ဒီယေဂိုကော့စတာအပြောင်းအရွှေ့မှာ ဝုဗ်အတွက် အလွန်အန္တရာယ်ရှိကြောင်း သတိပေးခံရ

ဝုဗ်အတွက် ဒီယေဂိုကော့စတာအားခေါ်ယူမှုက အလွန်အန္တရာယ်များတဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်ကြောင်း သတိပေးပြောကြားခံလာရပါတယ်။

ချဲလ်ဆီးကစားသမားဟောင်းတိုနီကာစကာရီနိုကမကြာသေးမီတုန်းကအက်သလက်တီကိုနှင့်စာချုပ်ဖျက်သိမ်း လိုက်တဲ့အသက်၃၂နှစ်ရှိဒီယေဂိုကော့စတာကိုခေါ်ယူမယ်ဆိုပါကနှစ်ကြိမ်စဉ်းစားပြီးမှခေါ်ယူရေးဆုံးဖြတ်ရန် သတိပေးလာခဲ့တာလည်းဖြစ်ပါတယ်။

ဝုဗ်ဟာတိုက်စစ်မှူးရာအူးလ်ဂျီမီနက်ဇ်ကိုခေါင်းဒဏ်ရာကြောင့်ဆုံးရှုံးထားရပြီးဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် တွင်တိုက်စစ်မှူးတစ်ဦးခေါ်ယူရမယ့်အခြေအနေမျိုးမှာရှိနေပါတယ်။

ဝုဗ်နည်းပြနျူနိုဟာ အားနည်းနေတဲ့တိုက်စစ်အားချဲလ်ဆီးတိုက်စစ်မှူးဟောင်းကော့စတာကိုခေါ်ယူပြီးဖာထေးရန် စဉ်းစားနေပါတယ်။

ကော့စတာဟာချဲလ်ဆီးမှာသုံးရာသီကြာကစားခဲ့ဖူးပြီးပွဲ၁၂၀ကစားရာမှာ၅၉ဂိုးသွင်းယူကာပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာချဲလ်ဆီးသို့မပြောင်းမီအက်သလက်တီကိုနောက်ဆုံးရာသီတွင်တစ်ရာသီတည်းတွင်၃၆ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၇ခုနှစ်မှာချဲလ်ဆီးမှထွက်ခွာကာအက်သလက်တီကိုသို့ပြန်ပြောင်းခဲ့သော်လည်းဒဏ်ရာပြဿနာများနှင့် ရုန်းကန်ရကာ၈၁ပွဲမှာ၁၉ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ဒါပေမယ့်ချဲလ်ဆီးတိုက်စစ်မှူးဟောင်းကာစကာရီနိုက “အရမ်းအန္တရာယ်များတယ်။သူ့ရဲ့ချဲလ်ဆီးအတွေ့အကြုံ တွေကြောင့်ဒီလိုပြောရတာပါ။သူထွက်ခွာချင်တဲ့အချိန်ထွက်ခွာတယ်။ပျောက်ချင်တဲ့အချိန်ပျောက်သွားတယ်။ဒီ ကလပ်သို့ရောက်လာရင်ယုံကြည်ရမလား၊မယုံကြည်ဘူးလို့မသိပါဘူး။သူဟာချဲလ်ဆီးမှာတုန်းကဒရော့ဘာ ခြေရာနင်းပြီးအကောင်းဆုံးလုပ်နိုင်ခဲ့တော့ပရိသတ်တွေကချစ်ကြတယ်။ကွင်းထဲမှာသူ့အမည်ကိုအော်နေကြတာ ကြားရပါမယ်။လူကြိုက်အများဆုံးကစားသမားပါ။ဒါပေမယ့်စာချုပ်ဖျက်သိမ်းခံထားရတဲ့အသက်၃၂နှစ်ရှိကစားသ မားအပေါ်မှာသံသယအများကြီးရှိနေပါတယ်။လိဒ်ယူနိုက်တက်ကနေကန်တိုနာထွက်ခွာပြီးမန်ယူနဲ့ဆာအဲလက်စ် ဖာဂူဆန်အတွက်အကောင်းဆုံးကစားပေးခဲ့တာရှိတယ်လို့ထောက်ပြနိုင်ပါတယ်။ဒါပေမယ့်ကော့စတာမှာဒီလိုမျိုး စိတ်ဓာတ်ရှိပါ့မလားသံသယဝင်စရာပါ။ပြီးတော့ဒီယေဂိုဆီမြွန်နီကသာကော့စတာဟာအက်သလက်တီကိုအတွက် အလုပ်လုပ်ပေးနိုင်သေးတယ်လို့ယုံကြည်ရင်စာချုပ်ဖျက်သိမ်းပါ့မလား။အက်သလက်တီဟာချန်ပီယံလိဂ်မှာရှိနေ တုန်းပါ။လာလီဂါချန်ပီယံဖြစ်ဖို့လည်းအခြေအနေကောင်းနေတယ်။ကော့စတာကစာချုပ်ဖျက်ချင်တယ်။ကလပ်က လည်းလက်ခံတယ်။ဒါကသတိပေးခေါင်းလောင်းပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဒီေယဂိုေကာ့စတာအေျပာင္းအေ႐ႊ႕မွာ ဝုဗ္အတြက္ အလြန္အႏၲရာယ္ရွိေၾကာင္း သတိေပးခံရ

ဝုဗ္အတြက္ ဒီေယဂိုေကာ့စတာအားေခၚယူမႈက အလြန္အႏၲရာယ္မ်ားတဲ့အေျပာင္းအေ႐ႊ႕ျဖစ္လာႏိုင္ေၾကာင္း သတိေပးေျပာၾကားခံလာရပါတယ္။

ခ်ဲလ္ဆီးကစားသမားေဟာင္းတိုနီကာစကာရီႏိုကမၾကာေသးမီတုန္းကအက္သလက္တီကိုႏွင့္စာခ်ဳပ္ဖ်က္သိမ္း လိုက္တဲ့အသက္၃၂ႏွစ္ရွိဒီေယဂိုေကာ့စတာကိုေခၚယူမယ္ဆိုပါကႏွစ္ႀကိမ္စဥ္းစားၿပီးမွေခၚယူေရးဆုံးျဖတ္ရန္ သတိေပးလာခဲ့တာလည္းျဖစ္ပါတယ္။

ဝုဗ္ဟာတိုက္စစ္မႉးရာအူးလ္ဂ်ီမီနက္ဇ္ကိုေခါင္းဒဏ္ရာေၾကာင့္ဆုံးရႈံးထားရၿပီးဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ တြင္တိုက္စစ္မႉးတစ္ဦးေခၚယူရမယ့္အေျခအေနမ်ိဳးမွာရွိေနပါတယ္။

ဝုဗ္နည္းျပန်ဴႏိုဟာ အားနည္းေနတဲ့တိုက္စစ္အားခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းေကာ့စတာကိုေခၚယူၿပီးဖာေထးရန္ စဥ္းစားေနပါတယ္။

ေကာ့စတာဟာခ်ဲလ္ဆီးမွာသုံးရာသီၾကာကစားခဲ့ဖူးၿပီးပြဲ၁၂၀ကစားရာမွာ၅၉ဂိုးသြင္းယူကာပရီးမီးယားလိဂ္ဖလားႏွစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာခ်ဲလ္ဆီးသို႔မေျပာင္းမီအက္သလက္တီကိုေနာက္ဆုံးရာသီတြင္တစ္ရာသီတည္းတြင္၃၆ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၁၇ခုႏွစ္မွာခ်ဲလ္ဆီးမွထြက္ခြာကာအက္သလက္တီကိုသို႔ျပန္ေျပာင္းခဲ့ေသာ္လည္းဒဏ္ရာျပႆနာမ်ားႏွင့္ ႐ုန္းကန္ရကာ၈၁ပြဲမွာ၁၉ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

ဒါေပမယ့္ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းကာစကာရီႏိုက “အရမ္းအႏၲရာယ္မ်ားတယ္။သူ႔ရဲ႕ခ်ဲလ္ဆီးအေတြ႕အႀကဳံ ေတြေၾကာင့္ဒီလိုေျပာရတာပါ။သူထြက္ခြာခ်င္တဲ့အခ်ိန္ထြက္ခြာတယ္။ေပ်ာက္ခ်င္တဲ့အခ်ိန္ေပ်ာက္သြားတယ္။ဒီ ကလပ္သို႔ေရာက္လာရင္ယုံၾကည္ရမလား၊မယုံၾကည္ဘူးလို႔မသိပါဘူး။သူဟာခ်ဲလ္ဆီးမွာတုန္းကဒေရာ့ဘာ ေျခရာနင္းၿပီးအေကာင္းဆုံးလုပ္ႏိုင္ခဲ့ေတာ့ပရိသတ္ေတြကခ်စ္ၾကတယ္။ကြင္းထဲမွာသူ႔အမည္ကိုေအာ္ေနၾကတာ ၾကားရပါမယ္။လူႀကိဳက္အမ်ားဆုံးကစားသမားပါ။ဒါေပမယ့္စာခ်ဳပ္ဖ်က္သိမ္းခံထားရတဲ့အသက္၃၂ႏွစ္ရွိကစားသ မားအေပၚမွာသံသယအမ်ားႀကီးရွိေနပါတယ္။လိဒ္ယူႏိုက္တက္ကေနကန္တိုနာထြက္ခြာၿပီးမန္ယူနဲ႔ဆာအဲလက္စ္ ဖာဂူဆန္အတြက္အေကာင္းဆုံးကစားေပးခဲ့တာရွိတယ္လို႔ေထာက္ျပႏိုင္ပါတယ္။ဒါေပမယ့္ေကာ့စတာမွာဒီလိုမ်ိဳး စိတ္ဓာတ္ရွိပါ့မလားသံသယဝင္စရာပါ။ၿပီးေတာ့ဒီေယဂိုဆီႁမြန္နီကသာေကာ့စတာဟာအက္သလက္တီကိုအတြက္ အလုပ္လုပ္ေပးႏိုင္ေသးတယ္လို႔ယုံၾကည္ရင္စာခ်ဳပ္ဖ်က္သိမ္းပါ့မလား။အက္သလက္တီဟာခ်န္ပီယံလိဂ္မွာရွိေန တုန္းပါ။လာလီဂါခ်န္ပီယံျဖစ္ဖို႔လည္းအေျခအေနေကာင္းေနတယ္။ေကာ့စတာကစာခ်ဳပ္ဖ်က္ခ်င္တယ္။ကလပ္က လည္းလက္ခံတယ္။ဒါကသတိေပးေခါင္းေလာင္းပါ”လို႔ေျပာၾကားသြားပါတယ္။