ဒီအရာမဖြစ်လာဘူးဆိုရင်တော့ စပါးစ်နည်းပြရာထူးမှ မော်ရင်ဟို အထုတ်ခံရမယ်

ဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရမော်ရင်ဟိုအနေဖြင့်စပါးစ်အတွက်ယခုရာသီမှာရည်မှန်းတစ်ခုကိုဖြစ် မြောက်အောင်လုပ်ဆောင်ပေးနိုင်ခြင်းမရှိလျှင်ရာထူးမှထုတ်ပယ်ခြင်းခံရဖို့သေချာနေကြောင်းသိရပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာယူရိုပါလိဂ်၁၆သင်းအဆင့်မှထွက်ခွာခဲ့ရပြီးနောက်ဖိအားများနှင့်ရင်ဆိုင်လာရပြီးပရီးမီးယားလိဂ်တွင်အထုတ်ခံရမယ့်နည်းပြအဖြစ်ထိပ်ဆုံးမှရေပန်းစားလျက်ရှိနေပါတယ်။

ဒါပေမယ့်ဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရစပါးစ်အသင်းတာဝန်ရှိသူများဟာမော်ရင်ဟိုရဲ့အနာဂတ်ကို ရာသီအကုန်တွင်မှဆုံးဖြတ်သွားမှာဖြစ်ပါတယ်။မော်ရင်ဟိုအနေဖြင့်စပါးစ်နည်းပြရာထူးကိုဆက်ထိန်းထားနိုင်ဖို့တစ်ခုတည်းသောရည်မှန်းချက်အားဖြစ်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မော်ရင်ဟိုအနေဖြင့်နည်းပြရာထူးမြဲဖို့အတွက်၂၀၂၁-၂၂ရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်  ရပါမယ်။

မော်ရင်ဟိုအနေဖြင့်မန်စီးတီးကိုအနိုင်ယူကာကာရာဘောင်းဖလားဆွတ်ခူးပေးနိုင်ပါကလည်းပရီးမီးယားလိဂ်တွင်ထိပ်ဆုံးလေးသင်းစာရင်းမဝင်လျှင်ထုတ်ပယ်ခံရပါမယ်။ဒါကြောင့်မော်ရင်ဟိုအနေဖြင့်ကာရာ ဘောင်းဖလားဆွတ်ခူးပေးနိုင်ပါကလည်းပရီးမီးယားလိဂ်တွင်အဆင့်၅သာရရှိပါကထုတ်ပယ်ခြင်းခံရပါမယ်။

မြောက်လန်ဒန်ကလပ်ဟာပရီးမီးယားလိဂ်ပွဲ၁၀ပွဲကစားရန်ကျန်ရှိနေသေးချိန်တွင်ရမှတ်၄၅မှတ်ဖြင့်အမှတ်ပေးဇယားအဆင့်၈နေရာမှာရပ်တည်နေပါတယ်။ဒါပေမယ့်၎င်းတို့မှာချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အပြည့်အဝရှိနေဆဲဖြစ်ပါတယ်။

စပါးစ်ဟာစတုတ္ထနေရာမှာချဲလ်ဆီးနှင့်ရမှတ်၆မှတ်တည်းသာကွာဟနေပါတယ်။ဒါပေမယ့်စပါးစ်ဟာချဲလ်ဆီးထက်တစ်ပွဲပိုကစားထားပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းဟာမော်ရင်ဟိုကိုရာထူးမှထုတ်ပယ်လိုက်ပါကသူ့နေရာတွင်လိုက်ဇစ်နည်းပြနီဂယ်မန်း နှင့်အစားထိုးရန်စီစဉ်ထားကြောင်းသိရပါတယ်။

ZawGyi

ဒီအရာမျဖစ္လာဘူးဆိုရင္ေတာ့ စပါးစ္နည္းျပရာထူးမွ ေမာ္ရင္ဟို အထုတ္ခံရမယ္

ၿဗိတိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရေမာ္ရင္ဟိုအေနျဖင့္စပါးစ္အတြက္ယခုရာသီမွာရည္မွန္းတစ္ခုကိုျဖစ္ ေျမာက္ေအာင္လုပ္ေဆာင္ေပးႏိုင္ျခင္းမရွိလွ်င္ရာထူးမွထုတ္ပယ္ျခင္းခံရဖို႔ေသခ်ာေနေၾကာင္းသိရပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာယူ႐ိုပါလိဂ္၁၆သင္းအဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ဖိအားမ်ားႏွင့္ရင္ဆိုင္လာရၿပီးပရီးမီးယားလိဂ္တြင္အထုတ္ခံရမယ့္နည္းျပအျဖစ္ထိပ္ဆုံးမွေရပန္းစားလ်က္ရွိေနပါတယ္။

ဒါေပမယ့္ၿဗိတိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရစပါးစ္အသင္းတာဝန္ရွိသူမ်ားဟာေမာ္ရင္ဟိုရဲ႕အနာဂတ္ကို ရာသီအကုန္တြင္မွဆုံးျဖတ္သြားမွာျဖစ္ပါတယ္။ေမာ္ရင္ဟိုအေနျဖင့္စပါးစ္နည္းျပရာထူးကိုဆက္ထိန္းထားႏိုင္ဖို႔တစ္ခုတည္းေသာရည္မွန္းခ်က္အားျဖစ္ေအာင္လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

ေမာ္ရင္ဟိုအေနျဖင့္နည္းျပရာထူးၿမဲဖို႔အတြက္၂၀၂၁-၂၂ရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္စြမ္းေဆာင္ရပါမယ္။

ေမာ္ရင္ဟိုအေနျဖင့္မန္စီးတီးကိုအႏိုင္ယူကာကာရာေဘာင္းဖလားဆြတ္ခူးေပးႏိုင္ပါကလည္းပရီးမီးယားလိဂ္တြင္ထိပ္ဆုံးေလးသင္းစာရင္းမဝင္လွ်င္ထုတ္ပယ္ခံရပါမယ္။ဒါေၾကာင့္ေမာ္ရင္ဟိုအေနျဖင့္ကာရာ ေဘာင္းဖလားဆြတ္ခူးေပးႏိုင္ပါကလည္းပရီးမီးယားလိဂ္တြင္အဆင့္၅သာရရွိပါကထုတ္ပယ္ျခင္းခံရပါမယ္။

ေျမာက္လန္ဒန္ကလပ္ဟာပရီးမီးယားလိဂ္ပြဲ၁၀ပြဲကစားရန္က်န္ရွိေနေသးခ်ိန္တြင္ရမွတ္၄၅မွတ္ျဖင့္အမွတ္ေပးဇယားအဆင့္၈ေနရာမွာရပ္တည္ေနပါတယ္။ဒါေပမယ့္၎တို႔မွာခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ အျပည့္အဝရွိေနဆဲျဖစ္ပါတယ္။

စပါးစ္ဟာစတုတၳေနရာမွာခ်ဲလ္ဆီးႏွင့္ရမွတ္၆မွတ္တည္းသာကြာဟေနပါတယ္။ဒါေပမယ့္စပါးစ္ဟာခ်ဲလ္ဆီးထက္တစ္ပြဲပိုကစားထားပါတယ္။

စပါးစ္ဥကၠဌလီဗိုင္းဟာေမာ္ရင္ဟိုကိုရာထူးမွထုတ္ပယ္လိုက္ပါကသူ႔ေနရာတြင္လိုက္ဇစ္နည္းျပနီဂယ္မန္း ႏွင့္အစားထိုးရန္စီစဥ္ထားေၾကာင္းသိရပါတယ္။