ဒိုင်ကိုရန်မူခဲ့တဲ့အင်တာမီလန်နည်းပြကွန်တီပွဲဘယ်လောက်အပယ်ခံရနိုင်လဲ?

အင်တာမီလန်နည်းပြအန်တိုနီယိုကွန်တီဟာဥမင်လှိုဏ်ခေါင်းအတွင်းမှာဒိုင်လူကြီးဖေဘီယိုမာရက်စ်ကာအားကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုအတွက်ပွဲများစွာပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖို့သေချာနေပြီဖြစ်ပါတယ်။

စနေနေ့တုန်းကအူဒီးနီးစ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာအင်တာမီလန်မှနည်းပြအန်တိုနီယိုကွန်တီနှင့်အားကစားဒါရိုက်တာအိုရီရယ်လာတို့အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ကွန်တီဟာနာကျင်အချိန်ပို၄မိနစ်တည်းသာပေးမှုအပေါ်စောဒကတက်ရာမှာဒိုင်လူကြီးမာရက်စ်ရဲ့အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်ကွန်တီနှင့်ဒိုင်လူကြီးမာရက်စ်ကာတို့ရဲ့ပြသနာမှာကွင်းအတွင်းမပြီးဆုံးသေးဘဲဥမင်လှိုဏ်ခေါင်းအတွင်း ဆက်လက်ပြဿနာဖြစ်ခဲ့ကြပါတယ်။

အီတလီမီဒီယာများရဲ့ဖော်ပြချက်အရကွန်တီနှင့်မာရက်စ်ကာတို့ဟာဉမင်လှိုဏ်ခေါင်းအတွင်းတွင်ကိုယ်ထိလက် ရောက်ရန်ဖြစ်ခဲ့ပြီးအင်တာကစားသမားအချို့တို့ကအင်တာနည်းပြကိုဆွဲခေါ်သွားခဲ့ကြကြောင်းသိရပါတယ်။

အထက်ပါဖြစ်ရပ်ကြောင့်ကွန်တီမှာအနည်းဆုံး ၁ပွဲပယ်နှင့်အထက်ပြစ်ဒဏ်ကျခံရဖို့ရှိနေကြောင်းရေးသားနေကြပါတယ်။

ဒါပေမယ့်စည်းမျဉ်း (၁၉)ဟာအသင်းအဖွဲ့ဝင်တစ်ဦးဦးကကိုယ်ထိလက်ရောက်ကျူးလွန်မှုပြုလုပ်ပါက၄ပွဲထက် မနည်းတဲ့ ပြစ်ဒဏ်ချမှတ်ရမယ်လို့ဆိုထားပါတယ်။

ဒါကြောင့်ကွန်တီဟာဒိုင်လူကြီးမာရက်စ်ကာနှင့်ဖြစ်ပျက်ခဲ့တဲ့ပြဿနာကြောင့်အနည်းဆုံး၄ပွဲပြစ်ဒဏ်ချမှတ်ခံရဖို့ သေချာသလောက်ရှိနေပါတယ်။

ZawGyi

ဒိုင္ကိုရန္မူခဲ့တဲ့အင္တာမီလန္နည္းျပကြန္တီပြဲဘယ္ေလာက္အပယ္ခံရႏိုင္လဲ?

အင္တာမီလန္နည္းျပအန္တိုနီယိုကြန္တီဟာဥမင္လႈိဏ္ေခါင္းအတြင္းမွာဒိုင္လူႀကီးေဖဘီယိုမာရက္စ္ကာအားကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့မႈအတြက္ပြဲမ်ားစြာပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။

စေနေန႔တုန္းကအူဒီးနီးစ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္မွာအင္တာမီလန္မွနည္းျပအန္တိုနီယိုကြန္တီႏွင့္အားကစားဒါ႐ိုက္တာအိုရီရယ္လာတို႔အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ကြန္တီဟာနာက်င္အခ်ိန္ပို၄မိနစ္တည္းသာေပးမႈအေပၚေစာဒကတက္ရာမွာဒိုင္လူႀကီးမာရက္စ္ရဲ႕အနီကတ္ျပ ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ကြန္တီႏွင့္ဒိုင္လူႀကီးမာရက္စ္ကာတို႔ရဲ႕ျပသနာမွာကြင္းအတြင္းမၿပီးဆုံးေသးဘဲဥမင္လႈိဏ္ေခါင္းအတြင္း ဆက္လက္ျပႆနာျဖစ္ခဲ့ၾကပါတယ္။

အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရကြန္တီႏွင့္မာရက္စ္ကာတို႔ဟာဉမင္လႈိဏ္ေခါင္းအတြင္းတြင္ကိုယ္ထိလက္ ေရာက္ရန္ျဖစ္ခဲ့ၿပီးအင္တာကစားသမားအခ်ိဳ႕တို႔ကအင္တာနည္းျပကိုဆြဲေခၚသြားခဲ့ၾကေၾကာင္းသိရပါတယ္။

အထက္ပါျဖစ္ရပ္ေၾကာင့္ကြန္တီမွာအနည္းဆုံး ၁ပြဲပယ္ႏွင့္အထက္ျပစ္ဒဏ္က်ခံရဖို႔ရွိေနေၾကာင္းေရးသားေနၾက ပါတယ္။

ဒါေပမယ့္စည္းမ်ဥ္း (၁၉)ဟာအသင္းအဖြဲ႕ဝင္တစ္ဦးဦးကကိုယ္ထိလက္ေရာက္က်ဴးလြန္မႈျပဳလုပ္ပါက၄ပြဲထက္ မနည္းတဲ့ ျပစ္ဒဏ္ခ်မွတ္ရမယ္လို႔ဆိုထားပါတယ္။

ဒါေၾကာင့္ကြန္တီဟာဒိုင္လူႀကီးမာရက္စ္ကာႏွင့္ျဖစ္ပ်က္ခဲ့တဲ့ျပႆနာေၾကာင့္အနည္းဆုံး၄ပြဲျပစ္ဒဏ္ခ်မွတ္ခံရဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။