ဒိုင်လူကြီးကော်မတီအကြီးအကဲအား ငွေပေးမှုအတွက် ဘာစီလိုနာ စွဲချက်တင်ခြင်းခံရမှုအပေါ် ထောက်ခံလာတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ကဘာစီလိုနာကိုလာဘ်ပေးလာဘ်ယူမှုဖြင့်စွဲချက်တင်ခြင်းခံရမှုအပေါ်ထောက်ခံအားပေးကြောင်းအတည်ပြုလာပါတယ်။

လာလီဂါအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ဘာစီလိုနာဟာစပိန်ဒိုင်လူကြီးကော်မတီဒုဥက္ကဌဟိုဆေးမာရီယာအန်းနရစ်နီဂရီရာကိုငွေပေးမှုများပြုလုပ်မှုအတွက်စွဲချက်တင်ခြင်းခံထားရပါတယ်။

နီဂရီရာဟာစပိန်ဒိုင်လူကြီးကော်မတီဒုဥက္ကဌအဖြစ်၁၉၉၄ခုနှစ်မှ၂၀၁၈ခုနှစ်အတွင်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးဘာစီလိုနာထံမှငွေကြေးများရယူမှုအတွက်စပိန်အရပ်ဘက်စုံစမ်းစစ်ဆေးရေးအရာရှိရဲ့လာဘ်ယူမှုဖြင့်စွဲချက်တင်ခြင်းခံထားရပါတယ်။

ဒါ့အပြင်ဘာစီလိုနာဥက္ကဌဟောင်းများဖြစ်ကြတဲ့ဂျိုးဆပ်ဖ်မာရီယာဘာတိုမြူနှင့်ဆန်ဒရိုရိုဆဲလ်တို့မှာလည်းစွဲချက်တင်ခြင်းခံထားရပါတယ်။

ဘာစီလိုနာကနီဂရီရာကိုငွေပေးမှုမှာဒိုင်လူကြီးများနှင့်ပတ်သက်ပြီးနည်းစနစ်ပိုင်းဆိုင်ရာအကြံဉာဏ်ပေးမှုများအတွက်ငွေပေးတာလို့ဆိုပေမဲ့ ဒိုင်လူကြီးဟောင်းမှာယင်းအချိန်တွင်စပိန်ဒိုင်ကော်မတီတွင်တာဝန်ထမ်းဆောင်နေရာကလပ်အတွက်အလုပ်လုပ်ပေးနိုင်ခြင်းမရှိပါဘူး။

ဒါ့အပြင်သူဟာဘာစီလိုနာကိုဒိုင်လူကြီးဆိုင်ရာနည်းစနစ်ပိုင်းအကြံဉာဏ်ပေးသင်ကြားပို့ချမှုပြုလုပ်ကြောင်းလည်းမတွေ့ရပါဘူး။

ဒါပေမဲ့ဘာစီလိုနာနှင့်နီဂရီရာတို့ကတော့၎င်းတို့အပေါ်စွဲချက်တင်ထားမှုကိုငြင်းဆိုလာပါတယ်။

ယခုအခါဘာစီလိုနာရဲ့အခါးသီးဆုံးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကဘာစီလိုနာအားစွဲချက်တင်ထားမှုအပေါ်ထောက်ခံကြောင်းပြောဆိုလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာအရေးပေါ်ဘုတ်အဖွဲ့အစည်းအဝေးဆင့်ခေါ်ပြီးနောက်ကြေညာချက်ထုတ်ပြန်ကာ ဘာစီလိုနာအားစွဲချက်တင်ထားမှုအပေါ်ထောက်ခံကြောင်းဆိုလာတာဖြစ်ပါတယ်။

တဖက်တွင်လာလီဂါနှင့်စပိန်ဘောလုံးအဖွဲ့ချုပ်တို့ကလည်းဘာစီလိုနာနှင့်နီဂရီရာတို့ကိုအရေးယူမှုပြုလုပ်ရန်စွဲချက်တင်ထားပါတယ်။

ZawGyi

ဒိုင္လူႀကီးေကာ္မတီအႀကီးအကဲအား ေငြေပးမႈအတြက္ ဘာစီလိုနာ စြဲခ်က္တင္ျခင္းခံရမႈအေပၚ ေထာက္ခံလာတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္ကဘာစီလိုနာကိုလာဘ္ေပးလာဘ္ယူမႈျဖင့္စြဲခ်က္တင္ျခင္းခံရမႈအေပၚေထာက္ခံအားေပးေၾကာင္းအတည္ျပဳလာပါတယ္။

လာလီဂါအမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့ဘာစီလိုနာဟာစပိန္ဒိုင္လူႀကီးေကာ္မတီဒုဥကၠဌဟိုေဆးမာရီယာအန္းနရစ္နီဂရီရာကိုေငြေပးမႈမ်ားျပဳလုပ္မႈအတြက္စြဲခ်က္တင္ျခင္းခံထားရပါတယ္။

နီဂရီရာဟာစပိန္ဒိုင္လူႀကီးေကာ္မတီဒုဥကၠဌအျဖစ္၁၉၉၄ခုႏွစ္မွ၂၀၁၈ခုႏွစ္အတြင္းတာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီးဘာစီလိုနာထံမွေငြေၾကးမ်ားရယူမႈအတြက္စပိန္အရပ္ဘက္စုံစမ္းစစ္ေဆးေရးအရာရွိရဲ႕လာဘ္ယူမႈျဖင့္စြဲခ်က္တင္ျခင္းခံထားရပါတယ္။

ဒါ့အျပင္ဘာစီလိုနာဥကၠဌေဟာင္းမ်ားျဖစ္ၾကတဲ့ဂ်ိဳးဆပ္ဖ္မာရီယာဘာတိုျမဴႏွင့္ဆန္ဒ႐ို႐ိုဆဲလ္တို႔မွာလည္းစြဲခ်က္တင္ျခင္းခံထားရပါတယ္။

ဘာစီလိုနာကနီဂရီရာကိုေငြေပးမႈမွာဒိုင္လူႀကီးမ်ားႏွင့္ပတ္သက္ၿပီးနည္းစနစ္ပိုင္းဆိုင္ရာအႀကံဉာဏ္ေပးမႈမ်ားအတြက္ေငြေပးတာလို႔ဆိုေပမဲ့ ဒိုင္လူႀကီးေဟာင္းမွာယင္းအခ်ိန္တြင္စပိန္ဒိုင္ေကာ္မတီတြင္တာဝန္ထမ္းေဆာင္ေနရာကလပ္အတြက္အလုပ္လုပ္ေပးႏိုင္ျခင္းမရွိပါဘူး။

ဒါ့အျပင္သူဟာဘာစီလိုနာကိုဒိုင္လူႀကီးဆိုင္ရာနည္းစနစ္ပိုင္းအႀကံဉာဏ္ေပးသင္ၾကားပို႔ခ်မႈျပဳလုပ္ေၾကာင္းလည္းမေတြ႕ရပါဘူး။

ဒါေပမဲ့ဘာစီလိုနာႏွင့္နီဂရီရာတို႔ကေတာ့၎တို႔အေပၚစြဲခ်က္တင္ထားမႈကိုျငင္းဆိုလာပါတယ္။

ယခုအခါဘာစီလိုနာရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ရီးရဲလ္မက္ဒရစ္ကဘာစီလိုနာအားစြဲခ်က္တင္ထားမႈအေပၚေထာက္ခံေၾကာင္းေျပာဆိုလာပါတယ္။

ရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ဟာအေရးေပၚဘုတ္အဖြဲ႕အစည္းအေဝးဆင့္ေခၚၿပီးေနာက္ေၾကညာခ်က္ထုတ္ျပန္ကာ ဘာစီလိုနာအားစြဲခ်က္တင္ထားမႈအေပၚေထာက္ခံေၾကာင္းဆိုလာတာျဖစ္ပါတယ္။

တဖက္တြင္လာလီဂါႏွင့္စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ကလည္းဘာစီလိုနာႏွင့္နီဂရီရာတို႔ကိုအေရးယူမႈျပဳလုပ္ရန္စြဲခ်က္တင္ထားပါတယ္။