ဒီလက်မှာ ဘိုင်ယန်သို့ ပြောင်းရွှေ့လိုနေကြောင်း စီအီးအိုအိုလီဗာခန်းပြောကြားလာ

ဘိုင်ယန်မြူးနစ်စီအီးအိုအိုလီဗာခန်းကဂျူဗင်တပ်ဗဟိုနောက်ခံလူမားသီးယပ်စ်ဒီလက်မှာဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့လိုနေကြောင်းပြောကြားလာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အသက်၂၂နှစ်ရှိဒတ်ချ်လက်ရွေးစင်ဗဟိုနောက်ခံလူကိုခေါ်ယူရန်ကြိးပမ်းလာခဲ့တာဖြစ်ပါတယ်။

Yahoo ရဲ့ဖော်ပြချက်အရဂျူဗင်တပ်နှင့်ဘိုင်ယန်မြူးနစ်တို့ဟာယခုအပတ်အတွင်းတွင်ဒီလက်အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီးရာသီစမတင်မီအပြောင်းအရွှေ့အပြီးသတ်လာဖို့ရှိနေပါတယ်။

အိုလီဗာခန်းက “ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ကစားသမားကလည်းဘိုင်ယန်မြူးနစ်သို့လာကစားချင်နေတယ်”လို့ပြောကြားသွားပါတယ်။

ဒီလက်ရဲ့ဂျူဗင်တပ်နှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်ပေါင်သန်း၁၀၀ဖြင့်ခေါ်ယူရမယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။ဒါပေမဲ့ဘိုင်ယန်မြူးနစ်ဟာအေဂျက်စ်နောက်ခံလူဟောင်းကိုပေါင်၇၆သန်းဝန်းကျင်ဖြင့်ခေါ်ယူနိုင်ရန်မျှော်လင့်နေပါတယ်။

ဒီလက်ကိုခေါ်ယူရန်ချဲလ်ဆီးကလည်းစိတ်ဝင်စားခဲ့ပေမဲ့လက်ရှိအနေအထားအရဘိုင်ယန်သို့သာပြောင်းဖို့ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာအသင်းရဲ့အဓိကတိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးကိုဘာစီလိုနာသို့ရောင်းချထားပါတယ်။၎င်းတို့ဟာလာမယ့်ရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ဂနာဘရီကိုလည်း၄နှစ်စာချုပ်သစ်ချုပ်ဆိုထားပါတယ်။

ZawGyi

ဒီလက္မွာ ဘိုင္ယန္သို႔ ေျပာင္းေ႐ႊ႕လိုေနေၾကာင္း စီအီးအိုအိုလီဗာခန္းေျပာၾကားလာ

ဘိုင္ယန္ျမဴးနစ္စီအီးအိုအိုလီဗာခန္းကဂ်ဴဗင္တပ္ဗဟိုေနာက္ခံလူမားသီးယပ္စ္ဒီလက္မွာဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းေ႐ႊ႕လိုေနေၾကာင္းေျပာၾကားလာပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသက္၂၂ႏွစ္ရွိဒတ္ခ်္လက္ေ႐ြးစင္ဗဟိုေနာက္ခံလူကိုေခၚယူရန္ႀကိးပမ္းလာခဲ့တာျဖစ္ပါတယ္။

Yahoo ရဲ႕ေဖာ္ျပခ်က္အရဂ်ဴဗင္တပ္ႏွင့္ဘိုင္ယန္ျမဴးနစ္တို႔ဟာယခုအပတ္အတြင္းတြင္ဒီလက္အေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၾကၿပီးရာသီစမတင္မီအေျပာင္းအေ႐ႊ႕အၿပီးသတ္လာဖို႔ရွိေနပါတယ္။

အိုလီဗာခန္းက “ကြၽန္ေတာ္တို႔ေဆြးေႏြးခဲ့ၾကတယ္။ကစားသမားကလည္းဘိုင္ယန္ျမဴးနစ္သို႔လာကစားခ်င္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒီလက္ရဲ႕ဂ်ဴဗင္တပ္ႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းတြင္ေပါင္သန္း၁၀၀ျဖင့္ေခၚယူရမယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။ဒါေပမဲ့ဘိုင္ယန္ျမဴးနစ္ဟာေအဂ်က္စ္ေနာက္ခံလူေဟာင္းကိုေပါင္၇၆သန္းဝန္းက်င္ျဖင့္ေခၚယူႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

ဒီလက္ကိုေခၚယူရန္ခ်ဲလ္ဆီးကလည္းစိတ္ဝင္စားခဲ့ေပမဲ့လက္ရွိအေနအထားအရဘိုင္ယန္သို႔သာေျပာင္းဖို႔ရွိေနပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာအသင္းရဲ႕အဓိကတိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီးကိုဘာစီလိုနာသို႔ေရာင္းခ်ထားပါတယ္။၎တို႔ဟာလာမယ့္ရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဂနာဘရီကိုလည္း၄ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားပါတယ္။