ဒိုင်လူကြီး ပြိုလဲကျမှုကြောင့် အိုင်ဗရီကို့စ်နှင့်အီသီယိုပီးယားတို့ရဲ့အာဖရိကဖလားခြေစစ်ပွဲကိုရပ်ဆိုင်းခဲ့ရ

အိုင်ဗရီကို့စ်အသင်းရဲ့အီသီယိုပီးယားအသင်းနဲ့အာဖရိကဖလားခြေစစ်ပွဲစဉ်မှာကွင်းအတွင်းတွင်ဒိုင်လူကြီးပြိုလဲကျမှုကြောင့်ပွဲကိုရပ်ဆိုင်းခဲ့ရကြောင်းသိရပါတယ်။

အိုင်ဗရီကို့စ်ကအီသီယိုပီးယားအား၃-၁ဂိုးဖြင့်အနိုင်ရရှိနေတဲ့ပွဲချိန်၈၀မိနစ်တွင်ဒိုင်လူကြီးချားလ်ဘူလူးဟာကျန်းမာရေးအခြေအနေမကောင်းမွန်မှုကြောင့်ကွင်းအပြင်သို့ကစားသမားများရဲ့အကူအညီနဲ့ထွက်ခွာခဲ့ရပါတယ်။

ဒိုင်လူကြီးဟာကစားသမားများရဲ့အကူအညီဖြင့်ကွင်းပြင်သို့ဖြည်းဖြည်းလေးလမ်းလျှောက်လာစဉ် ဆက်လက်မလျှောက်နိုင်တော့ဘဲမျက်စိမှိတ်ကာကွင်းအတွင်းမှာလဲကျခဲ့ပါတယ်။

ဘူလူးဟာကွင်းအတွင်းတွင်ဆေးကုသမှုခံယူပြီးနောက်လူနာတင်ထမ်းစဉ်ဖြင့်ကွင်းပြင်သို့ထွက်ခွာခဲ့ပါတယ်။မီဒီယာများရဲ့ဖော်ပြချက်အရဘူလူးကိုအရေးပေါ်လူနာတင်ယာဉ်ဖြင့်ဒေသတွင်းဆေးရုံသို့ခေါ်ဆောင်ကာဆေးစစ်ဆေးမှုခံယူစေခဲ့ကြောင်းသိရပါတယ်။ပွဲကိုလည်း၁၀မိနစ်ကြာအထိရပ်ဆိုင်းထားခဲ့ရပါတယ်။

အိုင်ဗရီကို့စ်နှင့်အီသီယိုပီးယားကိုအခြားဒိုင်လူကြီးတစ်ဦးကကိုင်တွယ်ရန်ချမှတ်ထားသော်လည်းယင်းဒိုင်လူကြီးမှာကိုဗစ်ကူးစက်ခြင်းခံရမှုကြောင့်ဘူလူးကိုကွင်းလယ်ဒိုင်လူကြီးအဖြစ်တာဝန်ယူရန်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

အိုင်ဗရီကို့စ်နှင့်အီသီယိုပီးယားတို့ရဲ့ပွဲကိုဘူလူးကကျန်းမာရေးအခြေအနေကြောင့်ဆက်လက်မကိုင်တွယ်နိုင်မှုနဲ့အတူကျန်ပွဲချိန်မိနစ်များကိုစတုတ္ထဒိုင်လူကြီးကဆက်လက်ကိုင်တွယ်ရမည်ဖြစ်သော်လည်းစတုတ္ထဒိုင်လူကြီးမှာအိုင်ဗရီကို့စ်နိုင်ငံသားဖြစ်နေမှုနှင့်အတူဘက်လက်ဆုံးဖြတ်လာမည်စိုးရိမ်ခဲ့ရတာကြောင့်လက်ထောက်ဒိုင်လူကြီးကလက်ကျန်ပွဲချိန်ကိုကိုင်တွယ်ခဲ့ပါတယ်။

အိုင်ဗရီကို့စ်အတွက်အနိုင်ဂိုးများကိုဝုဗ်နောက်ခံလူဝီလ်လီဘိုလီ၊အေစီမီလန်ရဲ့ကက်စီနှင့်ဂျိန်းစ်ကူယက်စ်စီတို့ကသွင်းယူခဲ့ကြပါတယ်။

အီသီယိုပီးယားဟာအိုင်ဗရီကို့စ်ကိုရှုံးနိမ့်သော်လည်းမာဒါဂါစကာနှင့်နီဂါတို့ဂိုးမရှိသရေကျမှုနဲ့အတူအိုင်ဗရီကို့စ်နှင့်အတူအာဖရိကဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။

ZawGyi

ဒိုင္လူႀကီး ၿပိဳလဲက်မႈေၾကာင့္ အိုင္ဗရီကို႔စ္ႏွင့္အီသီယိုပီးယားတို႔ရဲ႕အာဖရိကဖလားေျခစစ္ပြဲကိုရပ္ဆိုင္းခဲ့ရ

အိုင္ဗရီကို႔စ္အသင္းရဲ႕အီသီယိုပီးယားအသင္းနဲ႔အာဖရိကဖလားေျခစစ္ပြဲစဥ္မွာကြင္းအတြင္းတြင္ဒိုင္လူႀကီးၿပိဳလဲက်မႈေၾကာင့္ပြဲကိုရပ္ဆိုင္းခဲ့ရေၾကာင္းသိရပါတယ္။

အိုင္ဗရီကို႔စ္ကအီသီယိုပီးယားအား၃-၁ဂိုးျဖင့္အႏိုင္ရရွိေနတဲ့ပြဲခ်ိန္၈၀မိနစ္တြင္ဒိုင္လူႀကီးခ်ားလ္ဘူလူးဟာက်န္းမာေရးအေျခအေနမေကာင္းမြန္မႈေၾကာင့္ကြင္းအျပင္သို႔ကစားသမားမ်ားရဲ႕အကူအညီနဲ႔ထြက္ခြာခဲ့ရပါတယ္။

ဒိုင္လူႀကီးဟာကစားသမားမ်ားရဲ႕အကူအညီျဖင့္ကြင္းျပင္သို႔ျဖည္းျဖည္းေလးလမ္းေလွ်ာက္လာစဥ္ ဆက္လက္မေလွ်ာက္ႏိုင္ေတာ့ဘဲမ်က္စိမွိတ္ကာကြင္းအတြင္းမွာလဲက်ခဲ့ပါတယ္။

ဘူလူးဟာကြင္းအတြင္းတြင္ေဆးကုသမႈခံယူၿပီးေနာက္လူနာတင္ထမ္းစဥ္ျဖင့္ကြင္းျပင္သို႔ထြက္ခြာခဲ့ပါတယ္။မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဘူလူးကိုအေရးေပၚလူနာတင္ယာဥ္ျဖင့္ေဒသတြင္းေဆး႐ုံသို႔ေခၚေဆာင္ကာေဆးစစ္ေဆးမႈခံယူေစခဲ့ေၾကာင္းသိရပါတယ္။ပြဲကိုလည္း၁၀မိနစ္ၾကာအထိရပ္ဆိုင္းထားခဲ့ရပါတယ္။

အိုင္ဗရီကို႔စ္ႏွင့္အီသီယိုပီးယားကိုအျခားဒိုင္လူႀကီးတစ္ဦးကကိုင္တြယ္ရန္ခ်မွတ္ထားေသာ္လည္းယင္းဒိုင္လူႀကီးမွာကိုဗစ္ကူးစက္ျခင္းခံရမႈေၾကာင့္ဘူလူးကိုကြင္းလယ္ဒိုင္လူႀကီးအျဖစ္တာဝန္ယူရန္ခ်မွတ္ခဲ့ျခင္းျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္ႏွင့္အီသီယိုပီးယားတို႔ရဲ႕ပြဲကိုဘူလူးကက်န္းမာေရးအေျခအေနေၾကာင့္ဆက္လက္မကိုင္တြယ္ႏိုင္မႈနဲ႔အတူက်န္ပြဲခ်ိန္မိနစ္မ်ားကိုစတုတၳဒိုင္လူႀကီးကဆက္လက္ကိုင္တြယ္ရမည္ျဖစ္ေသာ္လည္းစတုတၳဒိုင္လူႀကီးမွာအိုင္ဗရီကို႔စ္ႏိုင္ငံသားျဖစ္ေနမႈႏွင့္အတူဘက္လက္ဆုံးျဖတ္လာမည္စိုးရိမ္ခဲ့ရတာေၾကာင့္လက္ေထာက္ဒိုင္လူႀကီးကလက္က်န္ပြဲခ်ိန္ကိုကိုင္တြယ္ခဲ့ပါတယ္။

အိုင္ဗရီကို႔စ္အတြက္အႏိုင္ဂိုးမ်ားကိုဝုဗ္ေနာက္ခံလူဝီလ္လီဘိုလီ၊ေအစီမီလန္ရဲ႕ကက္စီႏွင့္ဂ်ိန္းစ္ကူယက္စ္စီတို႔ကသြင္းယူခဲ့ၾကပါတယ္။

အီသီယိုပီးယားဟာအိုင္ဗရီကို႔စ္ကိုရႈံးနိမ့္ေသာ္လည္းမာဒါဂါစကာႏွင့္နီဂါတို႔ဂိုးမရွိသေရက်မႈနဲ႔အတူအိုင္ဗရီကို႔စ္ႏွင့္အတူအာဖရိကဖလားေျခစစ္ပြဲေအာင္ျမင္သြားခဲ့ပါတယ္။