ဒိန်းမတ်နှင့်ပွဲမှ အင်္ဂလန်ရဲ့အငြင်းပွားစရာပင်နယ်တီအပေါ် အာစင်ဝင်းဂါးပြောကြားလာ

အာစင်ဝင်းဂါးဟာမနေ့ညတုန်းကဒိန်းမတ်နှင့်ယူရို၂၀၂၀ဆီမီးပွဲစဉ်တွင်အင်္ဂလန်အသင်းရရှိခဲ့တဲ့အငြင်းပွားဖွယ်ရာပင်နယ်တီနှင့်ပတ်သက်ပြီးပြောကြားလာပါတယ်။

အင်္ဂလန်ဟာမနေ့ညတုန်းကဒိန်းမတ်နှင့်ပွဲတွင်ပွဲချိန်အတွင်း၁ဂိုးစီသရေကျနေမှုကြောင့်အချိန်ပိုကစားခဲ့ရပါတယ်။အချိန်ပိုမှာစတာလင်းကြောင့်ပင်နယ်တီရရှိခဲ့ပါတယ်။

အနှေးပြကွက်များအရမန်စီးတီးတောင်ပံကစားသမားစတာလင်းဟာဒိန်းမတ်ကစားသမားနဲ့အနည်းငယ်မျှသာထိတွေ့မှုရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ဒိုင်လူကြီးဒန်နီမက်ကီလီကပင်နယ်တီပေးခဲ့ပါတယ်။

ယင်းပင်နယ်တီကိုအင်္ဂလန်အသင်းခေါင်းဆောင်ကကန်ခဲ့ရာမှာဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ကာကွယ်နိုင်ခဲ့ပေမယ့်အံထွက်လာတဲ့ဘောလုံးကိုပိတ်သွင်းပြီးအင်္ဂလန်က၂-၁ဂိုးဖြင့်အနိုင်ရရှိကာဗိုလ်လုပွဲသို့တက်ခဲ့ပါတယ်။

ပွဲအပြီးတွင်အင်္ဂလန်ရရှိခဲ့တဲ့အငြင်းပွားဖွယ်ပင်နယ်တီနှင့်ပတ်သက်ပြီးလူပြောလျက်ရှိပါတယ်။အာဆင်နယ်ဂန္ထဝင်နည်းပြဝင်းဂါးကဒိုင်လူကြီးရဲ့ပင်နယ်တီဆုံးဖြတ်မှုတွင် VAR ပါဝင်လာခြင်းမရှိမှုအပေါ်မေးခွန်းထုတ်ခဲ့ပါတယ်။

ဝင်းဂါးက “ပင်နယ်တီမဟုတ်ပါဘူး။ဒီလိုအခြေအနေမျိုးမှာဘာကြောင့် VAR မပါဝင်လာတာလဲနားမလည်နိုင်အောင်ဖြစ်ရတယ်။ဒိုင်လူကြီးကကောဘာကြောင့်ကြောင့် VAR နဲ့မစစ်ရသလဲ။ဒီလိုအခြေအနေမျိုးမှာဒိုင်လူကြီးအနေနဲ့သေချာပေါက်လုပ်သင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်အင်္ဂလန်ပရိသတ်တစ်ဦးဟာဟယ်ရီကိန်းကပင်နယ်တီမကန်သွင်းမီ ဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ကိုလေဆာဖြင့်မျက်နှာကိုထိုးကာအနှောက်အယှက်ပေးခဲ့ကြောင်းလည်းတွေ့ရပါတယ်။

အင်္ဂလန်ဟာလာမယ့်တနင်္ဂနွေနေ့မှာရောဘတ်တိုမန်စီနီရဲ့အီတလီအသင်းနှင့်ဗိုလ်လုပွဲရင်ဆိုင်ကစားရပါမယ်။

ZawGyi

ဒိန္းမတ္ႏွင့္ပြဲမွ အဂၤလန္ရဲ႕အျငင္းပြားစရာပင္နယ္တီအေပၚ အာစင္ဝင္းဂါးေျပာၾကားလာ

အာစင္ဝင္းဂါးဟာမေန႔ညတုန္းကဒိန္းမတ္ႏွင့္ယူ႐ို၂၀၂၀ဆီမီးပြဲစဥ္တြင္အဂၤလန္အသင္းရရွိခဲ့တဲ့အျငင္းပြားဖြယ္ရာပင္နယ္တီႏွင့္ပတ္သက္ၿပီးေျပာၾကားလာပါတယ္။

အဂၤလန္ဟာမေန႔ညတုန္းကဒိန္းမတ္ႏွင့္ပြဲတြင္ပြဲခ်ိန္အတြင္း၁ဂိုးစီသေရက်ေနမႈေၾကာင့္အခ်ိန္ပိုကစားခဲ့ရပါတယ္။အခ်ိန္ပိုမွာစတာလင္းေၾကာင့္ပင္နယ္တီရရွိခဲ့ပါတယ္။

အေႏွးျပကြက္မ်ားအရမန္စီးတီးေတာင္ပံကစားသမားစတာလင္းဟာဒိန္းမတ္ကစားသမားနဲ႔အနည္းငယ္မွ်သာထိေတြ႕မႈရွိခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ဒိုင္လူႀကီးဒန္နီမက္ကီလီကပင္နယ္တီေပးခဲ့ပါတယ္။

ယင္းပင္နယ္တီကိုအဂၤလန္အသင္းေခါင္းေဆာင္ကကန္ခဲ့ရာမွာဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ကာကြယ္ႏိုင္ခဲ့ေပမယ့္အံထြက္လာတဲ့ေဘာလုံးကိုပိတ္သြင္းၿပီးအဂၤလန္က၂-၁ဂိုးျဖင့္အႏိုင္ရရွိကာဗိုလ္လုပြဲသို႔တက္ခဲ့ပါတယ္။

ပြဲအၿပီးတြင္အဂၤလန္ရရွိခဲ့တဲ့အျငင္းပြားဖြယ္ပင္နယ္တီႏွင့္ပတ္သက္ၿပီးလူေျပာလ်က္ရွိပါတယ္။အာဆင္နယ္ဂႏၴဝင္နည္းျပဝင္းဂါးကဒိုင္လူႀကီးရဲ႕ပင္နယ္တီဆုံးျဖတ္မႈတြင္ VAR ပါဝင္လာျခင္းမရွိမႈအေပၚေမးခြန္းထုတ္ခဲ့ပါတယ္။

ဝင္းဂါးက “ပင္နယ္တီမဟုတ္ပါဘူး။ဒီလိုအေျခအေနမ်ိဳးမွာဘာေၾကာင့္ VAR မပါဝင္လာတာလဲနားမလည္ႏိုင္ေအာင္ျဖစ္ရတယ္။ဒိုင္လူႀကီးကေကာဘာေၾကာင့္ေၾကာင့္ VAR နဲ႔မစစ္ရသလဲ။ဒီလိုအေျခအေနမ်ိဳးမွာဒိုင္လူႀကီးအေနနဲ႔ေသခ်ာေပါက္လုပ္သင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္အဂၤလန္ပရိသတ္တစ္ဦးဟာဟယ္ရီကိန္းကပင္နယ္တီမကန္သြင္းမီ ဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ကိုေလဆာျဖင့္မ်က္ႏွာကိုထိုးကာအေႏွာက္အယွက္ေပးခဲ့ေၾကာင္းလည္းေတြ႕ရပါတယ္။

အဂၤလန္ဟာလာမယ့္တနဂၤေႏြေန႔မွာေရာဘတ္တိုမန္စီနီရဲ႕အီတလီအသင္းႏွင့္ဗိုလ္လုပြဲရင္ဆိုင္ကစားရပါမယ္။