ဒိုင်ကို တွန်းမှု၊ပြိုင်ဘက်နောက်စေ့ကိုရိုက်မှုကြောင့် အတ္တလန္တာရဲ့ဒီရွန်း လေးပွဲပယ်ခံရ

အတ္တလန္တာအလယ်တန်းကစားသမားမာတင်ဒီရွန်းဟာတနင်္ဂနွေနေ့တုန်းကအေစီမီလန်အားရှုံးနိမ့်တဲ့ပွဲစဉ်မှအနီကတ်အတွက်လေးပွဲပယ်ပြစ်ဒဏ်နှင့်ယူရို၁၀၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

အသက်၃၀နှစ်ရှိဒတ်ချ်အလယ်တန်းကစားသမားဟာအေစီမိလန်ဘက်သို့ဒုတိယပင်နယ်တီပေးလိုက်ရမှုအပေါ်အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

သူဟာအေစီမီလန်အား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာပြိုင်ဘက်ကစားသမားရဲ့နောက်စေ့ကိုရိုက်ခဲ့သလိုအချိန်ပိုတွင်ဒိုင်လူကြီးတွန်းမှုပြုလုပ်ခဲ့ပါတယ်။

နယ်သာလန်လက်ရွေးစင်ဟာယခုရာသီမှာစီးရီးအေပွဲ၃၅ပွဲကစားထားသူဖြစ်ပြီးလာမယ့်ဘောလုံးရာသီအစစီးရီးအေပွဲလေးပွဲကိုလွဲချော်ပါမယ်။

ZawGyi

ဒိုင္ကို တြန္းမႈ၊ၿပိဳင္ဘက္ေနာက္ေစ့ကို႐ိုက္မႈေၾကာင့္ အတၱလႏၲာရဲ႕ဒီ႐ြန္း ေလးပြဲပယ္ခံရ

အတၱလႏၲာအလယ္တန္းကစားသမားမာတင္ဒီ႐ြန္းဟာတနဂၤေႏြေန႔တုန္းကေအစီမီလန္အားရႈံးနိမ့္တဲ့ပြဲစဥ္မွအနီကတ္အတြက္ေလးပြဲပယ္ျပစ္ဒဏ္ႏွင့္ယူ႐ို၁၀၀၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

အသက္၃၀ႏွစ္ရွိဒတ္ခ်္အလယ္တန္းကစားသမားဟာေအစီမိလန္ဘက္သို႔ဒုတိယပင္နယ္တီေပးလိုက္ရမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ခဲ့ပါတယ္။

သူဟာေအစီမီလန္အား၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာၿပိဳင္ဘက္ကစားသမားရဲ႕ေနာက္ေစ့ကို႐ိုက္ခဲ့သလိုအခ်ိန္ပိုတြင္ဒိုင္လူႀကီးတြန္းမႈျပဳလုပ္ခဲ့ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္ဟာယခုရာသီမွာစီးရီးေအပြဲ၃၅ပြဲကစားထားသူျဖစ္ၿပီးလာမယ့္ေဘာလုံးရာသီအစစီးရီးေအပြဲေလးပြဲကိုလြဲေခ်ာ္ပါမယ္။