ဒိုင်ဘာလာကို ခေါ်ယူရန် တစ်နှစ်လုပ်ခယူရို ၆ သန်းဖြင့် ရိုးမားနှင့်အပြိုင် ကမ်းလှမ်းလာတဲ့ နာပိုလီ

နာပိုလီဟာပေါ်လိုဒိုင်ဘာလာအားတစ်နှစ်လုပ်ခယူရို၆သန်း(ပေါင်၅.၁သန်း) ဖြင့်ကမ်းလှမ်းကာခေါ်ယူရေးအပြိုင်ကြိုးပမ်းလာပါတယ်။

အသက်၂၈နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ဂျူဗင်တပ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးကာထွက်ခွာလာခဲ့သူဖြစ်ပြီးကလပ်လက်မဲ့ဖြစ်နေပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ဟာယခုနှစ်အစောပိုင်းတုန်းကတစ်နှစ်လုပ်ခယူရို၁၀သန်းဖြင့်စာချုပ်သစ်ချုပ်ဆိုရန်နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပေမဲ့လည်းဖီအိုရင်တီးနားတိုက်စစ်မှူးဗလာဟိုဗစ်ရောက်လာမှုနဲ့အတူ စီမံကိန်းအပြောင်းအလဲဖြစ်ကာစာချုပ်သစ်ကမ်းလှမ်းမခံခဲ့ရပါဘူး။

ဒိုင်ဘာလာဟာအစောပိုင်းတုန်းကအင်တာမီလန်သို့ပြောင်းမယ်လို့သတင်းထွက်ခဲ့ပေမဲ့လူကာကူပြောင်းရွှေ့သွားမှုနဲ့အတူနောက်ဆုတ်သွားခဲ့ရပါတယ်။

ဒိုင်ဘာလာဟာကလပ်သစ်ရှာဖွေရန်ခက်ခဲနေမှုနဲ့အတူလုပ်ခလျှော့ယူကာ အသင်းပြောင်းရန်အသင့်ရှိနေပါတယ်။

အစောပိုင်းသတင်းများအရမော်ရင်ဟိုရဲ့ရိုးမားဟာဒိုင်ဘာလာကိုတစ်နှစ်လုပ်ခယူရို၆သန်းဖြင့်၄နှစ်စာချုပ်ဖြင့်ကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။ယနေ့တွင် Corriere della Sera ကနာပိုလီကလည်းရိုးမားကဲ့သို့ပင်တစ်နှစ်လုပ်ခယူရို၆သန်းတန်၄နှစ်စာချုပ်ကမ်းလှမ်းလာကြောင်းဖော်ပြလာပါတယ်။

ဒါပေမဲ့ ဒိုင်ဘာလာရဲ့နာပိုလီအပြောင်းအရွှေ့မှာအသင်းပိုင်ရှင်အော်ရယ်လီယိုဒီလော်ရန်တစ်ကရုပ်ပုံလွှာအသုံးပြုခအားအပြည့်အဝထိန်းချုပ်နေခြင်းကြောင့်ခက်ခဲလာဖို့ရှိနေပါတယ်။

ဒိုင်ဘာလာဟာဂျူဗင်တပ်တွင်ကစားတဲ့ခုနှစ်နှစ်အတွင်းတွင်၂၉၃ပွဲကစားကာ၁၁၅ဂိုးသွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ဒိုင္ဘာလာကို ေခၚယူရန္ တစ္ႏွစ္လုပ္ခယူ႐ို ၆ သန္းျဖင့္ ႐ိုးမားႏွင့္အၿပိဳင္ ကမ္းလွမ္းလာတဲ့ နာပိုလီ

နာပိုလီဟာေပၚလိုဒိုင္ဘာလာအားတစ္ႏွစ္လုပ္ခယူ႐ို၆သန္း(ေပါင္၅.၁သန္း) ျဖင့္ကမ္းလွမ္းကာေခၚယူေရးအၿပိဳင္ႀကိဳးပမ္းလာပါတယ္။

အသက္၂၈ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္ဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးကာထြက္ခြာလာခဲ့သူျဖစ္ၿပီးကလပ္လက္မဲ့ျဖစ္ေနပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္ဟာယခုႏွစ္အေစာပိုင္းတုန္းကတစ္ႏွစ္လုပ္ခယူ႐ို၁၀သန္းျဖင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ႏႈတ္အားျဖင့္သေဘာတူညီမႈရရွိခဲ့ေပမဲ့လည္းဖီအိုရင္တီးနားတိုက္စစ္မႉးဗလာဟိုဗစ္ေရာက္လာမႈနဲ႔အတူ စီမံကိန္းအေျပာင္းအလဲျဖစ္ကာစာခ်ဳပ္သစ္ကမ္းလွမ္းမခံခဲ့ရပါဘူး။

ဒိုင္ဘာလာဟာအေစာပိုင္းတုန္းကအင္တာမီလန္သို႔ေျပာင္းမယ္လို႔သတင္းထြက္ခဲ့ေပမဲ့လူကာကူေျပာင္းေ႐ႊ႕သြားမႈနဲ႔အတူေနာက္ဆုတ္သြားခဲ့ရပါတယ္။

ဒိုင္ဘာလာဟာကလပ္သစ္ရွာေဖြရန္ခက္ခဲေနမႈနဲ႔အတူလုပ္ခေလွ်ာ့ယူကာ အသင္းေျပာင္းရန္အသင့္ရွိေနပါတယ္။

အေစာပိုင္းသတင္းမ်ားအရေမာ္ရင္ဟိုရဲ႕႐ိုးမားဟာဒိုင္ဘာလာကိုတစ္ႏွစ္လုပ္ခယူ႐ို၆သန္းျဖင့္၄ႏွစ္စာခ်ဳပ္ျဖင့္ကမ္းလွမ္းခဲ့ေၾကာင္းသိရပါတယ္။ယေန႔တြင္ Corriere della Sera ကနာပိုလီကလည္း႐ိုးမားကဲ့သို႔ပင္တစ္ႏွစ္လုပ္ခယူ႐ို၆သန္းတန္၄ႏွစ္စာခ်ဳပ္ကမ္းလွမ္းလာေၾကာင္းေဖာ္ျပလာပါတယ္။

ဒါေပမဲ့ ဒိုင္ဘာလာရဲ႕နာပိုလီအေျပာင္းအေ႐ႊ႕မွာအသင္းပိုင္ရွင္ေအာ္ရယ္လီယိုဒီေလာ္ရန္တစ္က႐ုပ္ပုံလႊာအသုံးျပဳခအားအျပည့္အဝထိန္းခ်ဳပ္ေနျခင္းေၾကာင့္ခက္ခဲလာဖို႔ရွိေနပါတယ္။

ဒိုင္ဘာလာဟာဂ်ဴဗင္တပ္တြင္ကစားတဲ့ခုႏွစ္ႏွစ္အတြင္းတြင္၂၉၃ပြဲကစားကာ၁၁၅ဂိုးသြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။