ဒီဇင်ဘာတွင် ဖီဖာကလပ်ကမ္ဘာ့ဖလားကစားမှာမဟုတ်လို့ လာမယ့်နှစ်မှာပွဲကြပ်များနှင့်ရင်ဆိုင်ရတော့မယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုရွှေ့ဆိုင်းလာမှုနဲ့အတူလာမယ့်နှစ်မှာပွဲကြပ်များစွာနှင့်ရင်ဆိုင်လာရဖို့ရှိနေပါတယ်။

ချဲလ်ဆီးဟာမေလတုန်းကမန်စီးတီးကိုအနိုင်ရရှိကာချန်ပီယံလိဂ်ဖလားဆွတ်ခူးထားနိုင်မှုနဲ့အတူဖီဖာကလပ်ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပါတယ်။

ဂျပန်ကဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိထားပေမယ့်လည်းကိုဗစ်ကာလအကြပ်အတည်းများကြောင့်အိမ်ရှင်အဖြစ်ကျင်းပရန်လက်လျှော့လိုက်ပြီဖြစ်ပါတယ်။

ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာဖီဖာကလပ်ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကျင်းပရေးကိုစွန့်လွှတ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကာဖီဖာနှင့်ဆွေးနွေးမှုပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာကိုဗစ်ကန့်သတ်ချက်ကြောင့်ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလက်ခံကျင်းပမှုကြောင့်အမြတ်အစွန်းရရှိရန်အခွင့်အလမ်းနည်းပါးမှုနဲ့အတူယခုကဲ့သို့လက်လွှတ်ရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဖီဖာဟာဂျပန်တွင်သာမကျင်းပဖြစ်ပါကဖီဖာကလပ်ကမ္ဘာ့ဖလားကိုအားလာမယ့်နှစ်မှာပြောင်းလဲကျင်းပဖို့ရှိနေပါတယ်။

တစ်ဖက်တွင်ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာကိုဗစ်ကန့်သတ်ချက်လျှော့ချလာနိုင်မယ့်လာမယ့်နှစ်တွင်မှဖီဖာကလပ်ကမ္ဘာ့ဖလားအားကျင်းပရေးအတွက်ဖီဖာနှင့်ဆွေးနွေးနေပါသေးတယ်။

ZawGyi







