ဒိုင်လူကြီးမာဆင်ကို ဝေဖန်မှုကြောင့် ဝုဗ်နည်းပြ ပေါင် ၂၅၀၀၀ ဒဏ်ရိုက်ခံရ

နျူနိုအက်စ်ပီရီတိုဆန်တိုဟာဘန်လေအားရှုံးနိမ့်တဲ့ပွဲအပြီးမှာဒိုင်လူကြီးလီးမာဆင်ကိုဝေဖန်မှုမှုကြောင့် အက်ဖ်အေရဲ့ပေါင်၂၅၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

ဝုဗ်ဟာဒီဇင်ဘာလ၂၁ရက်နေ့တုန်းကတပ်ဖ်မိုးမှာဘန်လေကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ယင်းပွဲအပြီးမှာပေါ်တူဂီ နည်းပြဟာဒိုင်လူကြီးမာဆင်ကိုအပြင်းအထန်ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။

နျူနိုကလီးမာဆင်မှာပရီးမီးယားလိဂ်ပွဲကိုကိုင်တွယ်နိုင်တဲ့အရည်အသွေးမရှိကြောင်းနှင့်နောင်ကစားမယ့်ဝုဗ်ပွဲစဉ်များအားကိုင်တွယ်သည်ကိုမမြင်တွေ့လိုကြောင်းဝေဖန်ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာသူ့ရဲ့ပြောကြားမှုအတွက်၄၈နာရီအတွင်းမှာဘဲဒိုင်လူကြီးမာဆင်ကိုတောင်းပန်ခြင်းမရှိမှု နဲ့အတူအက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံခဲ့ရပါတယ်။

အက်ဖ်အေဟာနျူနိုကိုပေါင်၂၅၀၀၀ဒဏ်ရိုက်ခဲ့တဲ့အပြင်နောင်တွင်ယင်းသို့အပြောအဆိုမျိုးမပြုလုပ်ရန်လည်း သတိပေးသွားခဲ့ပါတယ်။

ZawGyi





