ဒိုင်လူကြီးရဲ့ခေါင်းကိုကန်ခဲ့တဲ့ ဘရာဇီးစတား လူသတ်ရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်ခံရ

ဘရာဇီးဘောလုံးသမားဝီလီယမ်ရီဘိုင်ရိုဟာဒိုင်လူကြီးတစ်ဦးကိုကန်ကျောက်မှုကြောင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက်ယခုအခါလူသတ်ရန်ကြိုးပမ်းမှုဖြင့်စွဲချက်တင်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။

ရီဘိုင်ရိုဟာဆာအိုပေါ်လိုအာအက်စ်နှင့်ဂွါရာနီတို့ရဲ့လိဂ်ပွဲစဉ်တွင်ဒိုင်လူကြီးရိုဒရီဂိုခရီဗယ်လာရိုကိုကန်ကျောက်ခဲ့တာဖြစ်ပြီးယခုအခါပြင်းထန်တဲ့စွဲချက်များနှင့်တရားရုံးမှာရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ရီဘိုင်ရိုဟာပြိုင်ဘက်အား၁-၀ဂိုးဖြင့်ရှုံးနိမ့်နေတဲ့ဒုတိယပိုင်းပွဲချိန်၁၄မိနစ်တွင်ဒိုင်လူကြီးကိုခုန်ကန်ခဲ့ပြီးနောက်လဲကျနေစဉ်ခေါင်းကိုအားပါတဲ့ကန်ချက်ဖြင့်ထပ်မံကန်ခဲ့ပါတယ်။

သူဟာကွင်းထဲမှာပင်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရပါတယ်။ဒိုင်လူကြီးဟာရိုဘိုင်ရိုရဲ့ကန်ချက်ကြောင့်သတိမေ့သွားခဲ့ပြီးဆေးရုံသို့ရောက်ချိန်တွင်မှပြန်လည်သတိရလာခဲ့ပါတယ်။ဒါပေမယ့်ဒိုင်လူကြီးဟာဆရာဝန်ရဲ့အရေးပေါ်စောင့်ကြည့်ကုသမှုခံယူနေဆဲဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ရီဘိုင်ရိုဟာအမှုအားစစ်ဆေးမှုပြုလုပ်တဲ့ကာလအတွင်းမှာအချုပ်ခန်းအတွင်းတွင်ပင်နေထိုင်ရဦးမှာဖြစ်ပြီးအာမခံဖြင့်လွှတ်ပေးနိုင်ကြောင်းလည်းဆိုထားပါတယ်။

လတ်တလောတွင်ရီဘိုင်ရိုဟာဒိုင်လူကြီးကိုဘာကြောင့်တိုက်ခိုက်မှုပြုလုပ်ရသလဲဆိုတာ မသိရသေးပါဘူး။

ZawGyi

ဒိုင္လူႀကီးရဲ႕ေခါင္းကိုကန္ခဲ့တဲ့ ဘရာဇီးစတား လူသတ္ရန္ႀကိဳးပမ္းမႈျဖင့္ စြဲခ်က္တင္ခံရ

ဘရာဇီးေဘာလုံးသမားဝီလီယမ္ရီဘိုင္႐ိုဟာဒိုင္လူႀကီးတစ္ဦးကိုကန္ေက်ာက္မႈေၾကာင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရၿပီးေနာက္ယခုအခါလူသတ္ရန္ႀကိဳးပမ္းမႈျဖင့္စြဲခ်က္တင္ျခင္းခံလိုက္ရၿပီျဖစ္ပါတယ္။

ရီဘိုင္႐ိုဟာဆာအိုေပၚလိုအာအက္စ္ႏွင့္ဂြါရာနီတို႔ရဲ႕လိဂ္ပြဲစဥ္တြင္ဒိုင္လူႀကီး႐ိုဒရီဂိုခရီဗယ္လာ႐ိုကိုကန္ေက်ာက္ခဲ့တာျဖစ္ၿပီးယခုအခါျပင္းထန္တဲ့စြဲခ်က္မ်ားႏွင့္တရား႐ုံးမွာရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

ရီဘိုင္႐ိုဟာၿပိဳင္ဘက္အား၁-၀ဂိုးျဖင့္ရႈံးနိမ့္ေနတဲ့ဒုတိယပိုင္းပြဲခ်ိန္၁၄မိနစ္တြင္ဒိုင္လူႀကီးကိုခုန္ကန္ခဲ့ၿပီးေနာက္လဲက်ေနစဥ္ေခါင္းကိုအားပါတဲ့ကန္ခ်က္ျဖင့္ထပ္မံကန္ခဲ့ပါတယ္။

သူဟာကြင္းထဲမွာပင္ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးထိန္းသိမ္းမႈခံခဲ့ရပါတယ္။ဒိုင္လူႀကီးဟာ႐ိုဘိုင္႐ိုရဲ႕ကန္ခ်က္ေၾကာင့္သတိေမ့သြားခဲ့ၿပီးေဆး႐ုံသို႔ေရာက္ခ်ိန္တြင္မွျပန္လည္သတိရလာခဲ့ပါတယ္။ဒါေပမယ့္ဒိုင္လူႀကီးဟာဆရာဝန္ရဲ႕အေရးေပၚေစာင့္ၾကည့္ကုသမႈခံယူေနဆဲျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ရီဘိုင္႐ိုဟာအမႈအားစစ္ေဆးမႈျပဳလုပ္တဲ့ကာလအတြင္းမွာအခ်ဳပ္ခန္းအတြင္းတြင္ပင္ေနထိုင္ရဦးမွာျဖစ္ၿပီးအာမခံျဖင့္လႊတ္ေပးႏိုင္ေၾကာင္းလည္းဆိုထားပါတယ္။

လတ္တေလာတြင္ရီဘိုင္႐ိုဟာဒိုင္လူႀကီးကိုဘာေၾကာင့္တိုက္ခိုက္မႈျပဳလုပ္ရသလဲဆိုတာ မသိရေသးပါဘူး။