ဒီဂီယာဝေဖန်ခံနေရခြင်းမှာ မန်ယူနည်းပြအဖွဲ့နဲ့ခံစစ်ကြောင့်ဟု နည်းပြဟောင်းဝေဖန်

ဒေးဗစ်ဒီဂီယာမှာမန်ယူနည်းပြအဖွဲ့နှင့်ယိုယွင်းတဲ့ခံစစ်ကြောင်းကြောင့်အခက်အခဲများနှင့်ရင်ဆိုင်နေရခြင်းဖြစ်ကြောင်းနည်းပြဟောင်းဂါဘီနိုရိုဒရီဂွက်ဇ်ကပြောကြားလိုက်ပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဒီဂီယာဟာပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းကဗီလာရီးရဲလ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ပြိုင်ဘက်ရဲ့ပင်နယ်တီ၁၁ကြိမ်စလုံးကိုမကာကွယ်နိုင်မှုအတွက်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ယင်းသို့ဝေဖန်မှုများနှင့်အတူဒီဂီယာဟာလာမယ့်ဘောလုံးရာသီမှာအသက်၂၄နှစ်ရှိအင်္ဂလန်လက်ရွေးစင်ဂိုးသမားဒိန်းဟင်ဒါဆင်အားနံပါတ်တစ်ဂိုးသမားနေရာကိုလွဲပြောင်းပေးရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။

ရိုဒရီဂွက်ဇ်ဟာစပိန်ယူ-၂၁အသင်းတွင်ဒီဂီယာနှင့်လမ်းတွဲခဲ့ဖူးသူဖြစ်ပါတယ်။၎င်းက “အသင်းတစ်သင်းရဲ့စစ်မှန်တဲ့ရောင်ပြန်စရိုက်ဆိုတာနည်းပြကြောင့်ပါ။ဆာအဲလက်စ်ဖာဂူဆန်လက်ထက်တုန်းကအသင်း(မန်ယူ)ကိုကြည့်ပါလား။အဲဒီအသင်းကိုကြည့်လိုက်ရင်ညှာတာမှုမဲ့တာတွေ့ရပါမယ်။ဒါပေမယ့်အိုလီရဲ့အသင်းကတော့သားမွှေးအိတ်ထက်တောင်နူးညံ့သေးတယ်။ပြီးတော့ဒေးဗစ်ဟာအမှားများလွန်းတဲ့ခံစစ်ကြောင့်လည်းဒုက္ခရောက်ရပါသေးတယ်။ကိုယ့်အသင်းရဲ့အတော်ဆုံးကစားသမားကိုအကာအကွယ်ပေးရပါမယ်။ဒါပေမယ့်အလယ်တန်းနဲ့ခံစစ်အကြားမှာရှုပ်ထွေးနေပါတယ်။အခြေခံအားဖြင့်ပြောရမယ်ဆိုရင်အိုလီရဲ့အသင်းကခံစစ်ပိုင်းကအရမ်းဆိုးတယ်။ဗဟိုနောက်ခံလူနှစ်ဦးကနှေးတယ်။အာရုံစိုက်မှုနည်းတယ်။ပြီးတော့ဆိုးလ်ရှားအသင်းမှာအားနည်းတာကနည်းစနစ်ပိုင်းအားနည်းတာပါ။မန်ယူခံစစ်ကဒီဂီယာကိုတန်ဖိုးကျအောင်လုပ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဒီဂီယာေဝဖန္ခံေနရျခင္းမွာ မန္ယူနည္းျပအဖြဲ႕နဲ႔ခံစစ္ေၾကာင့္ဟု နည္းျပေဟာင္းေဝဖန္

ေဒးဗစ္ဒီဂီယာမွာမန္ယူနည္းျပအဖြဲ႕ႏွင့္ယိုယြင္းတဲ့ခံစစ္ေၾကာင္းေၾကာင့္အခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရျခင္းျဖစ္ေၾကာင္းနည္းျပေဟာင္းဂါဘီႏို႐ိုဒရီဂြက္ဇ္ကေျပာၾကားလိုက္ပါတယ္။

စပိန္လက္ေ႐ြးစင္ဂိုးသမားဒီဂီယာဟာၿပီးခဲ့တဲ့လေႏွာင္းပိုင္းတုန္းကဗီလာရီးရဲလ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ၿပိဳင္ဘက္ရဲ႕ပင္နယ္တီ၁၁ႀကိမ္စလုံးကိုမကာကြယ္ႏိုင္မႈအတြက္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ယင္းသို႔ေဝဖန္မႈမ်ားႏွင့္အတူဒီဂီယာဟာလာမယ့္ေဘာလုံးရာသီမွာအသက္၂၄ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ဂိုးသမားဒိန္းဟင္ဒါဆင္အားနံပါတ္တစ္ဂိုးသမားေနရာကိုလြဲေျပာင္းေပးရမယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရပါတယ္။

႐ိုဒရီဂြက္ဇ္ဟာစပိန္ယူ-၂၁အသင္းတြင္ဒီဂီယာႏွင့္လမ္းတြဲခဲ့ဖူးသူျဖစ္ပါတယ္။၎က “အသင္းတစ္သင္းရဲ႕စစ္မွန္တဲ့ေရာင္ျပန္စ႐ိုက္ဆိုတာနည္းျပေၾကာင့္ပါ။ဆာအဲလက္စ္ဖာဂူဆန္လက္ထက္တုန္းကအသင္း(မန္ယူ)ကိုၾကည့္ပါလား။အဲဒီအသင္းကိုၾကည့္လိုက္ရင္ညႇာတာမႈမဲ့တာေတြ႕ရပါမယ္။ဒါေပမယ့္အိုလီရဲ႕အသင္းကေတာ့သားေမႊးအိတ္ထက္ေတာင္ႏူးညံ့ေသးတယ္။ၿပီးေတာ့ေဒးဗစ္ဟာအမွားမ်ားလြန္းတဲ့ခံစစ္ေၾကာင့္လည္းဒုကၡေရာက္ရပါေသးတယ္။ကိုယ့္အသင္းရဲ႕အေတာ္ဆုံးကစားသမားကိုအကာအကြယ္ေပးရပါမယ္။ဒါေပမယ့္အလယ္တန္းနဲ႔ခံစစ္အၾကားမွာရႈပ္ေထြးေနပါတယ္။အေျခခံအားျဖင့္ေျပာရမယ္ဆိုရင္အိုလီရဲ႕အသင္းကခံစစ္ပိုင္းကအရမ္းဆိုးတယ္။ဗဟိုေနာက္ခံလူႏွစ္ဦးကေႏွးတယ္။အာ႐ုံစိုက္မႈနည္းတယ္။ၿပီးေတာ့ဆိုးလ္ရွားအသင္းမွာအားနည္းတာကနည္းစနစ္ပိုင္းအားနည္းတာပါ။မန္ယူခံစစ္ကဒီဂီယာကိုတန္ဖိုးက်ေအာင္လုပ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။