ဒိုင်နမိုဇာဂရက်တောင်ပံကစားသမားအော်ဆစ်ကို ပေါင် ၇ သန်းဖြင့် ခေါ်ယူရန် ဘန်လေသဘောတူညီမှုရရှိ

ဘန်လေဟာဒိုင်နမိုဇာဂရက်တောင်ပံကစားသမားမီဆလပ်ဗ်အော်ဆစ်ကို ပြောင်းရွှေ့ကြေးပေါင်၇သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

ဘန်လေဟာနယူးကာဆယ်သို့ပြောင်းရွှေ့ကြေးပေါင်၂၅သန်းဖြင့်ရောင်းချလိုက်တဲ့ခရစ်ဝုဒ်ရဲ့နေရာတွင် ခရိုအေးရှားစတားနှင့်အစားထိုးရန်ကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။

အသက်၂၉နှစ်ရှိအော်ဆစ်ဟာဘယ်တောင်ပံကစားသမားတစ်ဦးဖြစ်ပေမဲ့ အလယ်တန်းတွင်လည်းကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။သူဟာ၂၀၁၈ခုနှစ်ကတည်းကဒိုင်နမိုဇာဂရက်တွင်ကစားလာသူဖြစ်ပါတယ်။

ဘန်လေနည်းပြရှောင်ဒိုင်ချီဟာပရီးမီးယားလိဂ်မှတန်းမဆင်းရရေးတိုက်ပွဲဝင်ရန်ဇန်နဝါရီတွင်ကစားသမားခေါ်ယူအားဖြည့်မှုများပြုလုပ်ရန် ကြိုးပမ်းနေပြီးဂျူဗင်တပ်မှဝေးလ်ကွင်းလယ်လူရမ်ဆေးကိုလည်းအငှားဖြင့်ခေါ်ယူလိုနေပါတယ်။ဒါပေမဲ့ရမ်ဆေးရဲ့တစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀ကြောင့်အခက်တွေ့နေရပါတယ်။

ယခုဘန်လေတို့ခေါ်ယူဖို့သဘောတူညီမှုရရှိသွားတဲ့အော်ဆစ်ဟာဒိုင်နမိုဇာဂရက်အတွက်၁၆၈ပွဲကစားထားရာမှာ၆၇ဂိုးအထိသွင်းယူထားသူဖြစ်ပါတယ်။သူဟာဝက်စ်ဟမ်းနှင့်ယူရိုပါလိဂ်ပွဲတွင်အနိုင်ဂိုးသွင်းပြီးဒိုင်နမိုဇာဂရက်ကို ရှုံးထွက်အဆင့်သို့ပို့ဆောင်ပေးထားသူလည်းဖြစ်ပါတယ်။

ZawGyi

ဒိုင္နမိုဇာဂရက္ေတာင္ပံကစားသမားေအာ္ဆစ္ကို ေပါင္ ၇ သန္းျဖင့္ ေခၚယူရန္ ဘန္ေလသေဘာတူညီမႈရရွိ

ဘန္ေလဟာဒိုင္နမိုဇာဂရက္ေတာင္ပံကစားသမားမီဆလပ္ဗ္ေအာ္ဆစ္ကို ေျပာင္းေ႐ႊ႕ေၾကးေပါင္၇သန္းျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ဘန္ေလဟာနယူးကာဆယ္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၅သန္းျဖင့္ေရာင္းခ်လိုက္တဲ့ခရစ္ဝုဒ္ရဲ႕ေနရာတြင္ ခ႐ိုေအးရွားစတားႏွင့္အစားထိုးရန္ႀကိဳးပမ္းလာတာလည္းျဖစ္ပါတယ္။

အသက္၂၉ႏွစ္ရွိေအာ္ဆစ္ဟာဘယ္ေတာင္ပံကစားသမားတစ္ဦးျဖစ္ေပမဲ့ အလယ္တန္းတြင္လည္းကစားႏိုင္စြမ္းရွိသူျဖစ္ပါတယ္။သူဟာ၂၀၁၈ခုႏွစ္ကတည္းကဒိုင္နမိုဇာဂရက္တြင္ကစားလာသူျဖစ္ပါတယ္။

ဘန္ေလနည္းျပေရွာင္ဒိုင္ခ်ီဟာပရီးမီးယားလိဂ္မွတန္းမဆင္းရေရးတိုက္ပြဲဝင္ရန္ဇန္နဝါရီတြင္ကစားသမားေခၚယူအားျဖည့္မႈမ်ားျပဳလုပ္ရန္ ႀကိဳးပမ္းေနၿပီးဂ်ဴဗင္တပ္မွေဝးလ္ကြင္းလယ္လူရမ္ေဆးကိုလည္းအငွားျဖင့္ေခၚယူလိုေနပါတယ္။ဒါေပမဲ့ရမ္ေဆးရဲ႕တစ္ပတ္လုပ္ခေပါင္၄၀၀၀၀၀ေၾကာင့္အခက္ေတြ႕ေနရပါတယ္။

ယခုဘန္ေလတို႔ေခၚယူဖို႔သေဘာတူညီမႈရရွိသြားတဲ့ေအာ္ဆစ္ဟာဒိုင္နမိုဇာဂရက္အတြက္၁၆၈ပြဲကစားထားရာမွာ၆၇ဂိုးအထိသြင္းယူထားသူျဖစ္ပါတယ္။သူဟာဝက္စ္ဟမ္းႏွင့္ယူ႐ိုပါလိဂ္ပြဲတြင္အႏိုင္ဂိုးသြင္းၿပီးဒိုင္နမိုဇာဂရက္ကို ရႈံးထြက္အဆင့္သို႔ပို႔ေဆာင္ေပးထားသူလည္းျဖစ္ပါတယ္။