
ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းမတ်ကလက်တင်ဘတ်ဟာအီဂျစ်ဒိုင်လူကြီးကော်မတီဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ပြီးငါးလအကြာမှာဘဲရာထူးမှနုတ်ထွက်လိုက်ပါတယ်။
အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကအသက်၄၇နှစ်ရှိအင်္ဂလိပ်လူမျိုးဒိုင်နှင့်စာချုပ်ဖျက်သိမ်းရန်သဘောတူညီမှုရရှိခဲ့ကြောင်းကြေညာသွားပါတယ်။
မတ်ကလက်တင်ဘတ်ဟာယခုအပတ်အစောပိုင်းတုန်းကအီဂျစ်ထိပ်သီးဇာမာလက်ကလပ်ရဲ့ဥက္ကဌမော်တာဒါမန်ဆော်ရဲ့အပြင်းအထန်ဝေဖန်မှုခံခဲ့ရပြီးနောက်နုတ်ထွက်လာတာဖြစ်ပါတယ်။
မော်တာဒါမန်ဆော်ကမတ်ကလက်တင်ဘတ်မှာဇနီးကိုစွန့်ခွာပြီးလိင်တူတွဲလာသူဖြစ်ကြောင်းပုဂ္ဂိုလ်ရေးပိုင်းစွပ်စွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
မတ်ကလက်တင်ဘတ်ဟာဘောလုံးလိဂ်တွင်သုံးရာသီကြာတာဝန်ထမ်းဆောင်ပြီးနောက်၂၀၀၄ခုနှစ်တွင်ပရီးမီးယားလိဂ်ဒိုင်လူကြီးဖြစ်လာသူဖြစ်ပြီး၂၀၁၇ခုနှစ်၊ဧပြီလတွင်ပရီးမီးယားလိဂ်ဒိုင်အဖြစ်မှအနားယူခဲ့ပါတယ်။
အီဂျစ်နိုင်ငံတွင်အရေးပါတဲ့ပွဲကြီးများကိုနိုင်ငံခြားသားဒိုင်လူကြီးများငှားရမ်းအသုံးပြုနေပါတယ်။မတ်ကလက်တင်ဘတ်ဟာအီဂျစ်တွင်တာဝန်ထမ်းဆောင်ရန် ထိပ်တန်းဒိုင်လူကြီးများကိုငှားရမ်းပေးရာအခက်တွေ့နေခဲ့သူလည်းဖြစ်ပါတယ်။
သူဟာဩဂုတ်လမှစတင်ကာအီဂျစ်ဒိုင်ကော်မတီဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်လာတာဖြစ်ပြီးနှစ်လစာလုပ်ခမရသေးပါဘူး။သူဟာတစ်လလျှင်ပေါင်၃၂၀၀၀ဖြင့်အလုပ်လုပ်နေခဲ့တာလည်းဖြစ်ပါတယ်။
သူဟာပရီးမီးယားလိဂ်ဒိုင်အဖြစ်မှအနားယူပြီးနောက်ဆော်ဒီ၊တရုတ်နှင့်ဂရိတို့တွင်လည်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ZawGyi
ဒိုင္အျဖစ္ တာဝန္ထမ္းေဆာင္ၿပီး ၅ လအၾကာမွာ အီဂ်စ္မွ ထြက္ေျပးခဲ့ရတဲ့ မတ္ကလက္တင္ဘတ္
ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္းမတ္ကလက္တင္ဘတ္ဟာအီဂ်စ္ဒိုင္လူႀကီးေကာ္မတီဥကၠဌအျဖစ္တာဝန္ထမ္းေဆာင္ၿပီးငါးလအၾကာမွာဘဲရာထူးမွႏုတ္ထြက္လိုက္ပါတယ္။
အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကအသက္၄၇ႏွစ္ရွိအဂၤလိပ္လူမ်ိဳးဒိုင္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းရန္သေဘာတူညီမႈရရွိခဲ့ေၾကာင္းေၾကညာသြားပါတယ္။
မတ္ကလက္တင္ဘတ္ဟာယခုအပတ္အေစာပိုင္းတုန္းကအီဂ်စ္ထိပ္သီးဇာမာလက္ကလပ္ရဲ႕ဥကၠဌေမာ္တာဒါမန္ေဆာ္ရဲ႕အျပင္းအထန္ေဝဖန္မႈခံခဲ့ရၿပီးေနာက္ႏုတ္ထြက္လာတာျဖစ္ပါတယ္။
ေမာ္တာဒါမန္ေဆာ္ကမတ္ကလက္တင္ဘတ္မွာဇနီးကိုစြန႔္ခြာၿပီးလိင္တူတြဲလာသူျဖစ္ေၾကာင္းပုဂၢိဳလ္ေရးပိုင္းစြပ္စြဲတိုက္ခိုက္မႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။
မတ္ကလက္တင္ဘတ္ဟာေဘာလုံးလိဂ္တြင္သုံးရာသီၾကာတာဝန္ထမ္းေဆာင္ၿပီးေနာက္၂၀၀၄ခုႏွစ္တြင္ပရီးမီးယားလိဂ္ဒိုင္လူႀကီးျဖစ္လာသူျဖစ္ၿပီး၂၀၁၇ခုႏွစ္၊ဧၿပီလတြင္ပရီးမီးယားလိဂ္ဒိုင္အျဖစ္မွအနားယူခဲ့ပါတယ္။
အီဂ်စ္ႏိုင္ငံတြင္အေရးပါတဲ့ပြဲႀကီးမ်ားကိုႏိုင္ငံျခားသားဒိုင္လူႀကီးမ်ားငွားရမ္းအသုံးျပဳေနပါတယ္။မတ္ကလက္တင္ဘတ္ဟာအီဂ်စ္တြင္တာဝန္ထမ္းေဆာင္ရန္ ထိပ္တန္းဒိုင္လူႀကီးမ်ားကိုငွားရမ္းေပးရာအခက္ေတြ႕ေနခဲ့သူလည္းျဖစ္ပါတယ္။
သူဟာဩဂုတ္လမွစတင္ကာအီဂ်စ္ဒိုင္ေကာ္မတီဥကၠဌအျဖစ္တာဝန္ထမ္းေဆာင္လာတာျဖစ္ၿပီးႏွစ္လစာလုပ္ခမရေသးပါဘူး။သူဟာတစ္လလွ်င္ေပါင္၃၂၀၀၀ျဖင့္အလုပ္လုပ္ေနခဲ့တာလည္းျဖစ္ပါတယ္။
သူဟာပရီးမီးယားလိဂ္ဒိုင္အျဖစ္မွအနားယူၿပီးေနာက္ေဆာ္ဒီ၊တ႐ုတ္ႏွင့္ဂရိတို႔တြင္လည္းတာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။