ဒီဘရိုင်းရဲ့ဖျက်ထုတ်မှုကို အသုံးချပြီး ဝမ်ဘစ်ဆာကာရဲ့ပြစ်ဒဏ်ကို လျှော့ချနိုင်ခဲ့တဲ့ သရဲနီ

မန်ချက်စတာယူနိုက်တက်ရဲ့ခံစစ်ပြဿနာမှာအေရွန်ဝမ်ဘစ်ဆာကာရဲ့ပွဲပယ်ပြစ်ဒဏ်လျှော့ချခံရမှုနဲ့အတူအနည်းငယ်လျှော့ပါးသွားခဲ့ပါတယ်။

မန်ယူဟာဝမ်ဘစ်ဆာကာရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်အားယူအီးအက်ဖ်အေထံသို့အယူခံဝင်ခဲ့ရာမှာအောင်မြင်မှုရရှိခဲ့ပြီးတစ်ပွဲသို့လျှော့ချခြင်းခံခဲ့ရပါတယ်။

ဒါကြောင့်လည်းအသက်၂၃နှစ်ရှိညာနောက်ခံလူဟာလာမယ့်အပတ်ဗုဒ္ဓဟူးနေ့မှာအိုးထရက်ဖို့ဒ်ကွင်းမှာအတ္တလန္တာကိုဧည့်ခံကစားရမယ့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာပါဝင်လာနိုင်ပါမယ်။

သူဟာပြီးခဲ့တဲ့လတုန်းကယန်းဘွိုင်းစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲရဲ့ပထမပိုင်းမှာအနီကတ်ပြအထုတ်ခံရပြီးနောက်ဗီလာရီးရဲလ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။

ယူအီးအက်ဖ်အေကအေရွန်ဝမ်ဘစ်ဆာကာအားကြမ်းတမ်းစွာကစားတယ်ဆိုပြီးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ဒါပေမယ့်မန်ယူဟာပီအက်စ်ဂျီနှင့်မန်စီးတီးတို့ပွဲတွင်ကီဗင်ဒီဘရိုင်းကပြိုင်ဘက်ကစားသမားကိုအေဘရွန်ဝမ်ဘစ်ဆာကာကဲ့သို့ပြိုင်ဘက်ကကိုနင်းခဲ့သော်လည်းအဝါကတ်သာပြသခံရမှုကိုထောက်ပြကိုအယူခံဝင်ခဲ့ရာအောင်မြင်မှုရရှိသွားခဲ့ပါတယ်။

လက်ရှိအချိန်တွင်မန်ယူအသင်းဟာအဓိကဗဟိုနောက်ခံလူများဖြစ်တဲ့ဟယ်ရီမက်ဂွိုင်းယားနှင့်ရာဖေးလ်ဗာရိန်းတို့အားဆုံးရှုံးထားရကာဗဟိုခံစစ်ပြဿနာကြုံနေရပါတယ်။အိုလီဂန်းနားဆိုးလ်ရှားဟာလက်စတာနှင့်ပွဲစဉ်တွင်ဗဟိုခံစစ်မှာအဲရစ်ဘိုင်လီနှင့်လင်ဒီလော့ဖ်တို့ကိုအသုံးပြုသွားမှာဖြစ်ပြီးဖီးလ်ဂျုံးစ်ကိုအရန်စာရင်းမှာထည့်သွင်းလာဖို့ရှိပါတယ်။

မန်ယူဟာလာမယ့်အပတ်ဗုဒ္ဓဟူးမှာအတ္တလန္တာနှင့်ချန်ပီယံလိဂ်ပွဲကစားပြီးဖြစ်ပါကလီဗာပူးနှင့်ပရီးမီးယားလိဂ်ပွဲရင်ဆိုင်ကစားသွားရပါမယ်။

ZawGyi

ဒီဘ႐ိုင္းရဲ႕ဖ်က္ထုတ္မႈကို အသုံးခ်ၿပီး ဝမ္ဘစ္ဆာကာရဲ႕ျပစ္ဒဏ္ကို ေလွ်ာ့ခ်ႏိုင္ခဲ့တဲ့ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ခံစစ္ျပႆနာမွာေအ႐ြန္ဝမ္ဘစ္ဆာကာရဲ႕ပြဲပယ္ျပစ္ဒဏ္ေလွ်ာ့ခ်ခံရမႈနဲ႔အတူအနည္းငယ္ေလွ်ာ့ပါးသြားခဲ့ပါတယ္။

မန္ယူဟာဝမ္ဘစ္ဆာကာရဲ႕ႏွစ္ပြဲပယ္ျပစ္ဒဏ္အားယူအီးအက္ဖ္ေအထံသို႔အယူခံဝင္ခဲ့ရာမွာေအာင္ျမင္မႈရရွိခဲ့ၿပီးတစ္ပြဲသို႔ေလွ်ာ့ခ်ျခင္းခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္းအသက္၂၃ႏွစ္ရွိညာေနာက္ခံလူဟာလာမယ့္အပတ္ဗုဒၶဟူးေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းမွာအတၱလႏၲာကိုဧည့္ခံကစားရမယ့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာပါဝင္လာႏိုင္ပါမယ္။

သူဟာၿပီးခဲ့တဲ့လတုန္းကယန္းဘြိဳင္းစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲရဲ႕ပထမပိုင္းမွာအနီကတ္ျပအထုတ္ခံရၿပီးေနာက္ဗီလာရီးရဲလ္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပါဝင္ကစားႏိုင္ခဲ့ျခင္းမရွိပါဘူး။

ယူအီးအက္ဖ္ေအကေအ႐ြန္ဝမ္ဘစ္ဆာကာအားၾကမ္းတမ္းစြာကစားတယ္ဆိုၿပီးႏွစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။ဒါေပမယ့္မန္ယူဟာပီအက္စ္ဂ်ီႏွင့္မန္စီးတီးတို႔ပြဲတြင္ကီဗင္ဒီဘ႐ိုင္းကၿပိဳင္ဘက္ကစားသမားကိုေအဘ႐ြန္ဝမ္ဘစ္ဆာကာကဲ့သို႔ၿပိဳင္ဘက္ကကိုနင္းခဲ့ေသာ္လည္းအဝါကတ္သာျပသခံရမႈကိုေထာက္ျပကိုအယူခံဝင္ခဲ့ရာေအာင္ျမင္မႈရရွိသြားခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူအသင္းဟာအဓိကဗဟိုေနာက္ခံလူမ်ားျဖစ္တဲ့ဟယ္ရီမက္ဂြိဳင္းယားႏွင့္ရာေဖးလ္ဗာရိန္းတို႔အားဆုံးရႈံးထားရကာဗဟိုခံစစ္ျပႆနာႀကဳံေနရပါတယ္။အိုလီဂန္းနားဆိုးလ္ရွားဟာလက္စတာႏွင့္ပြဲစဥ္တြင္ဗဟိုခံစစ္မွာအဲရစ္ဘိုင္လီႏွင့္လင္ဒီေလာ့ဖ္တို႔ကိုအသုံးျပဳသြားမွာျဖစ္ၿပီးဖီးလ္ဂ်ဳံးစ္ကိုအရန္စာရင္းမွာထည့္သြင္းလာဖို႔ရွိပါတယ္။

မန္ယူဟာလာမယ့္အပတ္ဗုဒၶဟူးမွာအတၱလႏၲာႏွင့္ခ်န္ပီယံလိဂ္ပြဲကစားၿပီးျဖစ္ပါကလီဗာပူးႏွင့္ပရီးမီးယားလိဂ္ပြဲရင္ဆိုင္ကစားသြားရပါမယ္။