
စပိန်အရပ်ဘက်စုံစမ်းစစ်ဆေးရေးမှူးဟာဘာစီလိုနာအသင်းကိုလာဘ်ပေးလာဘ်ယူမှုဖြင့်စွဲချက်တင်နိုင်ရေးအတွက်ကြိုးပမ်းနေကြောင်းသိရပါတယ်။
စပိန်သတင်းစာEl Pais ကအရပ်စုံစမ်းစစ်ဆေးမှူးဟာဒိုင်လူကြီးအကြီးအကဲဟောင်းဟိုဆေးမာရီယာအန်းနရစ်ဇ်နီရီရာကိုတရားမဝင်ငွေပေးချေမှုအတွက်ဘာစီလိုနာနှင့်ဘာစီလိုနာဥက္ကဌဟောင်းဂျိုးဆက်ပ်မာရီယာဘာတိုမြူတို့ကိုအမှုဖွင့်လာတော့မှာဖြစ်ကြောင်းဖော်ပြသွားပါတယ်။
ဘာစီလိုနာဟာ၂၀၁၆ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်းတွင်ဒိုင်လူကြီးများဆိုင်ရာနည်းစနစ်ပိုင်းအကြံပေးမှုအတွက်နီဂရီရာကိုပေါင်၁.၂သန်းပေးခဲ့ပါတယ်။ယင်းငွေပေးတဲ့ကာလအတွင်းတွင်နီဂရီရာမှာစပိန်ဘောလုံးဒိုင်လူကြီးကော်မတီတွင်ဒုက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ကာလဖြစ်ပါတယ်။
ဒါကြောင့်လည်းသူဟာကလပ်တစ်ခုအတွက်အကြံပေးအဖြစ်တာဝန်ထမ်းဆောင်မှုမှတရားမဝင်ပါဘူး။
ဒါ့အပြင်ဘာစီလိုနာဘက်ကနီဂရီရာကိုဒိုင်လူကြီးပိုင်းဆိုင်ရာနည်းစနစ်ပိုင်းသင်ကြားပေးမှုအတွက်ငွေပေးချေတယ်ဆိုပေမဲ့လည်း ယင်းအလုပ်လုပ်ခဲ့ကြောင်းကိုသက်သေပြထားနိုင်ခြင်းမရှိပါဘူး။
လာလီဂါဥက္ကဌဂျာဗီးယားတီဘက်စ်ကဘာစီလိုနာရဲ့လုပ်ဆောင်မှုနှင့်ပတ်သက်ပြီးတစုံတရာအရေးယူမှာမဟုတ်ကြောင်းဆိုထားပါတယ်။
တဖက်တွင်ဘာစီလိုနာဥက္ကဌလာပေါ်တာကလည်း “ဘာစီလိုနာဟာဘယ်တုန်းကမှဒိုင်ကိုမဝယ်ခဲ့ဖူးပါဘူး။ဘယ်တုန်းကမှလည်းဒိုင်ကိုဝယ်ဖို့စိတ်ကူးမရှိပါဘူး။ဘယ်တုန်းကမှလည်းမရှိခဲ့ပါဘူး”လို့ပြောကြားသွားပါတယ်။
တကယ်လို့များဘာစီလိုနာဟာပြစ်မှုထင်ရှားပါကအမှတ်လျော့ခြင်း၊ဒဏ်ရိုက်ခြင်းတို့ခံလာရနိုင်ပါတယ်။
ZawGyi
ဒိုင္လူႀကီးကို ေငြေပးမႈေၾကာင့္ လာဘ္ေပးလာဘ္ယူမႈျဖင့္ တရားရင္ဆိုင္ရဖို႔ ရွိေနတဲ့ ဘာစီလိုနာ
စပိန္အရပ္ဘက္စုံစမ္းစစ္ေဆးေရးမႉးဟာဘာစီလိုနာအသင္းကိုလာဘ္ေပးလာဘ္ယူမႈျဖင့္စြဲခ်က္တင္ႏိုင္ေရးအတြက္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။
စပိန္သတင္းစာEl Pais ကအရပ္စုံစမ္းစစ္ေဆးမႉးဟာဒိုင္လူႀကီးအႀကီးအကဲေဟာင္းဟိုေဆးမာရီယာအန္းနရစ္ဇ္နီရီရာကိုတရားမဝင္ေငြေပးေခ်မႈအတြက္ဘာစီလိုနာႏွင့္ဘာစီလိုနာဥကၠဌေဟာင္းဂ်ိဳးဆက္ပ္မာရီယာဘာတိုျမဴတို႔ကိုအမႈဖြင့္လာေတာ့မွာျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။
ဘာစီလိုနာဟာ၂၀၁၆ခုႏွစ္မွ၂၀၁၈ခုႏွစ္အတြင္းတြင္ဒိုင္လူႀကီးမ်ားဆိုင္ရာနည္းစနစ္ပိုင္းအႀကံေပးမႈအတြက္နီဂရီရာကိုေပါင္၁.၂သန္းေပးခဲ့ပါတယ္။ယင္းေငြေပးတဲ့ကာလအတြင္းတြင္နီဂရီရာမွာစပိန္ေဘာလုံးဒိုင္လူႀကီးေကာ္မတီတြင္ဒုကၠဌအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ကာလျဖစ္ပါတယ္။
ဒါေၾကာင့္လည္းသူဟာကလပ္တစ္ခုအတြက္အႀကံေပးအျဖစ္တာဝန္ထမ္းေဆာင္မႈမွတရားမဝင္ပါဘူး။
ဒါ့အျပင္ဘာစီလိုနာဘက္ကနီဂရီရာကိုဒိုင္လူႀကီးပိုင္းဆိုင္ရာနည္းစနစ္ပိုင္းသင္ၾကားေပးမႈအတြက္ေငြေပးေခ်တယ္ဆိုေပမဲ့လည္း ယင္းအလုပ္လုပ္ခဲ့ေၾကာင္းကိုသက္ေသျပထားႏိုင္ျခင္းမရွိပါဘူး။
လာလီဂါဥကၠဌဂ်ာဗီးယားတီဘက္စ္ကဘာစီလိုနာရဲ႕လုပ္ေဆာင္မႈႏွင့္ပတ္သက္ၿပီးတစုံတရာအေရးယူမွာမဟုတ္ေၾကာင္းဆိုထားပါတယ္။
တဖက္တြင္ဘာစီလိုနာဥကၠဌလာေပၚတာကလည္း “ဘာစီလိုနာဟာဘယ္တုန္းကမွဒိုင္ကိုမဝယ္ခဲ့ဖူးပါဘူး။ဘယ္တုန္းကမွလည္းဒိုင္ကိုဝယ္ဖို႔စိတ္ကူးမရွိပါဘူး။ဘယ္တုန္းကမွလည္းမရွိခဲ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။
တကယ္လို႔မ်ားဘာစီလိုနာဟာျပစ္မႈထင္ရွားပါကအမွတ္ေလ်ာ့ျခင္း၊ဒဏ္႐ိုက္ျခင္းတို႔ခံလာရႏိုင္ပါတယ္။