ဒီတစ်ခါတော့ နည်းပြအဖွဲ့နဲ့ဆိုင်သွားပြီဆိုပြီး ဘော်ဒါအရင်းကြီး ဆိုးလ်ရှားကို ဂယ်ရီနဗီးလ်ပါ ဝေဖန်လာ

တနင်္ဂနွေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်မဟာပြိုင်ဘက်လီဗာပူးရဲ့တစစီဆွဲဖြဲခြင်းခံခဲ့ရပြီးနောက်ဂယ်ရီနဗီးလ်ဟာသူ့ရဲ့မန်ချက်စတာယူနိုက်တက်ကစားဖော်ဟောင်းအိုလီဂန်းနားဆိုးလ်ရှားကိုဝေဖန်မှုပြုလုပ်လာပါတယ်။

မန်ယူဟာမနေ့ညတုန်းကလီဗာပူးနှင့်ပွဲတွင်ပထမပိုင်းတွင်ပင်၄-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနှစ်ပေါင်း၇၀အတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်အိမ်ကွင်းတွင်ဧည့်သည်အသင်းအား၄ဂိုးပြတ်ရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။ဒုတိယပိုင်းတွင်ဆာလက်ကသူ့ရဲ့ဟက်ထရစ်ဂိုးကိုသွင်းခဲ့ပြီးပေါလ်ပေါ့ဘာမှအနီကတ်ပြအထုတ်ခံရမှုနဲ့အတူမန်ယူတို့၅-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဂယ်ရီနဗီးလ်ဟာအစောပိုင်းတုန်းကမန်ယူကစားဖော်ဟောင်းဆိုးလ်ရှားကိုဘယ်တော့မှရာထူးမှထုတ်ပယ်ရေးစကားပြောမှာမဟုတ်ဘူးလို့လူသိရှင်ကြားပြောကြားလာခဲ့ပါတယ်။

ဒါပေမယ့်ယခုတစ်ကြိမ်မှာတော့ဂယ်ရီနဗီးလ်ကလီဗာပူးအားရှုံးနိမ့်ခြင်းမှာဆိုးလ်ရှားနှင့်နည်းပြအဖွဲ့ဝင်များရဲ့အသုံးမကျမှုကြောင့်ဖြစ်ကြောင်းဝေဖန်ထောက်ပြလာပြီဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်က “ဆိုးလ်ရှားအတွက်ကြီးမားတဲ့ပြဿနာဖြစ်နေပါပြီ။မက်တိုမီတေးနဲ့ဖရက်တို့ကအလယ်တန်းမှာရှိတယ်။ရှေ့တန်းမှာရော်နယ်ဒိုရှိနေတယ်။ဒါပေမယ့်တစ်သင်းလုံးမှားနေတာပါ။မန်ချက်စတာယူနိုက်တက်ကကိုယ့်ကိုယ်ကိုငါတို့ကတိုက်စစ်ဆင်ကစားတဲ့အသင်းဆိုပြီးထင်နေကြတယ်။တစ်ဦးချင်းအစွမ်းနဲ့ပေါင်းစပ်ပြီးတိုက်စစ်ဆင်နိုင်တယ်ထင်တယ်။ဒါပေမယ့်အားလုံးကြည့်လိုက်ရင်ပထမပိုင်းမှာဘာမှမလုပ်နိုင်ခဲ့ဘူး။ပွဲကအလကားလို့ဖြစ်သွားတယ်။ပြောရမယ်ဆိုရင်အကြောက်တရားပေါ့ဗျာ။မန်ချက်စတာယူနိုက်တက်ရဲ့အဆင့်ကဒီရာသီတစ်လုံးဒီလိုပါ။သာမန်အသင်းတစ်သင်းမျှသာဖြစ်ပါတယ်။လီဗာပူးကလည်းအကောင်းဆုံးပုံစံမှာမရှိခဲ့ဘူး။ဒါပေမယ့်သူတို့ကလုပ်တာကိုင်တာရှင်းလင်းတယ်။ခံစစ်ကိုစုစုစည်းစည်းကစားတယ်။ဒီပွဲအရှုံးကြောင့်ဘာမှအပြောင်းအလဲဖြစ်လာမယ်လို့တော့မထင်ဘူး။ဒါပေမယ့်ဖိအားတော့တော်တော်များလာပြီ”လို့ပြောကြားခဲ့ပါတယ်။

မန်ယူနှင့်ပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့မိုဟာမက်ဆာလက်ဟာ၁၀ပွဲဆက်ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။မန်ယူဟာယခုအပတ်အကုန်တွင်စပါးစ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးလာမယ့်လတွင်မြို့ခံပြိုင်ဘက်မန်စီးတီးကိုအိုးထရက်ဖို့ဒ်မှာဧည့်ခံကစားရဦးမှာဖြစ်ပါတယ်။

ZawGyi

ဒီတစ္ခါေတာ့ နည္းျပအဖြဲ႕နဲ႔ဆိုင္သြားၿပီဆိုၿပီး ေဘာ္ဒါအရင္းႀကီး ဆိုးလ္ရွားကို ဂယ္ရီနဗီးလ္ပါ ေဝဖန္လာ

တနဂၤေႏြေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္မဟာၿပိဳင္ဘက္လီဗာပူးရဲ႕တစစီဆြဲၿဖဲျခင္းခံခဲ့ရၿပီးေနာက္ဂယ္ရီနဗီးလ္ဟာသူ႔ရဲ႕မန္ခ်က္စတာယူႏိုက္တက္ကစားေဖာ္ေဟာင္းအိုလီဂန္းနားဆိုးလ္ရွားကိုေဝဖန္မႈျပဳလုပ္လာပါတယ္။

မန္ယူဟာမေန႔ညတုန္းကလီဗာပူးႏွင့္ပြဲတြင္ပထမပိုင္းတြင္ပင္၄-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးႏွစ္ေပါင္း၇၀အတြင္းတြင္ပထမဆုံးအႀကိမ္အျဖစ္အိမ္ကြင္းတြင္ဧည့္သည္အသင္းအား၄ဂိုးျပတ္ရႈံးနိမ့္မႈျဖစ္ခဲ့ပါတယ္။ဒုတိယပိုင္းတြင္ဆာလက္ကသူ႔ရဲ႕ဟက္ထရစ္ဂိုးကိုသြင္းခဲ့ၿပီးေပါလ္ေပါ့ဘာမွအနီကတ္ျပအထုတ္ခံရမႈနဲ႔အတူမန္ယူတို႔၅-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဂယ္ရီနဗီးလ္ဟာအေစာပိုင္းတုန္းကမန္ယူကစားေဖာ္ေဟာင္းဆိုးလ္ရွားကိုဘယ္ေတာ့မွရာထူးမွထုတ္ပယ္ေရးစကားေျပာမွာမဟုတ္ဘူးလို႔လူသိရွင္ၾကားေျပာၾကားလာခဲ့ပါတယ္။

ဒါေပမယ့္ယခုတစ္ႀကိမ္မွာေတာ့ဂယ္ရီနဗီးလ္ကလီဗာပူးအားရႈံးနိမ့္ျခင္းမွာဆိုးလ္ရွားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားရဲ႕အသုံးမက်မႈေၾကာင့္ျဖစ္ေၾကာင္းေဝဖန္ေထာက္ျပလာၿပီျဖစ္ပါတယ္။

ဂယ္ရီနဗီးလ္က “ဆိုးလ္ရွားအတြက္ႀကီးမားတဲ့ျပႆနာျဖစ္ေနပါၿပီ။မက္တိုမီေတးနဲ႔ဖရက္တို႔ကအလယ္တန္းမွာရွိတယ္။ေရွ႕တန္းမွာေရာ္နယ္ဒိုရွိေနတယ္။ဒါေပမယ့္တစ္သင္းလုံးမွားေနတာပါ။မန္ခ်က္စတာယူႏိုက္တက္ကကိုယ့္ကိုယ္ကိုငါတို႔ကတိုက္စစ္ဆင္ကစားတဲ့အသင္းဆိုၿပီးထင္ေနၾကတယ္။တစ္ဦးခ်င္းအစြမ္းနဲ႔ေပါင္းစပ္ၿပီးတိုက္စစ္ဆင္ႏိုင္တယ္ထင္တယ္။ဒါေပမယ့္အားလုံးၾကည့္လိုက္ရင္ပထမပိုင္းမွာဘာမွမလုပ္ႏိုင္ခဲ့ဘူး။ပြဲကအလကားလို႔ျဖစ္သြားတယ္။ေျပာရမယ္ဆိုရင္အေၾကာက္တရားေပါ့ဗ်ာ။မန္ခ်က္စတာယူႏိုက္တက္ရဲ႕အဆင့္ကဒီရာသီတစ္လုံးဒီလိုပါ။သာမန္အသင္းတစ္သင္းမွ်သာျဖစ္ပါတယ္။လီဗာပူးကလည္းအေကာင္းဆုံးပုံစံမွာမရွိခဲ့ဘူး။ဒါေပမယ့္သူတို႔ကလုပ္တာကိုင္တာရွင္းလင္းတယ္။ခံစစ္ကိုစုစုစည္းစည္းကစားတယ္။ဒီပြဲအရႈံးေၾကာင့္ဘာမွအေျပာင္းအလဲျဖစ္လာမယ္လို႔ေတာ့မထင္ဘူး။ဒါေပမယ့္ဖိအားေတာ့ေတာ္ေတာ္မ်ားလာၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူႏွင့္ပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့မိုဟာမက္ဆာလက္ဟာ၁၀ပြဲဆက္ဂိုးသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။မန္ယူဟာယခုအပတ္အကုန္တြင္စပါးစ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးလာမယ့္လတြင္ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကိုအိုးထရက္ဖို႔ဒ္မွာဧည့္ခံကစားရဦးမွာျဖစ္ပါတယ္။