ဒိုင်လူကြီးကို ကြမ်းတမ်းစွာပြောဆိုမှုကြောင့် မီလန်စတားရီဘစ် ပွဲပယ်ခံရ

အေစီမီလန်တောင်ပံကစားသမားအန်တီရီဘစ်ဟာဒိုင်လူကြီးအားညစ်ညမ်းစွာပြောဆိုမှုကြောင့်နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ခရိုအေးရှားစတားဟာနာပိုလီအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်ဒိုင်လူကြီးဖဘရီဇီယိုပက်စ်ကွာကိုညစ်ညမ်း စွာဆဲဆိုခဲ့တာဖြစ်ပါတယ်။၎င်းကဒိုင်လူကြီးအား “မင်းအမေကိုနေပယ်မှာပြည့်တန်ဆာလုပ်နေတာမြင်ခဲ့ ရတယ်”လို့ဆဲဆိုခဲ့တာဖြစ်ပါတယ်။

အသက်၂၇နှစ်ရှိရီဘစ်ဟာယင်းသို့ဆဲဆိုမှုကြောင့်ဒိုင်လူကြီးရဲ့အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးယခုအခါ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီဖြစ်ပါတယ်။

သူဟာနှစ်ပွဲပယ်ပြစ်ဒဏ်ကြောင့်ဖီအိုရင်တီးနား၊ဆမ်ဒိုးရီးယားတို့နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်များကိုလွဲချော်တော့မှာဖြစ်ပါတယ်။

ရီဘစ်ဟာလွန်ခဲ့တဲ့တစ်လကျော်တုန်းကဆလာဗွန်စကီးဘရော့ဒ်ရှိမသန်စွမ်းကလေးငယ်များဆေးရုံသို့ပေါင်၈၀၀၀လှူဒါန်းမှုကြောင့်အားလုံးရဲ့ချီးကျူးမှုရရှိခဲ့သူဖြစ်ပါတယ်။သူဟာ၂၀၁၈ခုနှစ်တုန်းကလည်း မွေးရပ်မြေဒွန်ဂျီဗန်ဂျာနီရှိရွာသား၅၀၀တို့ရဲ့ကြွေးမြီများကိုလည်းဆပ်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ဒိုင္လူႀကီးကို ၾကမ္းတမ္းစြာေျပာဆိုမႈေၾကာင့္ မီလန္စတားရီဘစ္ ပြဲပယ္ခံရ

ေအစီမီလန္ေတာင္ပံကစားသမားအန္တီရီဘစ္ဟာဒိုင္လူႀကီးအားညစ္ညမ္းစြာေျပာဆိုမႈေၾကာင့္ႏွစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ခ႐ိုေအးရွားစတားဟာနာပိုလီအား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ဒိုင္လူႀကီးဖဘရီဇီယိုပက္စ္ကြာကိုညစ္ညမ္း စြာဆဲဆိုခဲ့တာျဖစ္ပါတယ္။၎ကဒိုင္လူႀကီးအား “မင္းအေမကိုေနပယ္မွာျပည့္တန္ဆာလုပ္ေနတာျမင္ခဲ့ ရတယ္”လို႔ဆဲဆိုခဲ့တာျဖစ္ပါတယ္။

အသက္၂၇ႏွစ္ရွိရီဘစ္ဟာယင္းသို႔ဆဲဆိုမႈေၾကာင့္ဒိုင္လူႀကီးရဲ႕အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရၿပီးယခုအခါ ႏွစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရၿပီျဖစ္ပါတယ္။

သူဟာႏွစ္ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ဖီအိုရင္တီးနား၊ဆမ္ဒိုးရီးယားတို႔ႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲစဥ္မ်ားကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ရီဘစ္ဟာလြန္ခဲ့တဲ့တစ္လေက်ာ္တုန္းကဆလာဗြန္စကီးဘေရာ့ဒ္ရွိမသန္စြမ္းကေလးငယ္မ်ားေဆး႐ုံသို႔ေပါင္၈၀၀၀လႉဒါန္းမႈေၾကာင့္အားလုံးရဲ႕ခ်ီးက်ဴးမႈရရွိခဲ့သူျဖစ္ပါတယ္။သူဟာ၂၀၁၈ခုႏွစ္တုန္းကလည္း ေမြးရပ္ေျမဒြန္ဂ်ီဗန္ဂ်ာနီရွိ႐ြာသား၅၀၀တို႔ရဲ႕ေႂကြးၿမီမ်ားကိုလည္းဆပ္ခဲ့သူျဖစ္ပါတယ္။