
ဆီးရီးယားဘောလုံးအဖွဲ့ချုပ်ဟာဒိုင်လူကြီးတစ်ဦးကိုဆဲဆိုခြင်း၊ကန်ကျောက်ခြင်း၊တံတွေးဖြင့်ထွေးဖြင့်ပြုလုပ်ခဲ့တဲ့ဆီးရီးယားအသင်းခေါင်းဆောင်ဟောင်းအာမက်အယ်ဆာလီကိုရာသက်ပန်ပွဲကစားခွင့်ပိတ်ပင်မှုပြုလုပ်လာပါတယ်။
အသက်၃၃နှစ်ရှိ Al-Jaish နောက်ခံလူဟာပြီးခဲ့တဲ့အပတ်သောကြာနေ့တုန်းက Al-Wathba နှင့်အဆင့်မြင့်တန်းပွဲစဉ်တွင်အနီကတ်ပြသခြင်းခံရပြီးနောက်ဒိုင်လူကြီးကိုတိုက်ခိုက်ခဲ့ပါတယ်။
အယ်ဆာလီကိုနှစ်ဖက်အသင်းမှကစားသမားများဝင်ရောက်ထိန်းသိမ်းမှုပြုလုပ်ခဲ့ရပါတယ်။
ဆီးရီးယားဘောလုံးအဖွဲ့ချုပ်ဟာအယ်ဆာလီကိုဒဏ်ရိုက်မှုလည်းပြုလုပ်ခဲ့ပြီးယင်းပြစ်ဒဏ်များအတွက်အယူခံဝင်နိုင်မှာမဟုတ်ပါဘူး။
အယ်ဆာလီဟာကွင်းအတွင်းတွင်ဒိုင်လူကြီးကိုတိုက်ခိုက်ခဲ့ပြီးနောက်ပွဲအပြီးတွင်အဝတ်အစားလဲခန်းထဲမှာဆဲဆိုပြောကြားမှုပြုလုပ်ခဲ့ပါသေးတယ်။
ZawGyi
ဒိုင်လူကြီးကို ကန်ကျောက်မှုအတွက် ရာသက်ပန် ပွဲကစားခွင့်ပိတ်ပင်ခံလာရတဲ့ ဆီးရီးယားအသင်းခေါင်းဆောင်ဟောင်း