ဒိုင်ယက်စ်မှာ မကြာမီ မန်စီးတီးအသင်းခေါင်းဆောင် ဖြစ်လာမည်ဟု ဂွါဒီယိုလာယုံကြည်

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကရူဘင်ဒိုင်ယက်စ်မှာမကြာမီကာလအတွင်းတွင်မန်စီးတီးအသင်းခေါင်းဆောင်ဖြစ်လာမယ်လို့ယုံကြည်ကြောင်းပြောကြားလိုက်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်နောက်ခံလူဟာစက်တင်ဘာလနှောင်းပိုင်းတုန်းကဘင်ဖီကာမှပြောင်းရွှေ့လာပြီးနောက်ပရီးမီးယားလိဂ်ချန်ပီယံအသင်းအတွက်အဓိကနေရာမှကစားလာခဲ့သူလည်းဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိဒိုင်ယက်စ်ဟာမန်စီးတီးကိုပရီးမီးယားလိဂ်ဖလားနှင့်ကာရာဘောင်းဖလားဆွတ်ခူးနိုင်အောင်ကူညီထားတဲ့အပြင်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်းပို့ဆောင်ပေးထားမှုကြောင့်ဘောလုံးကလောင်ရှင်များကချီးမြှင့်တဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးထားနိုင်ပါတယ်။

ဂွါဒီယိုလာက “သူ့စရောက်တဲ့နှစ်မှာဘဲဒီလောက်ကောင်းအောင်လုပ်နိုင်မယ်လို့မထင်ခဲ့ပါဘူး။သူ့အရည်အသွေးကိုသိပေမယ့်ဘာတွေဖြစ်လာမလဲမသိခဲ့ပါဘူး။နောက်ခံလူတစ်ဦးကိုယ့်အတွက်ဘဲစဉ်းစားတယ်ဆိုရင်ပြဿနာရှိလာပါပြီ။သူကဗဟိုခံစစ်ကစားဖော်၊ကွင်းလယ်ကစားသမားနဲ့တောင်ပံကစားသမားတွေအတွက်ပါတွေးပါတယ်။သူကပြည့်စုံတဲ့ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်ပါတယ်။ဘောလုံးအကြောင်း၂၄နာရီတွေးနေတဲ့သူပါ။သူကငယ်လည်းငယ်ပါသေးတယ်။ကာလတိုအတွင်းမှာကစားဖော်နဲ့နည်းပြအဖွဲ့ဝင်တွေကသူ့ကိုအသင်းခေါင်းဆောင်အဖြစ်ခန့်အပ်လာပါလိမ့်မယ်။ကျွန်တော့်ခန့်မှန်းချက်မှားချင်လည်းမှားလာမှာပါ။သူကအသင်းကိုဦးဆောင်နိုင်ကြောင်းပြသထားတာကြောင့်သူ့ကိုရွေးလာမှာပါ။သူကအခြေအနေဆိုးတွေမှာအကူအညီပေးဖို့အမြဲအသင့်ဖြစ်နေတဲ့သူပါ။သူကကွင်းတွင်းကွင်းပြင်အဆက်အသွယ်မပြတ်တဲ့သူပါ။သူကခေါင်းဆောင်တစ်ဦးပါ။ခေါင်းဆောင်ဆိုတာကလပ်ကပေးရတာမဟုတ်ပါဘူး။သဘာဝကနေလာတာပါ။သူကပိုကောင်းအောင်လုပ်နိုင်တယ်လို့လည်းအမြဲတွေးသူပါ။ဒါကြောင့်လည်းသူအောင်မြင်မှုရရှိနေတာပါ”လို့ပြောကြားသွားပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာယနေ့ညမှာ၂၀၂၀-၂၁ဘောလုံးရာသီပြည်တွင်းနောက်ဆုံးပွဲစဉ်အဖြစ်အီတီဟတ်ကွင်းမှာအဲဗာတန်နှင့်ရင်ဆိုင်ကစားရပါမယ်။

၎င်းတို့ဟာလာမယ့်မေလ၂၉ရက်နေ့မှာချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ်ချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရပါဦးမယ်။

ZawGyi

ဒိုင္ယက္စ္မွာ မၾကာမီ မန္စီးတီးအသင္းေခါင္းေဆာင္ ျဖစ္လာမည္ဟု ဂြါဒီယိုလာယုံၾကည္

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာက႐ူဘင္ဒိုင္ယက္စ္မွာမၾကာမီကာလအတြင္းတြင္မန္စီးတီးအသင္းေခါင္းေဆာင္ျဖစ္လာမယ္လို႔ယုံၾကည္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ေနာက္ခံလူဟာစက္တင္ဘာလေႏွာင္းပိုင္းတုန္းကဘင္ဖီကာမွေျပာင္းေ႐ႊ႕လာၿပီးေနာက္ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းအတြက္အဓိကေနရာမွကစားလာခဲ့သူလည္းျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိဒိုင္ယက္စ္ဟာမန္စီးတီးကိုပရီးမီးယားလိဂ္ဖလားႏွင့္ကာရာေဘာင္းဖလားဆြတ္ခူးႏိုင္ေအာင္ကူညီထားတဲ့အျပင္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔လည္းပို႔ေဆာင္ေပးထားမႈေၾကာင့္ေဘာလုံးကေလာင္ရွင္မ်ားကခ်ီးျမႇင့္တဲ့တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးထားႏိုင္ပါတယ္။

ဂြါဒီယိုလာက “သူ႔စေရာက္တဲ့ႏွစ္မွာဘဲဒီေလာက္ေကာင္းေအာင္လုပ္ႏိုင္မယ္လို႔မထင္ခဲ့ပါဘူး။သူ႔အရည္အေသြးကိုသိေပမယ့္ဘာေတြျဖစ္လာမလဲမသိခဲ့ပါဘူး။ေနာက္ခံလူတစ္ဦးကိုယ့္အတြက္ဘဲစဥ္းစားတယ္ဆိုရင္ျပႆနာရွိလာပါၿပီ။သူကဗဟိုခံစစ္ကစားေဖာ္၊ကြင္းလယ္ကစားသမားနဲ႔ေတာင္ပံကစားသမားေတြအတြက္ပါေတြးပါတယ္။သူကျပည့္စုံတဲ့ပေရာ္ဖက္ရွင္နယ္တစ္ဦးျဖစ္ပါတယ္။ေဘာလုံးအေၾကာင္း၂၄နာရီေတြးေနတဲ့သူပါ။သူကငယ္လည္းငယ္ပါေသးတယ္။ကာလတိုအတြင္းမွာကစားေဖာ္နဲ႔နည္းျပအဖြဲ႕ဝင္ေတြကသူ႔ကိုအသင္းေခါင္းေဆာင္အျဖစ္ခန႔္အပ္လာပါလိမ့္မယ္။ကြၽန္ေတာ့္ခန႔္မွန္းခ်က္မွားခ်င္လည္းမွားလာမွာပါ။သူကအသင္းကိုဦးေဆာင္ႏိုင္ေၾကာင္းျပသထားတာေၾကာင့္သူ႔ကိုေ႐ြးလာမွာပါ။သူကအေျခအေနဆိုးေတြမွာအကူအညီေပးဖို႔အၿမဲအသင့္ျဖစ္ေနတဲ့သူပါ။သူကကြင္းတြင္းကြင္းျပင္အဆက္အသြယ္မျပတ္တဲ့သူပါ။သူကေခါင္းေဆာင္တစ္ဦးပါ။ေခါင္းေဆာင္ဆိုတာကလပ္ကေပးရတာမဟုတ္ပါဘူး။သဘာဝကေနလာတာပါ။သူကပိုေကာင္းေအာင္လုပ္ႏိုင္တယ္လို႔လည္းအၿမဲေတြးသူပါ။ဒါေၾကာင့္လည္းသူေအာင္ျမင္မႈရရွိေနတာပါ”လို႔ေျပာၾကားသြားပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာယေန႔ညမွာ၂၀၂၀-၂၁ေဘာလုံးရာသီျပည္တြင္းေနာက္ဆုံးပြဲစဥ္အျဖစ္အီတီဟတ္ကြင္းမွာအဲဗာတန္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

၎တို႔ဟာလာမယ့္ေမလ၂၉ရက္ေန႔မွာခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ကစားရပါဦးမယ္။