ဒိုင်လူကြီး အဝတ်အစားလဲခန်းသို့ ဝင်ရောက်သောင်းကျန်းခဲ့တဲ့ ပီအက်စ်ဂျီဥက္ကဌစွဲချက်တင်ခံရ

ပီအက်စ်ဂျီဥက္ကဌနက်စ်ဆာအယ်ခီလိုင်ဖီဟာရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ကာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပြီးနောက်အကြီးအကျယ်ဒေါသထွက်ကာဒိုင်လူကြီးအဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။

ပီအက်စ်ဂျီဟာပဲရစ်တွင်ကစားတဲ့ပထမအကျော့တုန်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့အသင်းဖြစ်ပြီး ဘာနေဗျူးပွဲစဉ်တွင်လည်းကိုင်လီယန်ဘက်ပေးရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါ့ပေမဲ့ဒုတိယပိုင်းတွင်ကာရမ်ဘန်ဇီးမားက၁၇မိနစ်အတွင်းဟက်ထရစ်သွင်းယူမှုနဲ့အတူ ရီးရဲလ်မက်ဒရစ်ကနှစ်ကျော့ပေါင်းရလဒ်၃-၂ဖြင့်အနိုင်ရရှိပြီးကွာတားဖိုင်နယ်သို့တက်ရောက်ခဲ့ပါတယ်။

ကာရမ်ဘန်ဇီးမားရရှိသွားတဲ့ပထမဂိုးကအငြင်းပွားစရာရှိခဲ့ပါတယ်။ဘန်ဇီးမားဟာတုံ့ဆိုင်းနေတဲ့ပီအက်စ်ဂျီဂိုးသမားဒွန်နာရမ်မာကိုတွန်းတိုက်လဲကျအောင်လုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်းပီအက်စ်ဂျီပိုင်ရှင်ဟာအကြီးအကျယ်ဒေါသထွက်ကာ ပွဲအပြီးတွင်ဒိုင်လူကြီးအဝတ်အစားလဲခန်းအတွင်းသို့ဒေါသတကြီးဝင်ရောက်ပြီး ပစ္စည်းအချို့ကိုဖျက်ဆီးခြင်းပြုလုပ်ခဲ့ပါတယ်။

ယခုအခါယူအီးအက်ဖ်အေဟာဒိုင်လူကြီးအဝတ်အစားလဲခန်းသို့ဝင်ရောက်ကာသောင်းကျန်းခဲ့တဲ့အယ်ခီလိုင်ဖီကိုစွဲချက်တင်လာပြီဖြစ်ပါတယ်။

ZawGyi

ဒိုင္လူႀကီး အဝတ္အစားလဲခန္းသို႔ ဝင္ေရာက္ေသာင္းက်န္းခဲ့တဲ့ ပီအက္စ္ဂ်ီဥကၠဌစြဲခ်က္တင္ခံရ

ပီအက္စ္ဂ်ီဥကၠဌနက္စ္ဆာအယ္ခီလိုင္ဖီဟာရီးရဲလ္မက္ဒရစ္ကိုရႈံးနိမ့္ကာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္အႀကီးအက်ယ္ေဒါသထြက္ကာဒိုင္လူႀကီးအဝတ္အစားလဲခန္းအတြင္းသို႔ဝင္ေရာက္ခဲ့ေၾကာင္းသိရပါတယ္။

ပီအက္စ္ဂ်ီဟာပဲရစ္တြင္ကစားတဲ့ပထမအေက်ာ့တုန္းက ၁-၀ ဂိုးျဖင့္ အႏိုင္ရရွိခဲ့တဲ့အသင္းျဖစ္ၿပီး ဘာေနဗ်ဴးပြဲစဥ္တြင္လည္းကိုင္လီယန္ဘက္ေပးရဲ႕ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါ့ေပမဲ့ဒုတိယပိုင္းတြင္ကာရမ္ဘန္ဇီးမားက၁၇မိနစ္အတြင္းဟက္ထရစ္သြင္းယူမႈနဲ႔အတူ ရီးရဲလ္မက္ဒရစ္ကႏွစ္ေက်ာ့ေပါင္းရလဒ္၃-၂ျဖင့္အႏိုင္ရရွိၿပီးကြာတားဖိုင္နယ္သို႔တက္ေရာက္ခဲ့ပါတယ္။

ကာရမ္ဘန္ဇီးမားရရွိသြားတဲ့ပထမဂိုးကအျငင္းပြားစရာရွိခဲ့ပါတယ္။ဘန္ဇီးမားဟာတုံ႔ဆိုင္းေနတဲ့ပီအက္စ္ဂ်ီဂိုးသမားဒြန္နာရမ္မာကိုတြန္းတိုက္လဲက်ေအာင္လုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းပီအက္စ္ဂ်ီပိုင္ရွင္ဟာအႀကီးအက်ယ္ေဒါသထြက္ကာ ပြဲအၿပီးတြင္ဒိုင္လူႀကီးအဝတ္အစားလဲခန္းအတြင္းသို႔ေဒါသတႀကီးဝင္ေရာက္ၿပီး ပစၥည္းအခ်ိဳ႕ကိုဖ်က္ဆီးျခင္းျပဳလုပ္ခဲ့ပါတယ္။

ယခုအခါယူအီးအက္ဖ္ေအဟာဒိုင္လူႀကီးအဝတ္အစားလဲခန္းသို႔ဝင္ေရာက္ကာေသာင္းက်န္းခဲ့တဲ့အယ္ခီလိုင္ဖီကိုစြဲခ်က္တင္လာၿပီျဖစ္ပါတယ္။