ဒီဂီယာပင်နယ်တီမဝင်မှုကြောင့် ယူရိုပါလိဂ်ဖလားနဲ့ လွဲခဲ့ရတဲ့ သရဲနီ

မန်ယူဟာဗီလာရီးရဲလ်နဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာဂိုးသမားဒေးဗစ်ဒီဂီယာရဲ့ပင်နယ်တီလွဲချော်မှုနဲ့အတူဆုဖလားနှင့်လွဲချော်ခဲ့ရပြန်ပါတယ်။

စပိန်ဂိုးသမားဒေးဗစ်ဒီဂီယာဟာဗီလာရီးရဲလ်ရဲ့ပင်နယ်တီ၁၁လုံးကိုကာကွယ်နိုင်ခြင်းမရှိခဲ့သလိုသူ့ရဲ့ပင်နယ်တီကန်သွင်းချက်ကိုလည်းဗီလာရီးရဲလ်ဂိုးသမားဂီရိုနီမိုရူလ်လီကကာကွယ်သွားခဲ့ပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှဗီလာရီးရဲလ်ဟာမိုရီနိုရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးကာဗာနီကမန်ယူအတွက်ချေပဂိုးသွင်းခဲ့လို့ပွဲချိန်အတွင်းတစ်ဂိုးစီသရေကျနေကာပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

မန်ယူဘက်မှဂျူအန်မာတာ၊အဲလက်စ်တဲလ်လက်စ်၊ဘရူနိုဖာနန်ဒက်စ်၊မားကပ်စ်ရပ်ရှ်ဖို့ဒ်၊အက်ဒီဆင်ကာဗာနီ၊ဖရက်၊ဒန်ဂျိမ်းစ်၊လုခ်ရှော၊တွန်ဇီဘီ၊ဗစ်တာလင်ဒီလော့ဖ်တို့ပင်နယ်တီဝင်ခဲ့ကြပါတယ်။

ဗီလာရီးရဲလ်ဘက်မှလည်းဂိုးသမားရူလ်လီက၁၁လုံးမြောက်ပင်နယ်တီအထိအထိဝင်ခဲ့ပါတယ်။ဒါပေမယ့်နောက်ဆုံးဒီဂီယာကန်သွင်းမှုကိုရူလ်လီကကာကွယ်သွားနိုင်ခဲ့ကာဗီလာရီးရဲလ်ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဗီလာရီးရဲလ်နည်းပြအူနိုင်းအမ်မရီဟာဆီဗီလာနှင့်အတူယူရိုပါလိဂ်ဖလားသုံးကြိမ်ဆွတ်ခူးခဲ့ဖူးပြီးယူရိုပါလိဂ်ဖလား၄ကြိမ်ဖြင့်ယူရိုပါလိဂ်အများဆုံးဆွတ်ခူးထားနိုင်တဲ့နည်းပြဖြစ်လာပါတယ်။

ZawGyi

ဒီဂီယာပင္နယ္တီမဝင္မႈေၾကာင့္ ယူ႐ိုပါလိဂ္ဖလားနဲ႔ လြဲခဲ့ရတဲ့ သရဲနီ

မန္ယူဟာဗီလာရီးရဲလ္နဲ႔ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာဂိုးသမားေဒးဗစ္ဒီဂီယာရဲ႕ပင္နယ္တီလြဲေခ်ာ္မႈနဲ႔အတူဆုဖလားႏွင့္လြဲေခ်ာ္ခဲ့ရျပန္ပါတယ္။

စပိန္ဂိုးသမားေဒးဗစ္ဒီဂီယာဟာဗီလာရီးရဲလ္ရဲ႕ပင္နယ္တီ၁၁လုံးကိုကာကြယ္ႏိုင္ျခင္းမရွိခဲ့သလိုသူ႔ရဲ႕ပင္နယ္တီကန္သြင္းခ်က္ကိုလည္းဗီလာရီးရဲလ္ဂိုးသမားဂီ႐ိုနီမို႐ူလ္လီကကာကြယ္သြားခဲ့ပါတယ္။

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲစဥ္မွဗီလာရီးရဲလ္ဟာမိုရီႏိုရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးကာဗာနီကမန္ယူအတြက္ေခ်ပဂိုးသြင္းခဲ့လို႔ပြဲခ်ိန္အတြင္းတစ္ဂိုးစီသေရက်ေနကာပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။

မန္ယူဘက္မွဂ်ဴအန္မာတာ၊အဲလက္စ္တဲလ္လက္စ္၊ဘ႐ူႏိုဖာနန္ဒက္စ္၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊အက္ဒီဆင္ကာဗာနီ၊ဖရက္၊ဒန္ဂ်ိမ္းစ္၊လုခ္ေရွာ၊တြန္ဇီဘီ၊ဗစ္တာလင္ဒီေလာ့ဖ္တို႔ပင္နယ္တီဝင္ခဲ့ၾကပါတယ္။

ဗီလာရီးရဲလ္ဘက္မွလည္းဂိုးသမား႐ူလ္လီက၁၁လုံးေျမာက္ပင္နယ္တီအထိအထိဝင္ခဲ့ပါတယ္။ဒါေပမယ့္ေနာက္ဆုံးဒီဂီယာကန္သြင္းမႈကို႐ူလ္လီကကာကြယ္သြားႏိုင္ခဲ့ကာဗီလာရီးရဲလ္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ဗီလာရီးရဲလ္နည္းျပအူႏိုင္းအမ္မရီဟာဆီဗီလာႏွင့္အတူယူ႐ိုပါလိဂ္ဖလားသုံးႀကိမ္ဆြတ္ခူးခဲ့ဖူးၿပီးယူ႐ိုပါလိဂ္ဖလား၄ႀကိမ္ျဖင့္ယူ႐ိုပါလိဂ္အမ်ားဆုံးဆြတ္ခူးထားႏိုင္တဲ့နည္းျပျဖစ္လာပါတယ္။