ဒီဂီယာနှင့် နေရာလုပွဲတွင် ရှုံးနိမ့်သွားတဲ့ ဟင်ဒါဆင်ကို ၁၈လအငှားဖြင့် ထွက်ခွာခွင့်ပေးမယ့် သရဲနီ

မန်ချက်စတာယူနိုက်တက်ဟာဒိန်းဟင်ဒါဆင်ကို၁၈လအငှားဖြင့်ထွက်ခွာခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။အသက်၂၄နှစ်ရှိဒီဂီယာဟာမန်ယူနံပါတ်တစ်ဂိုးသမားနေရာအတွက်ဒီဂီယာနှင့်ယှဉ်ပြိုင်ရာမှာအရေးနိမ့်ခဲ့သူဖြစ်ပါတယ်။

မန်ယူအသင်းတာဝန်ရှိသူများဟာဒိန်းဟင်ဒါဆင်ကဲ့သို့အလားအလာကောင်းများပိုင်ဆိုင်ထားတဲ့ဂိုးသမားတစ်ဦးကိုအရန်ခုံတွင်ထိုင်ပြီးအချိန်မဖြုန်းစေလိုဘဲအငှားချရန်စီစဉ်နေပါတယ်။

မန်ယူအသင်းတာဝန်ရှိသူများဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဟင်ဒါဆင်ကိုသင့်တော်တဲ့ပရီးမီးယားလိဂ်ကလပ်တစ်ခုသို့အငှားချထားမှာလည်းဖြစ်ပါတယ်။

အင်္ဂလန်အတွက်တစ်ပွဲကစားထားတဲ့ဒိန်းဟင်ဒါဆင်ဟာယခုရာသီတွင်နေရာပျောက်မှုနဲ့အတူအင်္ဂလန်အသင်းတွင်လည်းနေရာပျောက်လာခဲ့သူဖြစ်ပါတယ်။

ဒိန်းဟင်ဒါဆင်ဟာပြီးခဲ့တဲ့ရာသီတုန်းကမန်ယူဂိုးသမားနေရာအတွက်ဒီဂီယာကိုစိန်ခေါ်နိုင်ခဲ့သော်လည်းနွေရာသီတုန်းကကိုဗစ်ကူးစက်ခံရပြီးနောက်ကိုယ်ခံအားကျဆင်းကာနေရာရရှိရန်ရုန်းကန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကမန်ယူအတွက်၂၄ပွဲအထိကစားခွင့်ရရှိခဲ့တဲ့သူဟာယခုရာသီမှာဝက်စ်ဟမ်းကိုရှုံးနိမ့်ကာခါရာဘောင်မှထွက်ခွာခဲ့ရတဲ့ပွဲတစ်ပွဲတည်းသာကစားခွင့်ရထားပါတယ်။

ZawGyi

ဒီဂီယာႏွင့္ ေနရာလုပြဲတြင္ ရႈံးနိမ့္သြားတဲ့ ဟင္ဒါဆင္ကို ၁၈လအငွားျဖင့္ ထြက္ခြာခြင့္ေပးမယ့္ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္ဟာဒိန္းဟင္ဒါဆင္ကို၁၈လအငွားျဖင့္ထြက္ခြာခြင့္ေပးသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။အသက္၂၄ႏွစ္ရွိဒီဂီယာဟာမန္ယူနံပါတ္တစ္ဂိုးသမားေနရာအတြက္ဒီဂီယာႏွင့္ယွဥ္ၿပိဳင္ရာမွာအေရးနိမ့္ခဲ့သူျဖစ္ပါတယ္။

မန္ယူအသင္းတာဝန္ရွိသူမ်ားဟာဒိန္းဟင္ဒါဆင္ကဲ့သို႔အလားအလာေကာင္းမ်ားပိုင္ဆိုင္ထားတဲ့ဂိုးသမားတစ္ဦးကိုအရန္ခုံတြင္ထိုင္ၿပီးအခ်ိန္မျဖဳန္းေစလိုဘဲအငွားခ်ရန္စီစဥ္ေနပါတယ္။

မန္ယူအသင္းတာဝန္ရွိသူမ်ားဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဟင္ဒါဆင္ကိုသင့္ေတာ္တဲ့ပရီးမီးယားလိဂ္ကလပ္တစ္ခုသို႔အငွားခ်ထားမွာလည္းျဖစ္ပါတယ္။

အဂၤလန္အတြက္တစ္ပြဲကစားထားတဲ့ဒိန္းဟင္ဒါဆင္ဟာယခုရာသီတြင္ေနရာေပ်ာက္မႈနဲ႔အတူအဂၤလန္အသင္းတြင္လည္းေနရာေပ်ာက္လာခဲ့သူျဖစ္ပါတယ္။

ဒိန္းဟင္ဒါဆင္ဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူဂိုးသမားေနရာအတြက္ဒီဂီယာကိုစိန္ေခၚႏိုင္ခဲ့ေသာ္လည္းေႏြရာသီတုန္းကကိုဗစ္ကူးစက္ခံရၿပီးေနာက္ကိုယ္ခံအားက်ဆင္းကာေနရာရရွိရန္႐ုန္းကန္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူအတြက္၂၄ပြဲအထိကစားခြင့္ရရွိခဲ့တဲ့သူဟာယခုရာသီမွာဝက္စ္ဟမ္းကိုရႈံးနိမ့္ကာခါရာေဘာင္မွထြက္ခြာခဲ့ရတဲ့ပြဲတစ္ပြဲတည္းသာကစားခြင့္ရထားပါတယ္။