ဒိုင်အဖွဲ့ချုပ်က VAR မှားယွင်းကာ အနီကတ်မပြခဲ့ကြောင်း ဝန်ခံပေမဲ့ ဖာဘင်ဟို ဘာကြောင့် ၃ ပွဲပယ်မခံရတာလဲ?

လီဗာပူးကွင်းလယ်ကစားသမားဖာဘင်ဟိုဟာဘရိုက်တန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့အက်ဖ်အေဖလားပွဲစဉ်တွင်အီဗန့်ဖာဂူဆန်ကိုနောက်မှကြမ်းတမ်းစွာဖျက်ထုတ်ခဲ့မှုအတွက်အနီကတ်ပြသခံရသင့်ကြောင်း ဒိုင်လူကြီးအဖွဲ့ချုပ်ကဝန်ခံလာခဲ့ပေမဲ့ပွဲပယ်ပြစ်ဒဏ်ကျခံရလာမှာမဟုတ်ပါဘူး။

ဘရာဇီးကွင်းလယ်ကစားသမားဟာပွဲချိန်၈၅မိနစ်တွင်စတီဖန်ဘာစီတစ်အစား လူစားဝင်ရောက်လာပြီးနောက်ချက်ချင်းဆိုသလိုပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

သူဟာကွင်းထဲဝင်ရောက်လာပြီးနောက်မကြာမီမှာပင် အကောင်းဆုံးပုံစံရရှိနေတဲ့ဘရိုက်တန်တိုက်စစ်မှူးဖာဂူဆန်ကိုနောက်မှဖျက်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာနောက်ကနေဖာဂူဆန်ရဲ့ဖနောင့်ကိုဖျက်ထုတ်ခဲ့တာဖြစ်ပြီး အိုင်ယာလန်ကစားသမားမှာဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။

မိုနာကိုကွင်းလယ်ကစားသမားဟောင်းဟာသူ့အမှားကိုသူသိပြီးအံကြိတ်နေခဲ့သလိုလက်ထောင်ပြခဲ့ပါတယ်။

ဒိုင်လူကြီးဒေးဗစ်ကိုးတီဟာဖာဘင်ဟိုကိုအဝါကတ်သာပြခဲ့ပါတယ်။VAR ကယင်းဖြစ်ရပ်ကိုစစ်ဆေးမှုပြုလုပ်ခဲ့ပေမဲ့လည်းအနီကတ်သို့တိုးမြှင့်ပြသစေခဲ့ခြင်းမရှိပါဘူး။

ပရော်ဖက်ရှင်နယ်ပွဲဒိုင်လူကြီးများအဖွဲ့ချုပ်ကဖာဘင်ဟိုရဲ့ဖျက်ထုတ်မှုအလွန်ကြမ်းတမ်းမှုနဲ့အတူ အနီကတ်ပြသင့်ကြောင်းဝန်ခံခဲ့ပါတယ်။

ဒိုင်အဖွဲ့ချုပ်က မှားယွင်းကြောင်းဝန်ခံခဲ့ပေမဲ့လည်းဖာဘင်ဟိုဟာယင်းကျူးလွန်မှုအတွက်၃ပွဲပယ်ခံရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ယင်းဖြစ်ရပ်ကိုဒိုင်လူကြီးကတွေ့ရှိကာကွင်းအတွင်းမှာပင်အဝါကတ်ပြသခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့်လည်းဖာဘင်ဟိုအနေဖြင့်ပွဲပယ်ခြင်းခံရမှာမဟုတ်ပါဘူး။

ZawGyi

ဒိုင္အဖြဲ႕ခ်ဳပ္က VAR မွားယြင္းကာ အနီကတ္မျပခဲ့ေၾကာင္း ဝန္ခံေပမဲ့ ဖာဘင္ဟို ဘာေၾကာင့္ ၃ ပြဲပယ္မခံရတာလဲ?

လီဗာပူးကြင္းလယ္ကစားသမားဖာဘင္ဟိုဟာဘ႐ိုက္တန္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့အက္ဖ္ေအဖလားပြဲစဥ္တြင္အီဗန႔္ဖာဂူဆန္ကိုေနာက္မွၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့မႈအတြက္အနီကတ္ျပသခံရသင့္ေၾကာင္း ဒိုင္လူႀကီးအဖြဲ႕ခ်ဳပ္ကဝန္ခံလာခဲ့ေပမဲ့ပြဲပယ္ျပစ္ဒဏ္က်ခံရလာမွာမဟုတ္ပါဘူး။

ဘရာဇီးကြင္းလယ္ကစားသမားဟာပြဲခ်ိန္၈၅မိနစ္တြင္စတီဖန္ဘာစီတစ္အစား လူစားဝင္ေရာက္လာၿပီးေနာက္ခ်က္ခ်င္းဆိုသလိုျပစ္ဒဏ္က်ဴးလြန္ခဲ့တာျဖစ္ပါတယ္။

သူဟာကြင္းထဲဝင္ေရာက္လာၿပီးေနာက္မၾကာမီမွာပင္ အေကာင္းဆုံးပုံစံရရွိေနတဲ့ဘ႐ိုက္တန္တိုက္စစ္မႉးဖာဂူဆန္ကိုေနာက္မွဖ်က္ထုတ္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာေနာက္ကေနဖာဂူဆန္ရဲ႕ဖေနာင့္ကိုဖ်က္ထုတ္ခဲ့တာျဖစ္ၿပီး အိုင္ယာလန္ကစားသမားမွာဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။

မိုနာကိုကြင္းလယ္ကစားသမားေဟာင္းဟာသူ႔အမွားကိုသူသိၿပီးအံႀကိတ္ေနခဲ့သလိုလက္ေထာင္ျပခဲ့ပါတယ္။

ဒိုင္လူႀကီးေဒးဗစ္ကိုးတီဟာဖာဘင္ဟိုကိုအဝါကတ္သာျပခဲ့ပါတယ္။VAR ကယင္းျဖစ္ရပ္ကိုစစ္ေဆးမႈျပဳလုပ္ခဲ့ေပမဲ့လည္းအနီကတ္သို႔တိုးျမႇင့္ျပသေစခဲ့ျခင္းမရွိပါဘူး။

ပေရာ္ဖက္ရွင္နယ္ပြဲဒိုင္လူႀကီးမ်ားအဖြဲ႕ခ်ဳပ္ကဖာဘင္ဟိုရဲ႕ဖ်က္ထုတ္မႈအလြန္ၾကမ္းတမ္းမႈနဲ႔အတူ အနီကတ္ျပသင့္ေၾကာင္းဝန္ခံခဲ့ပါတယ္။

ဒိုင္အဖြဲ႕ခ်ဳပ္က မွားယြင္းေၾကာင္းဝန္ခံခဲ့ေပမဲ့လည္းဖာဘင္ဟိုဟာယင္းက်ဴးလြန္မႈအတြက္၃ပြဲပယ္ခံရမွာမဟုတ္ပါဘူး။ဘာေၾကာင့္လဲဆိုေတာ့ယင္းျဖစ္ရပ္ကိုဒိုင္လူႀကီးကေတြ႕ရွိကာကြင္းအတြင္းမွာပင္အဝါကတ္ျပသခဲ့လို႔ျဖစ္ပါတယ္။ဒါေၾကာင့္လည္းဖာဘင္ဟိုအေနျဖင့္ပြဲပယ္ျခင္းခံရမွာမဟုတ္ပါဘူး။