ဒိုင်လူကြီးရတာ အခက်အခဲဆုံး ကစားသမားငါးဦးကို ကလက်တန်ဘတ်ဖွင့်ဟလာ

ဒိုင်လူကြီးတွေဟာပွဲတွေမှာကိုယ့်အလုပ်ကိုလုပ်နေရင်းဆဲဆိုမှုပေါင်းများစွာကိုကြုံရပါတယ်။ဒါ့အပြင်မမြင်လိုက်မှုကြောင့်ဝေဖန်မှုပေါင်းများစွာနှင့်လည်းရင်ဆိုင်ရပါတယ်။ဒါပေမယ့်ကစားသမားအချို့ကတော့အခြားသူတွေထက်ပိုပြီးဒိုင်လူကြီးကိုအကြီးအကျယ်အနှောင့်အယှက်ပေးကြပါတယ်။

မတ်ကလက်တင်ဘတ်ဟာသူ့ဒိုင်လူကြီးဘဝမှာစိတ်အနှောက်အယှက်ဖြစ်ရဆုံးကစားသမားငါးဦးကိုဖွင့်ဟလာပါတယ်။

ကလက်တင်ဘတ်ဟာ၂၀၀၄မှ၂၀၁၇ခုနှစ်အထိပရီးမီးယားလိဂ်တွင်ကြီးကြပ်ခဲ့ပြီးချန်ပီယံလိဂ်နှင့်ယူရိုဗိုလ်လုပွဲတို့ကိုလည်းကြီးကြပ်ခဲ့ဖူးကာသမိုင်းတစ်လျှောက်အကောင်းဆုံးဒိုင်များထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။သူဟာဒိုင်လူကြီးဘဝတစ်လျှောက်ပွဲပေါင်း၅၇၆ပွဲအထိကြီးကြပ်ခဲ့ပါတယ်။

ကလက်တင်ဘတ်ကသူ့ဒိုင်လူကြီးဘဝ ဒိုင်လုပ်ရစိတ်အနှောက်အယှက်အပေးဆုံးကစားသမား၅ဦးကိုဖွင့်ဟလာခဲ့ပါတယ်။ကလက်တင်ဘတ်အတွက်စိတ်အနှောက်အယှက်ဖြစ်ရဆုံးကစားသမားငါးဦးကတော့ခရစ်ဘယ်လာမီ၊ရွိုင်ကိန်း၊ပီပီ၊ဂျွန်အိုဘီမီခေးလ်နှင့်ဂျန်လေမန်းတို့ဖြစ်ကြပါတယ်။

ဘယ်လာမီနှင့်ပတ်သက်ပြီးကလက်တင်ဘတ်က “ဘယ်လာမီကဒိုင်တွေအတွက်အိပ်မက်ဆိုးပဲ။ဒိုင်တော်တော်များများအဲဒီလိုပဲခံစားရတယ်။ခင်ဗျားကိုအော်မယ်ဟစ်မယ်။လက်တွေဝှေ့ရမ်းမယ်။အမျိုးမျိုးစိန်ခေါ်နေတာ။ဘာသာစကားကဆိုးသလိုတကယ့်ပလိန်းကြီးဒေါသကြီးနေတတ်တယ်”လို့ဆိုသွားပါတယ်။

ဒါ့အပြင်ရွိုင်ကိန်းနှင့်ပတ်သက်ပြီး၎င်းက “သူကမျက်နှာသေကြီးနဲ့လာတတ်တယ်။သူကတကယ့်ကိုဖိုက်တာဖြစ်ချင်တယ်။သူကပလိန်းကြီးတွေကန်ပြီးရန်ပွဲလုပ်တော့ဒိုင်တွေအတွက်ပြဿနာဖြစ်ရတယ်”လို့ပြောကြားသွားပါတယ်။

ကလက်တင်ဘတ်ဟာဒိုင်လူကြီးဘဝ စိတ်အနှောက်အယှက်အပေးဆုံးကစားသမားအဖြစ်ချဲလ်ဆီးကစားသမားဟောင်းဂျွန်အိုဘီမီခေးလ်ကို ရွေးချယ်ခဲ့တာသူ့ကိုလူမျိုးရေးခွဲခြားဆဲဆိုမှုပြုလုပ်တယ်ဆိုပြီးစွပ်စွဲမှုကြောင့်ဖြစ်ပါတယ်။ကလက်တင်ဘတ်ဟာမီခေးလ်ရဲ့စွပ်စွဲမှုကြောင့်ဒိုင်လူကြီးဘဝကိုပါတော်တော်စိတ်ပျက်သွားခဲ့ရပါတယ်။

ZawGyi

ဒိုင္လူႀကီးရတာ အခက္အခဲဆုံး ကစားသမားငါးဦးကို ကလက္တန္ဘတ္ဖြင့္ဟလာ

ဒိုင္လူႀကီးေတြဟာပြဲေတြမွာကိုယ့္အလုပ္ကိုလုပ္ေနရင္းဆဲဆိုမႈေပါင္းမ်ားစြာကိုႀကဳံရပါတယ္။ဒါ့အျပင္မျမင္လိုက္မႈေၾကာင့္ေဝဖန္မႈေပါင္းမ်ားစြာႏွင့္လည္းရင္ဆိုင္ရပါတယ္။ဒါေပမယ့္ကစားသမားအခ်ိဳ႕ကေတာ့အျခားသူေတြထက္ပိုၿပီးဒိုင္လူႀကီးကိုအႀကီးအက်ယ္အေႏွာင့္အယွက္ေပးၾကပါတယ္။

မတ္ကလက္တင္ဘတ္ဟာသူ႔ဒိုင္လူႀကီးဘဝမွာစိတ္အေႏွာက္အယွက္ျဖစ္ရဆုံးကစားသမားငါးဦးကိုဖြင့္ဟလာပါတယ္။

ကလက္တင္ဘတ္ဟာ၂၀၀၄မွ၂၀၁၇ခုႏွစ္အထိပရီးမီးယားလိဂ္တြင္ႀကီးၾကပ္ခဲ့ၿပီးခ်န္ပီယံလိဂ္ႏွင့္ယူ႐ိုဗိုလ္လုပြဲတို႔ကိုလည္းႀကီးၾကပ္ခဲ့ဖူးကာသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးဒိုင္မ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံခဲ့ရပါတယ္။သူဟာဒိုင္လူႀကီးဘဝတစ္ေလွ်ာက္ပြဲေပါင္း၅၇၆ပြဲအထိႀကီးၾကပ္ခဲ့ပါတယ္။

ကလက္တင္ဘတ္ကသူ႔ဒိုင္လူႀကီးဘဝ ဒိုင္လုပ္ရစိတ္အေႏွာက္အယွက္အေပးဆုံးကစားသမား၅ဦးကိုဖြင့္ဟလာခဲ့ပါတယ္။ကလက္တင္ဘတ္အတြက္စိတ္အေႏွာက္အယွက္ျဖစ္ရဆုံးကစားသမားငါးဦးကေတာ့ခရစ္ဘယ္လာမီ၊႐ြိဳင္ကိန္း၊ပီပီ၊ဂြၽန္အိုဘီမီေခးလ္ႏွင့္ဂ်န္ေလမန္းတို႔ျဖစ္ၾကပါတယ္။

ဘယ္လာမီႏွင့္ပတ္သက္ၿပီးကလက္တင္ဘတ္က “ဘယ္လာမီကဒိုင္ေတြအတြက္အိပ္မက္ဆိုးပဲ။ဒိုင္ေတာ္ေတာ္မ်ားမ်ားအဲဒီလိုပဲခံစားရတယ္။ခင္ဗ်ားကိုေအာ္မယ္ဟစ္မယ္။လက္ေတြေဝွ႔ရမ္းမယ္။အမ်ိဳးမ်ိဳးစိန္ေခၚေနတာ။ဘာသာစကားကဆိုးသလိုတကယ့္ပလိန္းႀကီးေဒါသႀကီးေနတတ္တယ္”လို႔ဆိုသြားပါတယ္။

ဒါ့အျပင္႐ြိဳင္ကိန္းႏွင့္ပတ္သက္ၿပီး၎က “သူကမ်က္ႏွာေသႀကီးနဲ႔လာတတ္တယ္။သူကတကယ့္ကိုဖိုက္တာျဖစ္ခ်င္တယ္။သူကပလိန္းႀကီးေတြကန္ၿပီးရန္ပြဲလုပ္ေတာ့ဒိုင္ေတြအတြက္ျပႆနာျဖစ္ရတယ္”လို႔ေျပာၾကားသြားပါတယ္။

ကလက္တင္ဘတ္ဟာဒိုင္လူႀကီးဘဝ စိတ္အေႏွာက္အယွက္အေပးဆုံးကစားသမားအျဖစ္ခ်ဲလ္ဆီးကစားသမားေဟာင္းဂြၽန္အိုဘီမီေခးလ္ကို ေ႐ြးခ်ယ္ခဲ့တာသူ႔ကိုလူမ်ိဳးေရးခြဲျခားဆဲဆိုမႈျပဳလုပ္တယ္ဆိုၿပီးစြပ္စြဲမႈေၾကာင့္ျဖစ္ပါတယ္။ကလက္တင္ဘတ္ဟာမီေခးလ္ရဲ႕စြပ္စြဲမႈေၾကာင့္ဒိုင္လူႀကီးဘဝကိုပါေတာ္ေတာ္စိတ္ပ်က္သြားခဲ့ရပါတယ္။