မီနောက်ထပ်ဒဏ်ရာပြဿနာတစ်ခုနှင့်ရင်ဆိုင်လာရပြန်ပါတယ်။ဒိန်းမတ်ကိုစကော့တလန်က၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဘယ်နောက်ခံလူအင်ဒီရောဘတ်ဆင်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

အသက်၂၇နှစ်ရှိစကော့တလန်အသင်းခေါင်းဆောင်ဟာဟမ်ဒမ်းပါ့ခ်မှာဒိန်းမတ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပွဲထွက်ကစားခဲ့ပြီးယင်းနိုင်ပွဲကြောင့်စတိဗ်ကလပ်ခ်ရဲ့အသင်းဟာခြောက်ပွဲဆက်နိုင်ပွဲရရှိခဲ့ပါတယ်။

ဒါပေမယ့်အင်ဒီရောဘတ်ဆင်ဟာယင်းပွဲစဉ်မှာပွဲချိန်၇၉မိနစ်မှာတံကောက်ကြောဒဏ်ရာရရှိကာစကော့မက်ကန်နာနှင့်လူစားလဲခဲ့ရပြီးကွင်းအတွင်းသို့ထော့နင်းထော့နင်းဖြင့်ထွက်ခွာခဲ့ရပါတယ်။

တကယ်လို့များရောဘတ်ဆင်ရဲ့ဒဏ်ရာသာပြင်းထန်ပါကလီဗာပူးနည်းပြကလော့ပ်ဟာအာဆင်နယ်နှင့်ပွဲစဉ်မှာဂရိနောက်ခံလူဆီမီကစ်(သို့မဟုတ်)ဂျိမ်းစ်မီလ်နာကိုအသုံးပြုလာရဖို့ရှိပါတယ်။

ကလော့ပ်ရဲ့လီဗာပူးဟာနိုင်ငံတကာပွဲမတိုင်မီတုန်းကဝက်စ်ဟမ်းကို၃-၂ဖြင့်ရှုံးနိမ့်ထားရာနှစ်ပွဲဆက်မရှုံးရေးကြိုးပမ်းရပါမယ်။ဒါ့အပြင်တကယ်လို့များရှုံးနိမ့်ပါကလီဗာပူးဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာအာတီတာရဲ့အာဆင်နယ်ရဲ့ကျော်တက်ခြင်းခံရပါမယ်။

လီဗာပူးရဲ့အဓိကကစားသမားများဖြစ်ကြတဲ့ကွင်းလယ်ကစားသမားဟင်ဒါဆင်မှာလည်းအင်္ဂလန်အတွက်ကစားစဉ်ဒဏ်ရာရရှိခဲ့သလိုဆာဒိုင်ယိုမာနေးလ်မှာလည်းဆီနီဂေါအတွက်ကစားစဉ်ဒဏ်ရာအသီးသီးရရှိခဲ့ကာအာဆင်နယ်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေပါတယ်။တိုက်စစ်မှူးဖာမီနိုမှာတံကောက်ကြောဒဏ်ရာကြောင့်လေးပတ်ကြာအနားယူနေရရာအာဆင်နယ်နှင့်ပွဲကိုသေချာပေါက်လွဲပါမယ်။

ZawGyi

ဒိန္းမတ္ႏွင့္ပြဲတြင္ ေရာဘတ္ဆင္ဒဏ္ရာရရွိမႈနဲ႔အတူ အာဆင္နယ္ႏွင့္ပြဲအတြက္ လီဗာပူးရဲ႕ဒဏ္ရာျပႆနာႀကီးမားလာ

လီဗာပူးဟာစေနေန႔တြင္အာဆင္နယ္ႏွင့္ရင္ဆိုင္ရမယ့္ပရီးမီးယားလိဂ္ပြဲၾကပ္မတိုင္မီေနာက္ထပ္ဒဏ္ရာျပႆနာတစ္ခုႏွင့္ရင္ဆိုင္လာရျပန္ပါတယ္။ဒိန္းမတ္ကိုစေကာ့တလန္က၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဘယ္ေနာက္ခံလူအင္ဒီေရာဘတ္ဆင္ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

အသက္၂၇ႏွစ္ရွိစေကာ့တလန္အသင္းေခါင္းေဆာင္ဟာဟမ္ဒမ္းပါ့ခ္မွာဒိန္းမတ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပြဲထြက္ကစားခဲ့ၿပီးယင္းႏိုင္ပြဲေၾကာင့္စတိဗ္ကလပ္ခ္ရဲ႕အသင္းဟာေျခာက္ပြဲဆက္ႏိုင္ပြဲရရွိခဲ့ပါတယ္။

ဒါေပမယ့္အင္ဒီေရာဘတ္ဆင္ဟာယင္းပြဲစဥ္မွာပြဲခ်ိန္၇၉မိနစ္မွာတံေကာက္ေၾကာဒဏ္ရာရရွိကာစေကာ့မက္ကန္နာႏွင့္လူစားလဲခဲ့ရၿပီးကြင္းအတြင္းသို႔ေထာ့နင္းေထာ့နင္းျဖင့္ထြက္ခြာခဲ့ရပါတယ္။

တကယ္လို႔မ်ားေရာဘတ္ဆင္ရဲ႕ဒဏ္ရာသာျပင္းထန္ပါကလီဗာပူးနည္းျပကေလာ့ပ္ဟာအာဆင္နယ္ႏွင့္ပြဲစဥ္မွာဂရိေနာက္ခံလူဆီမီကစ္(သို႔မဟုတ္)ဂ်ိမ္းစ္မီလ္နာကိုအသုံးျပဳလာရဖို႔ရွိပါတယ္။

ကေလာ့ပ္ရဲ႕လီဗာပူးဟာႏိုင္ငံတကာပြဲမတိုင္မီတုန္းကဝက္စ္ဟမ္းကို၃-၂ျဖင့္ရႈံးနိမ့္ထားရာႏွစ္ပြဲဆက္မရႈံးေရးႀကိဳးပမ္းရပါမယ္။ဒါ့အျပင္တကယ္လို႔မ်ားရႈံးနိမ့္ပါကလီဗာပူးဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာအာတီတာရဲ႕အာဆင္နယ္ရဲ႕ေက်ာ္တက္ျခင္းခံရပါမယ္။

လီဗာပူးရဲ႕အဓိကကစားသမားမ်ားျဖစ္ၾကတဲ့ကြင္းလယ္ကစားသမားဟင္ဒါဆင္မွာလည္းအဂၤလန္အတြက္ကစားစဥ္ဒဏ္ရာရရွိခဲ့သလိုဆာဒိုင္ယိုမာေနးလ္မွာလည္းဆီနီေဂါအတြက္ကစားစဥ္ဒဏ္ရာအသီးသီးရရွိခဲ့ကာအာဆင္နယ္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနပါတယ္။တိုက္စစ္မႉးဖာမီႏိုမွာတံေကာက္ေၾကာဒဏ္ရာေၾကာင့္ေလးပတ္ၾကာအနားယူေနရရာအာဆင္နယ္ႏွင့္ပြဲကိုေသခ်ာေပါက္လြဲပါမယ္။