ဒီဂျောင်ကို ခေါ်ယူရေး လက်လျှော့မှာမဟုတ်ဘဲ အပြောင်းအရွှေ့နောက်ဆုံးအချိန်အထိ ယူနိုက်တက်စောင့်ဆိုင်းသွားမည်

မန်ချက်စတာယူနိုက်တက်ဟာဖရန်ကီဒီဂျောင်အားခေါ်ယူရေးအတွက် အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်အထိစိတ်ရှည်လက်ရှည်စောင့်ဆိုင်းပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ယူနိုက်တက်ဟာဖရန်ကီဒီဂျောင်အားခေါ်ယူရေးအတွက်ဘာစီလိုနာနှင့်ဆွေးနွေးလာခဲ့တာနှစ်လကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပေမဲ့ယခုတိုင်အပြောင်းအရွှေ့မပြီးပြတ်နိုင်သေးပါဘူး။

ယူနိုက်တက်ဟာဖရန်ကီဒီဂျောင်ကိုပေါင်၇၂သန်းဖြင့်ခေါ်ယူရန်ဘာစီလိုနာနှင့်သဘောတူညီမှုရပြီးပြီလို့ယုံကြည်ရပါတယ်။ဒါပေမဲ့ဖရန်ကီဒီဂျောင်ဟာဘာစီလိုနာထံတွင်ရရန်ရှိနေတဲ့ကြွေးမြီပေါင်၁၇သန်းရှိနေသေးမှုနဲ့အတူ အပြောင်းအရွှေ့အတွက်အခက်တွေ့နေပါတယ်။

ဒတ်ချ်ကွင်းလယ်ကစားသမားဟာဘာစီလိုနာနှင့်အတူအမေရိကန်ရာသီကြိုလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီးကလပ်ဥက္ကဌလာပေါ်တာကလည်းရောင်းချမည်မဟုတ်ကြောင်းပြောကြားနေပါတယ်။

ဒါပေမဲ့ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က အပြောင်းအရွှေ့အပြီးသတ်ရေးအတွက်အပြောင်းအရွှေ့နောက်ဆုံးရက်အထိစိတ်ရှည်လက်ရှည်စောင့်ဆိုင်းလုပ်ဆောင်ပေးရန် ကလပ်တာဝန်ရှိသူများကိုပြောကြားထားကြောင်း The Mirror ကဖော်ပြလာပါတယ်။

အသက်၅၂နှစ်ရှိအဲရစ်တန်ဟက်ဟာအေဂျက်စ်တွင်လက်တွဲခဲ့ဖူးတဲ့ ဖရန်ကီဒီဂျောင်ကို သူ့ရဲ့ယူနိုက်တက်စီမံကိန်းတွင်အဓိကနေရာမှထည့်သွင်းထားပါတယ်။

တကယ်လို့များ ဒီဂျောင်သာ အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့်ဩဂုတ်လ၃၁ရက်နေ့တွင်မှရောက်လာမည်ဆိုပါက ယူနိုက်တက်ရဲ့ဘရိုက်တန်၊ဘရန့်ဖို့ဒ်၊လီဗာပူး၊ဆောက်သမ်တန်တို့နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲလေးပွဲကိုလွဲချော်ပါမယ်။

ယူနိုက်တက်ဟာကွင်းလယ်အတွက်ဒိန်းမတ်ကွင်းလယ်ကစားသမားခရစ္စတီယန်အဲရစ်ဆင်ကိုသုံးနှစ်စာချုပ်ဖြင့်ခေါ်ယူထားပါတယ်။

ZawGyi

ဒီေဂ်ာင္ကို ေခၚယူေရး လက္ေလွ်ာ့မွာမဟုတ္ဘဲ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးအခ်ိန္အထိ ယူႏိုက္တက္ေစာင့္ဆိုင္းသြားမည္

မန္ခ်က္စတာယူႏိုက္တက္ဟာဖရန္ကီဒီေဂ်ာင္အားေခၚယူေရးအတြက္ အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္အထိစိတ္ရွည္လက္ရွည္ေစာင့္ဆိုင္းေပးသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ယူႏိုက္တက္ဟာဖရန္ကီဒီေဂ်ာင္အားေခၚယူေရးအတြက္ဘာစီလိုနာႏွင့္ေဆြးေႏြးလာခဲ့တာႏွစ္လေက်ာ္ၾကာျမင့္လာခဲ့ၿပီျဖစ္ေပမဲ့ယခုတိုင္အေျပာင္းအေ႐ႊ႕မၿပီးျပတ္ႏိုင္ေသးပါဘူး။

ယူႏိုက္တက္ဟာဖရန္ကီဒီေဂ်ာင္ကိုေပါင္၇၂သန္းျဖင့္ေခၚယူရန္ဘာစီလိုနာႏွင့္သေဘာတူညီမႈရၿပီးၿပီလို႔ယုံၾကည္ရပါတယ္။ဒါေပမဲ့ဖရန္ကီဒီေဂ်ာင္ဟာဘာစီလိုနာထံတြင္ရရန္ရွိေနတဲ့ေႂကြးၿမီေပါင္၁၇သန္းရွိေနေသးမႈနဲ႔အတူ အေျပာင္းအေ႐ႊ႕အတြက္အခက္ေတြ႕ေနပါတယ္။

ဒတ္ခ်္ကြင္းလယ္ကစားသမားဟာဘာစီလိုနာႏွင့္အတူအေမရိကန္ရာသီႀကိဳေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ၿပီးကလပ္ဥကၠဌလာေပၚတာကလည္းေရာင္းခ်မည္မဟုတ္ေၾကာင္းေျပာၾကားေနပါတယ္။

ဒါေပမဲ့ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္က အေျပာင္းအေ႐ႊ႕အၿပီးသတ္ေရးအတြက္အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္အထိစိတ္ရွည္လက္ရွည္ေစာင့္ဆိုင္းလုပ္ေဆာင္ေပးရန္ ကလပ္တာဝန္ရွိသူမ်ားကိုေျပာၾကားထားေၾကာင္း The Mirror ကေဖာ္ျပလာပါတယ္။

အသက္၅၂ႏွစ္ရွိအဲရစ္တန္ဟက္ဟာေအဂ်က္စ္တြင္လက္တြဲခဲ့ဖူးတဲ့ ဖရန္ကီဒီေဂ်ာင္ကို သူ႔ရဲ႕ယူႏိုက္တက္စီမံကိန္းတြင္အဓိကေနရာမွထည့္သြင္းထားပါတယ္။

တကယ္လို႔မ်ား ဒီေဂ်ာင္သာ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္မယ့္ဩဂုတ္လ၃၁ရက္ေန႔တြင္မွေရာက္လာမည္ဆိုပါက ယူႏိုက္တက္ရဲ႕ဘ႐ိုက္တန္၊ဘရန႔္ဖို႔ဒ္၊လီဗာပူး၊ေဆာက္သမ္တန္တို႔ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲေလးပြဲကိုလြဲေခ်ာ္ပါမယ္။

ယူႏိုက္တက္ဟာကြင္းလယ္အတြက္ဒိန္းမတ္ကြင္းလယ္ကစားသမားခရစၥတီယန္အဲရစ္ဆင္ကိုသုံးႏွစ္စာခ်ဳပ္ျဖင့္ေခၚယူထားပါတယ္။