ဒိုင်လူကြီးရဲ့ခေါင်းကို ကန်ခဲ့တဲ့ ဘရာဇီးဘောလုံးသမား ပွဲကစားခွင့် ၂ နှစ်ပိတ်ပင်ခံရ

ဘရာဇီးဘောလုံးကစားသမားဝီလီယမ်ရီဘိုင်ရိုဟာယခုလအစောပိုင်းတုန်းကပွဲတစ်ပွဲမှာဒိုင်လူကြီးရဲ့ခေါင်းကိုကန်ကျောက်ခဲ့မှုအတွက်‌အားကစားတွင်ပါဝင်ပတ်သက်ခွင့်၂နှစ်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

Sport Club Sao Paulo မှကစားသမားဟာအဝါကတ်ပြသခြင်းခံခဲ့ရမှုကြောင့်ဒိုင်လူကြီးဒေါသထွက်ကာထိုးကြိတ်ခဲ့ပါတယ်။သူဟာကွင်းမြက်ခင်းတွင်ဒိုင်လူကြီးလဲကျနေချိန်တွင်လည်းခေါင်းကိုပြေးကန်ခဲ့ပါတယ်။

ယင်းဖြစ်ရပ်ကြောင့်သူဟာကွင်းအတွင်းမှာဘဲပြိုင်ဘက်ကစားသမားများရဲ့ထိန်းချုပ်ခြင်းခံခဲ့ရပြီးရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရပါတယ်။

ယခုအခါဝီလီယမ်ရီဘိုင်ရိုဟာအားကစားလောကနှင့်ပတ်သက်ခွင့်၂နှစ်ပိတ်ပင်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။သူဟာမကြာသေးမီတုန်းကလည်းအသင်းရဲ့စာချုပ်ဖျက်သိမ်းမှုခံခဲ့ရပါတယ်။

ရီဘိုင်ရိုရဲ့ကန်ကျောက်မှုခံခဲ့ရတဲ့ဒိုင်လူကြီးခရီဗယ်လာရိုဟာသတိမေ့သွားခဲ့ပြီးဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရပါတယ်။

ZawGyi

ဒိုင္လူႀကီးရဲ႕ေခါင္းကို ကန္ခဲ့တဲ့ ဘရာဇီးေဘာလုံးသမား ပြဲကစားခြင့္ ၂ ႏွစ္ပိတ္ပင္ခံရ

ဘရာဇီးေဘာလုံးကစားသမားဝီလီယမ္ရီဘိုင္႐ိုဟာယခုလအေစာပိုင္းတုန္းကပြဲတစ္ပြဲမွာဒိုင္လူႀကီးရဲ႕ေခါင္းကိုကန္ေက်ာက္ခဲ့မႈအတြက္‌အားကစားတြင္ပါဝင္ပတ္သက္ခြင့္၂ႏွစ္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။

Sport Club Sao Paulo မွကစားသမားဟာအဝါကတ္ျပသျခင္းခံခဲ့ရမႈေၾကာင့္ဒိုင္လူႀကီးေဒါသထြက္ကာထိုးႀကိတ္ခဲ့ပါတယ္။သူဟာကြင္းျမက္ခင္းတြင္ဒိုင္လူႀကီးလဲက်ေနခ်ိန္တြင္လည္းေခါင္းကိုေျပးကန္ခဲ့ပါတယ္။

ယင္းျဖစ္ရပ္ေၾကာင့္သူဟာကြင္းအတြင္းမွာဘဲၿပိဳင္ဘက္ကစားသမားမ်ားရဲ႕ထိန္းခ်ဳပ္ျခင္းခံခဲ့ရၿပီးရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးထိန္းသိမ္းမႈခံခဲ့ရပါတယ္။

ယခုအခါဝီလီယမ္ရီဘိုင္႐ိုဟာအားကစားေလာကႏွင့္ပတ္သက္ခြင့္၂ႏွစ္ပိတ္ပင္ျခင္းခံလိုက္ရၿပီျဖစ္ပါတယ္။သူဟာမၾကာေသးမီတုန္းကလည္းအသင္းရဲ႕စာခ်ဳပ္ဖ်က္သိမ္းမႈခံခဲ့ရပါတယ္။

ရီဘိုင္႐ိုရဲ႕ကန္ေက်ာက္မႈခံခဲ့ရတဲ့ဒိုင္လူႀကီးခရီဗယ္လာ႐ိုဟာသတိေမ့သြားခဲ့ၿပီးေဆး႐ုံတြင္ေဆးကုသမႈခံယူခဲ့ရပါတယ္။