ဒိုင်နမိုဇာဂရက်ပရိသတ် ၁၀ ဦးကို တစ်ဦးတည်းခံချခဲ့တဲ့ ဝက်စ်ဟမ်းပရိသတ်

ဝက်စ်ဟမ်းပရိသတ်အုပ်စုတစ်ခုဟာကြားရက်တုန်းကဇာဂရက်တွင်ကစားတဲ့ယူရိုပါလိဂ်ပွဲစဉ်အပြီးတွင်ဘားတစ်ခုတွင်ဒိုင်နမိုဇာဂရက်ဆိုးသွမ်းပရိသတ်များရဲ့တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။

ဝက်စ်ဟမ်းပရိသတ်များဟာ၂၂နှစ်အတွင်းပထမဆုံးဥရောပပွဲအဖြစ်ဇာဂရက်သို့သွားရောက်ကာပွဲကြည့်ခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်တွင်ဝက်စ်ဟမ်းဟာအန်တိုနီယို၊ဒက်လန်းရိုက်စ်တို့ရဲ့ဂိုးဖြင့်ဒိုင်နမိုဇာဂရက်အား၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ကာခရီးထွက်ကာပွဲလာကြည့်တဲ့ဝက်စ်ဟမ်းပရိသတ်များအတွက်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

ပွဲအပြီးတွင်ဝက်စ်ဟမ်းပရိသတ်များဟာအိုင်းရစ်ဘားတစ်ခုတွင်အောင်ပွဲခံခဲ့ကြပါတယ်။ဒါပေမယ့်၎င်းတို့ဟာဒိုင်နမိုပရိသတ်များရဲ့ချောင်းမြောင်းတိုက်ခိုက်မှုများကြုံခဲ့ရပါတယ်။

ဒိုင်နမိုပရိသတ်များဟာအင်္ကျီအနက်ဝတ်ဆင်ပြီးမျက်နှာဖုံးဝတ်ဆင်ကာဆိုင်အတွင်းသို့ဝင်ရောက်ပြီးတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဝက်စ်ဟမ်းပရိသတ်များနှင့်ဒိုင်နမိုပရိသတ်များဟာပုလင်းများ၊ခုံများကိုအပြန်အလှန်ပစ်ပေါက်မှုဖြစ်ခဲ့ပါတယ်။ဒိုင်နမိုပရိသတ်များဟာတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဆိုင်အပြင်သို့ထွက်ကာထွက်ပြေးရန်ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့်ပရိသတ်တစ်ဦးဟာဆိုင်အပြင်သို့ထွက်ပြေးတဲ့ဒိုင်နမိုပရိသတ်များရဲ့နောက်သို့အပြေးလိုက်ကာတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဒိုင်နမိုဇာဂရက်နှင့်ဝက်စ်ဟမ်းတို့ပွဲမတိုင်မီဝက်စ်ဟမ်းပရိသတ်အုပ်စုတစ်ခုဟာခရိုအေးရှားပရိသတ်နှစ်ဦးကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်လက်စတာနှင့်နာပိုလီတို့နှစ်ဂိုးစီသရေကျတဲ့ယူရိုပါလိဂ်ပွဲစဉ်အပြီးတွင်လည်းနှစ်ဖက်ပရိသတ်များဟာကွင်းအတွင်းတွင်ရန်ဖြစ်ခဲ့ပြီးနာပိုလီပရိသတ်၁၀ဦးဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ZawGyi

ဒိုင္နမိုဇာဂရက္ပရိသတ္ ၁၀ ဦးကို တစ္ဦးတည္းခံခ်ခဲ့တဲ့ ဝက္စ္ဟမ္းပရိသတ္

ဝက္စ္ဟမ္းပရိသတ္အုပ္စုတစ္ခုဟာၾကားရက္တုန္းကဇာဂရက္တြင္ကစားတဲ့ယူ႐ိုပါလိဂ္ပြဲစဥ္အၿပီးတြင္ဘားတစ္ခုတြင္ဒိုင္နမိုဇာဂရက္ဆိုးသြမ္းပရိသတ္မ်ားရဲ႕တိုက္ခိုက္ျခင္းခံခဲ့ရပါတယ္။

ဝက္စ္ဟမ္းပရိသတ္မ်ားဟာ၂၂ႏွစ္အတြင္းပထမဆုံးဥေရာပပြဲအျဖစ္ဇာဂရက္သို႔သြားေရာက္ကာပြဲၾကည့္ခဲ့ၾကပါတယ္။

အဆိုပါပြဲစဥ္တြင္ဝက္စ္ဟမ္းဟာအန္တိုနီယို၊ဒက္လန္း႐ိုက္စ္တို႔ရဲ႕ဂိုးျဖင့္ဒိုင္နမိုဇာဂရက္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ကာခရီးထြက္ကာပြဲလာၾကည့္တဲ့ဝက္စ္ဟမ္းပရိသတ္မ်ားအတြက္ေက်နပ္စရာျဖစ္ခဲ့ပါတယ္။

ပြဲအၿပီးတြင္ဝက္စ္ဟမ္းပရိသတ္မ်ားဟာအိုင္းရစ္ဘားတစ္ခုတြင္ေအာင္ပြဲခံခဲ့ၾကပါတယ္။ဒါေပမယ့္၎တို႔ဟာဒိုင္နမိုပရိသတ္မ်ားရဲ႕ေခ်ာင္းေျမာင္းတိုက္ခိုက္မႈမ်ားႀကဳံခဲ့ရပါတယ္။

ဒိုင္နမိုပရိသတ္မ်ားဟာအက်ႌအနက္ဝတ္ဆင္ၿပီးမ်က္ႏွာဖုံးဝတ္ဆင္ကာဆိုင္အတြင္းသို႔ဝင္ေရာက္ၿပီးတိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

ဝက္စ္ဟမ္းပရိသတ္မ်ားႏွင့္ဒိုင္နမိုပရိသတ္မ်ားဟာပုလင္းမ်ား၊ခုံမ်ားကိုအျပန္အလွန္ပစ္ေပါက္မႈျဖစ္ခဲ့ပါတယ္။ဒိုင္နမိုပရိသတ္မ်ားဟာတိုက္ခိုက္မႈျပဳလုပ္ၿပီးေနာက္ဆိုင္အျပင္သို႔ထြက္ကာထြက္ေျပးရန္ႀကိဳးပမ္းခဲ့ပါတယ္။

ဒါေပမယ့္ပရိသတ္တစ္ဦးဟာဆိုင္အျပင္သို႔ထြက္ေျပးတဲ့ဒိုင္နမိုပရိသတ္မ်ားရဲ႕ေနာက္သို႔အေျပးလိုက္ကာတိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

ဒိုင္နမိုဇာဂရက္ႏွင့္ဝက္စ္ဟမ္းတို႔ပြဲမတိုင္မီဝက္စ္ဟမ္းပရိသတ္အုပ္စုတစ္ခုဟာခ႐ိုေအးရွားပရိသတ္ႏွစ္ဦးကိုတိုက္ခိုက္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္လက္စတာႏွင့္နာပိုလီတို႔ႏွစ္ဂိုးစီသေရက်တဲ့ယူ႐ိုပါလိဂ္ပြဲစဥ္အၿပီးတြင္လည္းႏွစ္ဖက္ပရိသတ္မ်ားဟာကြင္းအတြင္းတြင္ရန္ျဖစ္ခဲ့ၿပီးနာပိုလီပရိသတ္၁၀ဦးဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။