ဒီမာရီယာနေအိမ်ဖောက်ထွင်းမှုနဲ့ဆက်စပ်နေသူသုံးဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

ရဲတပ်ဖွဲ့ဟာအိန်ဂျယ်ဒီမာရီယာရဲ့နေအိမ်ဖောက်ထွင်းမှုနဲ့ဆက်စပ်နေသူ လူသုံးဦးအားဖမ်းဆီးထိန်းသိမ်းလိုက်နိုင်ခဲ့ပါတယ်။

L’Equipe ရဲ့ဖော်ပြချက်အရရဲတပ်ဖွဲ့ဟာလူသုံးဦးကိုဖမ်းဆီးထိန်းသိမ်းကာအချုပ်ခန်းတွင်ချုပ်နှောင်ထားပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရပါတယ်။

ဖောက်ထွင်းရေးသမားများဟာမတ်လတုန်းကနန့်တက်စ်နှင့်ပွဲကစားရန် ပီအက်စ်ဂျီနှင့်အတူဒီမာရီယာအဝေးသို့ရောက်နေချိန်တွင်နေအိမ်ဖောက်ထွင်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး ပေါင်၄၂၅၀၀၀တန်ဖိုးရှိလက်ဝတ်ရတနာများနှင့်အဖိုးတန်နာရီများရယူသွားခဲ့ကြပါတယ်။

နန့်တက်စ်နှင့်ပွဲကစားနေစဉ် ပိုချက်တီနိုဟာကွင်းအတွင်းရှိအားကစားဒါရိုက်တာလီယိုနာဒိုရဲ့ဖုန်းဆက်သွယ်ပြောကြားပြီးနောက်အကြောင်းရင်းကိုသိရကာဒီမာရီယိုကိုလူစားလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။ဒီမာရီယာဟာအထက်ပါသတင်းကိုကြားသိရပြီးနောက်မျက်ရည်ကျကာဥမင်လှိုဏ်ခေါင်းအတွင်းသို့ဝင်ရောက်သွားခဲ့ပါတယ်။

ဖောက်ထွင်းခံရချိန်တွင်ဒီမာရီယာရဲ့ဇနီးသည်ဂျော်ဂျီလီနာနှင့်ကလေးနှစ်ဦးတို့မှာ နေအိမ်အတွင်းရှိနေခဲ့ပြီးယင်းဖြစ်ရပ်ကြောင်းအကြီးအကျယ်တုန်လှုပ်နေခဲ့ကြပါတယ်။

ဒီမာရီယာရဲ့နေအိမ်ကို ဖောက်ထွင်းသမားသုံးဦးတို့ကဝင်ရောက်ခဲ့တာဖြစ်ပြီး၎င်းတို့ဟာဂျူလီယန်ဒရက်စ်လာရဲ့နေအိမ်ကိုလည်းဖောက်ထွင်းရန်ကြိုးပမ်းခဲ့ကြသေးကြောင်းသတင်းထွက်နေပါတယ်။

အဆိုပါညတွင်ပင်ပီအက်စ်ဂျီနောက်ခံလူမာကွင်ဟို့စ်ရဲ့မိသားစုနေအိမ်ကိုလည်းဖောက်ထွင်းသမားများကဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်းတွင်ပီအက်စ်ဂျီမှတီယာဂိုဆေးလ်ဗား၊ဒါနီအဲလ်ဗက်စ်၊အဲရစ်မာဇမ်ချူပိုမိုတင်းတို့ရဲ့နေအိမ်များလည်းဖောက်ထွင်းခြင်းခံခဲ့ရပါတယ်။

ဒီမာရီယာဟာ၂၀၁၅ခုနှစ်တုန်းကမန်ယူအသင်းတွင်ကစားနေစဉ်တုန်းကလည်းနေအိမ်ဖောက်ထွင်းခြင်းခံခဲ့ရကာယင်းဖြစ်ရပ်ကြောင့်မန်ချက်စတာတွင်မပျော်တော့ဘဲအသင်းပြောင်းခဲ့တာဖြစ်ပါတယ်။

ZawGyi

ဒီမာရီယာေနအိမ္ေဖာက္ထြင္းမႈနဲ႔ဆက္စပ္ေနသူသုံးဦးကို ရဲတပ္ဖြဲ႕ဖမ္းဆီး

ရဲတပ္ဖြဲ႕ဟာအိန္ဂ်ယ္ဒီမာရီယာရဲ႕ေနအိမ္ေဖာက္ထြင္းမႈနဲ႔ဆက္စပ္ေနသူ လူသုံးဦးအားဖမ္းဆီးထိန္းသိမ္းလိုက္ႏိုင္ခဲ့ပါတယ္။

L’Equipe ရဲ႕ေဖာ္ျပခ်က္အရရဲတပ္ဖြဲ႕ဟာလူသုံးဦးကိုဖမ္းဆီးထိန္းသိမ္းကာအခ်ဳပ္ခန္းတြင္ခ်ဳပ္ေႏွာင္ထားၿပီးစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္းသိရပါတယ္။

ေဖာက္ထြင္းေရးသမားမ်ားဟာမတ္လတုန္းကနန႔္တက္စ္ႏွင့္ပြဲကစားရန္ ပီအက္စ္ဂ်ီႏွင့္အတူဒီမာရီယာအေဝးသို႔ေရာက္ေနခ်ိန္တြင္ေနအိမ္ေဖာက္ထြင္းမႈျပဳလုပ္ခဲ့တာျဖစ္ၿပီး ေပါင္၄၂၅၀၀၀တန္ဖိုးရွိလက္ဝတ္ရတနာမ်ားႏွင့္အဖိုးတန္နာရီမ်ားရယူသြားခဲ့ၾကပါတယ္။

နန႔္တက္စ္ႏွင့္ပြဲကစားေနစဥ္ ပိုခ်က္တီႏိုဟာကြင္းအတြင္းရွိအားကစားဒါ႐ိုက္တာလီယိုနာဒိုရဲ႕ဖုန္းဆက္သြယ္ေျပာၾကားၿပီးေနာက္အေၾကာင္းရင္းကိုသိရကာဒီမာရီယိုကိုလူစားလဲလွယ္မႈျပဳလုပ္ခဲ့ပါတယ္။ဒီမာရီယာဟာအထက္ပါသတင္းကိုၾကားသိရၿပီးေနာက္မ်က္ရည္က်ကာဥမင္လႈိဏ္ေခါင္းအတြင္းသို႔ဝင္ေရာက္သြားခဲ့ပါတယ္။

ေဖာက္ထြင္းခံရခ်ိန္တြင္ဒီမာရီယာရဲ႕ဇနီးသည္ေဂ်ာ္ဂ်ီလီနာႏွင့္ကေလးႏွစ္ဦးတို႔မွာ ေနအိမ္အတြင္းရွိေနခဲ့ၿပီးယင္းျဖစ္ရပ္ေၾကာင္းအႀကီးအက်ယ္တုန္လႈပ္ေနခဲ့ၾကပါတယ္။

ဒီမာရီယာရဲ႕ေနအိမ္ကို ေဖာက္ထြင္းသမားသုံးဦးတို႔ကဝင္ေရာက္ခဲ့တာျဖစ္ၿပီး၎တို႔ဟာဂ်ဴလီယန္ဒရက္စ္လာရဲ႕ေနအိမ္ကိုလည္းေဖာက္ထြင္းရန္ႀကိဳးပမ္းခဲ့ၾကေသးေၾကာင္းသတင္းထြက္ေနပါတယ္။

အဆိုပါညတြင္ပင္ပီအက္စ္ဂ်ီေနာက္ခံလူမာကြင္ဟို႔စ္ရဲ႕မိသားစုေနအိမ္ကိုလည္းေဖာက္ထြင္းသမားမ်ားကဝင္ေရာက္စီးနင္းမႈျပဳလုပ္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းတြင္ပီအက္စ္ဂ်ီမွတီယာဂိုေဆးလ္ဗား၊ဒါနီအဲလ္ဗက္စ္၊အဲရစ္မာဇမ္ခ်ဴပိုမိုတင္းတို႔ရဲ႕ေနအိမ္မ်ားလည္းေဖာက္ထြင္းျခင္းခံခဲ့ရပါတယ္။

ဒီမာရီယာဟာ၂၀၁၅ခုႏွစ္တုန္းကမန္ယူအသင္းတြင္ကစားေနစဥ္တုန္းကလည္းေနအိမ္ေဖာက္ထြင္းျခင္းခံခဲ့ရကာယင္းျဖစ္ရပ္ေၾကာင့္မန္ခ်က္စတာတြင္မေပ်ာ္ေတာ့ဘဲအသင္းေျပာင္းခဲ့တာျဖစ္ပါတယ္။