
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာအာဆင်နယ်ကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အဝတ်အစားလဲခန်းအတွင်းတွင်ယူနိုက်တက်စတားများကိုဆူပူကြိမ်းမောင်းမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ယူနိုက်တက်ဟာမနေ့ညတုန်းကအာဆင်နယ်ကိုမားကပ်စ်ရက်ဖို့ဒ်ရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
အဲရစ်တန်ဟက်ဟာမနေ့ညတုန်းကအာဆင်နယ်ကိုရှုံးနိမ့်တဲ့ပွဲတွင်အမှားကြီးမှားခဲ့ကြတဲ့ယူနိုက်တက်စတားများကိုအဝတ်အစားလဲခန်းအတွင်းတွင်ဆူပူကြိမ်းမောင်းမှုများပြုလုပ်ခဲ့ပါတယ်။
အဲရစ်တန်ဟက်က “စိတ်ပျက်တယ်။စိတ်ဓာတ်မပြောင်းရင်ဘာဆဖလား၊ဘာဆုတံဆိပ်မှရလာမှာမဟုတ်ဘူးလို့သူတို့ကိုပြောခဲ့တယ်။ဒီလိုပွဲကြီးပွဲကောင်းမျိုးမှာအမှားလုပ်လို့မရဘူး။ပွဲကိုကောင်းကောင်းစနိုင်ခဲ့တယ်။ဂိုးလည်းသွင်းနိုင်ခဲ့တယ်။နောက်တော့လုံးဝလက်ခံနိုင်စရာမရှိတဲ့အမှားတွေဆက်တိုက်လုပ်တော့တာပဲ။ပြီးခဲ့တဲ့လတွေမှာကစားသမားတွေရဲ့စိတ်ဓာတ်ပြောင်းလဲလာတာမြင်ခဲ့ရတယ်။ဒါပေမဲ့ထိပ်တန်းအဆင့်ကိုရော်ကဖို့လိုနေသေးတယ်ဆိုတာအခုမြင်လိုက်ရပါပြီ။သူတို့ပွဲတစ်ပွဲဆိုတာဒိုင်လူကြီးဝီစီမှုတ်ရင်ပြီးသွားလို့ပဲမြင်နေကြတုန်း”လို့ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာမနေ့ညကအာဆင်နယ်ကိုရှုံးနိမ့်မှုကြောင့်အမှတ်ပေးဇယားအဆင့်၃နေရာသို့တက်လှမ်းနိုင်မဲ့အခွင့်အရေးဆုံးရှုံးခဲ့ရသလို အာဆင်နယ်နှင့်ရမှတ်၁၁မှတ်အထိကွာဟသွားခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်ကတော့အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပြီးဒုတိယနေရာမှာမန်စီးတီးကိုရမှတ်၅မှတ်ဆက်ဖြတ်ထားနိုင်ခဲ့ပါတယ်။
ZawGyi
“ဒီစိတ်ဓာတ်မျိုးနဲ့ ဘာဆုဖလားမှ မရနိုင်ဘူး”အာဆင်နယ်ကို ရှုံးပြီးနောက် အဝတ်အစားလဲခန်းတွင် အဲရစ်တန်ဟက်ပွဲကြမ်းခဲ့