ဒိုင်လူကြီးကို နံရိုး၊ နှာခေါင်းတို့ကို ချိုးခဲ့တဲ့အပြင် ပုခုံးအဆစ်လွဲအောင် တိုက်ခိုက်ခဲ့တဲ့ ကစားသမားဖမ်းဆီးခံရ

အပျော်တမ်းလိဂ်ကစားသမားတစ်ဦးဟာဒိုင်လူကြီးတစ်ဦးကိုဆိုးဆိုးရွားရွားဒဏ်ရာပြင်းထန်စွာရရှိအောင်လုပ်ဆောင်ခဲ့မှုအတွက်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ဒေ့ဗ်ဘရက်ရှောဟာစနေနေ့တုန်းကပလတ်ဘရစ်ချ်နှင့်ဝီဂန်ရို့စ်တို့ရဲ့ပွဲစဉ်ကိုကြီးကြပ်ခဲ့ပြီး ပလတ်ဘရစ်ချ်ကစားသမားတစ်ဦးကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

ယင်းနောက်မှာတော့ဒိုင်လူကြီးဟာနှာခေါင်းရိုးကျိုး၊ နံရိုးလေးချောင်းကျိုးပြီး ပုခုံးအဆစ်လွဲခြင်း၊မေးရိုးကျိုးခြင်းစတဲ့ဒဏ်ရာပြင်းထန်စွာရရှိတဲ့အထိတိုက်ခိုက်ခံရပါတယ်။

ယခုအခါဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့ကအထက်ပါဖြစ်ရပ်ကိုကျူးလွန်ခဲ့တဲ့အသက်၂၄နှစ်ရှိလူတစ်ဦးကိုဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

စီနီယာစုံစမ်းစစ်ဆေးရေးအရာရှိ စုံထောက်ဂျွန်ဒါးဗီးစ်က “တော်တော်ပြင်းထန်တဲ့တိုက်ခိုက်မှုပါ။ဒဏ်ရာတော်တော်များတယ်။အသက်အန္တရာယ်တော့မစိုးရဘူး။သူ့ကျန်းမာရေးကောင်းအောင်စောင့်ရှောက်ထားသလို အမှုကိုလည်းစုံစမ်းစစ်ဆေးနေပါတယ်”လို့ပြောကြားသွားပါတယ်။

ဘရက်ရှောဟာယင်းတိုက်ခိုက်မှုကြောင့်ဆေးရုံသို့အရေးပေါ်တက်ရောက်ကုသမှုပြုလုပ်ခဲ့ရပေမဲ့လည်းယခုအခါဆေးရုံမှပြန်ဆင်းလာပြီဖြစ်ပါတယ်။

ZawGyi

ဒိုင္လူႀကီးကို နံ႐ိုး၊ ႏွာေခါင္းတို႔ကို ခ်ိဳးခဲ့တဲ့အျပင္ ပုခုံးအဆစ္လြဲေအာင္ တိုက္ခိုက္ခဲ့တဲ့ ကစားသမားဖမ္းဆီးခံရ

အေပ်ာ္တမ္းလိဂ္ကစားသမားတစ္ဦးဟာဒိုင္လူႀကီးတစ္ဦးကိုဆိုးဆိုး႐ြား႐ြားဒဏ္ရာျပင္းထန္စြာရရွိေအာင္လုပ္ေဆာင္ခဲ့မႈအတြက္ဖမ္းဆီးျခင္းခံခဲ့ရပါတယ္။

ေဒ့ဗ္ဘရက္ေရွာဟာစေနေန႔တုန္းကပလတ္ဘရစ္ခ်္ႏွင့္ဝီဂန္႐ို႕စ္တို႔ရဲ႕ပြဲစဥ္ကိုႀကီးၾကပ္ခဲ့ၿပီး ပလတ္ဘရစ္ခ်္ကစားသမားတစ္ဦးကိုအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့ဒိုင္လူႀကီးဟာႏွာေခါင္း႐ိုးက်ိဳး၊ နံ႐ိုးေလးေခ်ာင္းက်ိဳးၿပီး ပုခုံးအဆစ္လြဲျခင္း၊ေမး႐ိုးက်ိဳးျခင္းစတဲ့ဒဏ္ရာျပင္းထန္စြာရရွိတဲ့အထိတိုက္ခိုက္ခံရပါတယ္။

ယခုအခါဂရိတ္တားမန္ခ်က္စတာရဲတပ္ဖြဲ႕ကအထက္ပါျဖစ္ရပ္ကိုက်ဴးလြန္ခဲ့တဲ့အသက္၂၄ႏွစ္ရွိလူတစ္ဦးကိုဖမ္းဆီးထိန္းသိမ္းလိုက္ၿပီျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

စီနီယာစုံစမ္းစစ္ေဆးေရးအရာရွိ စုံေထာက္ဂြၽန္ဒါးဗီးစ္က “ေတာ္ေတာ္ျပင္းထန္တဲ့တိုက္ခိုက္မႈပါ။ဒဏ္ရာေတာ္ေတာ္မ်ားတယ္။အသက္အႏၲရာယ္ေတာ့မစိုးရဘူး။သူ႔က်န္းမာေရးေကာင္းေအာင္ေစာင့္ေရွာက္ထားသလို အမႈကိုလည္းစုံစမ္းစစ္ေဆးေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘရက္ေရွာဟာယင္းတိုက္ခိုက္မႈေၾကာင့္ေဆး႐ုံသို႔အေရးေပၚတက္ေရာက္ကုသမႈျပဳလုပ္ခဲ့ရေပမဲ့လည္းယခုအခါေဆး႐ုံမွျပန္ဆင္းလာၿပီျဖစ္ပါတယ္။