ဒီအတိုင်း ဆက်သွားရင် မကြာခင် ရော်နယ်ဒိုရဲ့အကျော်အခွခံရတော့ ဆိုးလ်ရှား

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်ဒုတိယမြောက်ပထမဆုံးကစားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာနှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်မဝေးတော့တဲ့ကာလအတွင်းမှာမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူအတွက်ပရီးမီးယားလိဂ်ဂိုးသွင်းမှတ်တမ်းကိုကျော်ဖြတ်လာနိုင်တော့မှာဖြစ်ပါတယ်။

အသက်၄၈နှစ်ရှိအိုလီဂန်းနားဆိုးလ်ရှားဟာမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲ၂၃၅ပွဲကစားထားရာမှာ၉၁ဂိုးသွင်းယူထားပြီးမန်ယူအတွက်ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူထားသူများစာရင်းမှာနံပါတ်၆နေရာမှာရပ်တည်နေပါတယ်။

သူဟာနစ္စတယ်ရွိုင်းပြီးရင်မန်ယူအတွက်ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူထားတဲ့နိုင်ငံခြားသားကစားသမားလည်းရပ်တည်နေပါတယ်။နစ္စတယ်ရွိုင်းက၉၅ဂိုးဖြင့်မန်ယူအတွက်ပရီးမီးယားဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်နှင့်ပွဲတွင်နှစ်ဂိုးသွင်းယူထားနိုင်မှုနဲ့အတူမန်ယူအတွက်၁၉၇ပွဲကစားရာမှာသွင်းဂိုး၈၆ဂိုးရှိလာခဲ့ပြီဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပရီးမီးယားလိဂ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူများစာရင်းမှာနံပါတ်၄၄နေရာမှာရပ်တည်လာတဲ့အပြင်ယခုရာသီမှာအာဆင်နယ်နှင့်နော့ဝှစ်ချ်တို့ထက်လည်းဂိုးသွင်းယူထားပါတယ်။

လက်ရှိအနေအထားအရခရစ္စတီယာနိုရော်နယ်ဒိုဟာဆိုးလ်ရှားနှင့်သွင်းဂိုး၅ဂိုးတည်းသာကွာဟနေရာမကြာမီကာလအတွင်းမှာကျော်ဖြတ်လာဖို့ရှိနေပါတယ်။ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်ဒီကိုးလ်(၉၃ဂိုး)နှင့်နစ္စတယ်ရွိုင်း(၉၅ဂိုး)တို့ကိုလည်းဆက်တိုက်ကျော်ဖြတ်လာဖို့ရှိပါတယ်။

လက်ရှိအချိန်တွင်မန်ယူသမိုင်းမှာပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ဝိန်းရွန်းနီက၁၈၃ဂိုးဖြင့်ရပ်တည်နေပြီးရွိုင်ယန်ဂစ်က၁၀၉ဂိုးဖြင့်ဒုတိယနေရာမှာလည်းကောင်း၊ပေါလ်စခိုးက၁၀၇ဂိုးဖြင့်လည်းကောင်းအသီးအသီးသွင်းယူထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်ရွိုင်ယန်ဂစ်နှင့်ပေါလ်စခိုးတို့ရဲ့စံချိန်ကိုသေချာပေါက်ကျော်ဖြတ်ကာမန်ယူသမိုင်းတွင်ပရီးမီးယားလိဂ်ဂိုးဒုတိယအများဆုံးသွင်းယူသူအဖြစ်မှတ်တမ်းရေးထိုးနိုင်မယ့်အခြေအနေမှာတော့ရှိနေပါတယ်။

ZawGyi

ဒီအတိုင္း ဆက္သြားရင္ မၾကာခင္ ေရာ္နယ္ဒိုရဲ႕အေက်ာ္အခြခံရေတာ့ ဆိုးလ္ရွား

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအတြက္ဒုတိယေျမာက္ပထမဆုံးကစားတဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္မေဝးေတာ့တဲ့ကာလအတြင္းမွာမန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ယူအတြက္ပရီးမီးယားလိဂ္ဂိုးသြင္းမွတ္တမ္းကိုေက်ာ္ျဖတ္လာႏိုင္ေတာ့မွာျဖစ္ပါတယ္။

အသက္၄၈ႏွစ္ရွိအိုလီဂန္းနားဆိုးလ္ရွားဟာမန္ယူအတြက္ပရီးမီးယားလိဂ္ပြဲ၂၃၅ပြဲကစားထားရာမွာ၉၁ဂိုးသြင္းယူထားၿပီးမန္ယူအတြက္ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းယူထားသူမ်ားစာရင္းမွာနံပါတ္၆ေနရာမွာရပ္တည္ေနပါတယ္။

သူဟာနစၥတယ္႐ြိဳင္းၿပီးရင္မန္ယူအတြက္ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ႏိုင္ငံျခားသားကစားသမားလည္းရပ္တည္ေနပါတယ္။နစၥတယ္႐ြိဳင္းက၉၅ဂိုးျဖင့္မန္ယူအတြက္ပရီးမီးယားဂိုးအမ်ားဆုံးသြင္းယူထားတဲ့ကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနယူးကာဆယ္ႏွင့္ပြဲတြင္ႏွစ္ဂိုးသြင္းယူထားႏိုင္မႈနဲ႔အတူမန္ယူအတြက္၁၉၇ပြဲကစားရာမွာသြင္းဂိုး၈၆ဂိုးရွိလာခဲ့ၿပီျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပရီးမီးယားလိဂ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူမ်ားစာရင္းမွာနံပါတ္၄၄ေနရာမွာရပ္တည္လာတဲ့အျပင္ယခုရာသီမွာအာဆင္နယ္ႏွင့္ေနာ့ဝွစ္ခ်္တို႔ထက္လည္းဂိုးသြင္းယူထားပါတယ္။

လက္ရွိအေနအထားအရခရစၥတီယာႏိုေရာ္နယ္ဒိုဟာဆိုးလ္ရွားႏွင့္သြင္းဂိုး၅ဂိုးတည္းသာကြာဟေနရာမၾကာမီကာလအတြင္းမွာေက်ာ္ျဖတ္လာဖို႔ရွိေနပါတယ္။ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအင္ဒီကိုးလ္(၉၃ဂိုး)ႏွင့္နစၥတယ္႐ြိဳင္း(၉၅ဂိုး)တို႔ကိုလည္းဆက္တိုက္ေက်ာ္ျဖတ္လာဖို႔ရွိပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူသမိုင္းမွာပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ဝိန္း႐ြန္းနီက၁၈၃ဂိုးျဖင့္ရပ္တည္ေနၿပီး႐ြိဳင္ယန္ဂစ္က၁၀၉ဂိုးျဖင့္ဒုတိယေနရာမွာလည္းေကာင္း၊ေပါလ္စခိုးက၁၀၇ဂိုးျဖင့္လည္းေကာင္းအသီးအသီးသြင္းယူထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္႐ြိဳင္ယန္ဂစ္ႏွင့္ေပါလ္စခိုးတို႔ရဲ႕စံခ်ိန္ကိုေသခ်ာေပါက္ေက်ာ္ျဖတ္ကာမန္ယူသမိုင္းတြင္ပရီးမီးယားလိဂ္ဂိုးဒုတိယအမ်ားဆုံးသြင္းယူသူအျဖစ္မွတ္တမ္းေရးထိုးႏိုင္မယ့္အေျခအေနမွာေတာ့ရွိေနပါတယ္။