ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် ကာတာသို့ သွားရောက်တဲ့ ပိုလန်အသင်းကို F1 ဖိုက်တာများဖြင့် လိုက်ပါစောင့်ရှောက်ခဲ့ရ

ပိုလန်လက်ရွေးစင်အသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲကစားရန်ကာတာသို့သွားရောက်ချိန်တွင် F-16 ဖိုက်တာဂျက်လေယာဉ်များရဲ့အစောင့်အရှောက်ဖြင့်သွားရောက်ခဲ့ရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုလာမယ့်တနင်္ဂနွေနေ့တွင်စတင်လာမှာဖြစ်ပြီးအဖွင့်ပွဲအဖြစ်အိမ်ရှင်ကာတာနှင့်အီကွေဒေါတို့ရင်ဆိုင်ကစားသွားပါမယ်။

ကြာသပတေးနေ့မှာတော့စူပါစတားရောဘတ်လီဝန်ဒေါ့စကီးဦးဆောင်တဲ့ပိုလန်အသင်းသားများဟာ၁၉၈၆ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ရှုံးထွက်အဆင့်သို့တက်ရောက်ရေးကြိုးပမ်းရန်ရည်မှန်းချက်ဖြင့်ကာတာသို့ထွက်ခွာခဲ့ရပါတယ်။

ဒါပေမဲ့ပိုလန်အသင်းရဲ့ကာတာခရီးစဉ်ကို F-16 ဖိုက်တာဂျက်လေယာဉ်များရဲ့အစောင့်အရှောက်မှုပေးခဲ့ရပါတယ်။

ယင်းသို့အစောင့်အရှောက်ယူလာရခြင်းမှာအင်္ဂါနေ့တုန်းကယူကရိန်းနယ်စပ်အနီးလေးမိုင်အကွာရှိမြို့မှလယ်ကွင်းတစ်ခုသို့ ဒုံးကျည်တစ်လုံးကျရောက်ခဲ့ပြီးပိုလန်နိုင်ငံသားနှစ်ဦးသေဆုံးခဲ့ရမှုကြောင့်ဖြစ်ပါတယ်။

လယ်သမားနှစ်ဦးသေဆုံးပြီးနောက် NATO ဟာအရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကြခဲ့ပါတယ်။ဒါပေမဲ့ဗုဒ္ဓဟူးနေ့မှာတော့ပိုလန်သမ္မတကဒူဒါကယင်းဒုံးကျည်မှာယူကရိန်းလေကြောင်းခံစစ်မှမတော်တဆမှားယွင်းပစ်ခတ်မှုဖြစ်နိုင်ကြောင်းဆိုထားပါတယ်။

NATO အထွေထွေအတွင်းရေးမှူးကလည်းယင်းဒုံးကျည်မှာရုရှားကတိုက်ခိုက်ခြင်းမဟုတ်ဘဲ ယူကရိန်းဒုံးကျည်ဖြစ်နိုင်ခြေများကြောင်းဆိုထားပါတယ်။

ဒါကြောင့်လည်းပိုလန်အသင်းဟာအရှေ့အလယ်ပိုင်းသို့သွားရောက်ရာတွင် ပိုလန်နယ်စပ်သို့ရောက်တဲ့အခါ ပိုလန်လေတပ်မှဖိုက်တာဂျက်လေယာဉ်များရဲ့အစောင့်အရှောက်ဖြင့်သွားရောက်ခဲ့ရပါတယ်။

ပိုလန်အသင်းဟာလည်းဒိုဟာသို့အန္တရာယ်ကင်းဘေးရှင်းစွာရောက်ရှိခဲ့ပါတယ်။

ပိုလန်ဟာအင်္ဂါနေ့တွင်မက္ကဆီကိုနှင့်အဖွင့်ပွဲကစားရပြီးနောက်ဆော်ဒီ၊အာဂျင်တီးနားတို့နှင့်ဆက်ကစားရပါမယ်။

ZawGyi

ဒုံးက်ည္ျဖင့္ တိုက္ခိုက္ခံရၿပီးေနာက္ ကာတာသို႔ သြားေရာက္တဲ့ ပိုလန္အသင္းကို F1 ဖိုက္တာမ်ားျဖင့္ လိုက္ပါေစာင့္ေရွာက္ခဲ့ရ

ပိုလန္လက္ေ႐ြးစင္အသင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲကစားရန္ကာတာသို႔သြားေရာက္ခ်ိန္တြင္ F-16 ဖိုက္တာဂ်က္ေလယာဥ္မ်ားရဲ႕အေစာင့္အေရွာက္ျဖင့္သြားေရာက္ခဲ့ရပါတယ္။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုလာမယ့္တနဂၤေႏြေန႔တြင္စတင္လာမွာျဖစ္ၿပီးအဖြင့္ပြဲအျဖစ္အိမ္ရွင္ကာတာႏွင့္အီေကြေဒါတို႔ရင္ဆိုင္ကစားသြားပါမယ္။

ၾကာသပေတးေန႔မွာေတာ့စူပါစတားေရာဘတ္လီဝန္ေဒါ့စကီးဦးေဆာင္တဲ့ပိုလန္အသင္းသားမ်ားဟာ၁၉၈၆ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ရႈံးထြက္အဆင့္သို႔တက္ေရာက္ေရးႀကိဳးပမ္းရန္ရည္မွန္းခ်က္ျဖင့္ကာတာသို႔ထြက္ခြာခဲ့ရပါတယ္။

ဒါေပမဲ့ပိုလန္အသင္းရဲ႕ကာတာခရီးစဥ္ကို F-16 ဖိုက္တာဂ်က္ေလယာဥ္မ်ားရဲ႕အေစာင့္အေရွာက္မႈေပးခဲ့ရပါတယ္။

ယင္းသို႔အေစာင့္အေရွာက္ယူလာရျခင္းမွာအဂၤါေန႔တုန္းကယူကရိန္းနယ္စပ္အနီးေလးမိုင္အကြာရွိၿမိဳ႕မွလယ္ကြင္းတစ္ခုသို႔ ဒုံးက်ည္တစ္လုံးက်ေရာက္ခဲ့ၿပီးပိုလန္ႏိုင္ငံသားႏွစ္ဦးေသဆုံးခဲ့ရမႈေၾကာင့္ျဖစ္ပါတယ္။

လယ္သမားႏွစ္ဦးေသဆုံးၿပီးေနာက္ NATO ဟာအေရးေပၚအစည္းအေဝးျပဳလုပ္ခဲ့ၾကခဲ့ပါတယ္။ဒါေပမဲ့ဗုဒၶဟူးေန႔မွာေတာ့ပိုလန္သမၼတကဒူဒါကယင္းဒုံးက်ည္မွာယူကရိန္းေလေၾကာင္းခံစစ္မွမေတာ္တဆမွားယြင္းပစ္ခတ္မႈျဖစ္ႏိုင္ေၾကာင္းဆိုထားပါတယ္။

NATO အေထြေထြအတြင္းေရးမႉးကလည္းယင္းဒုံးက်ည္မွာ႐ုရွားကတိုက္ခိုက္ျခင္းမဟုတ္ဘဲ ယူကရိန္းဒုံးက်ည္ျဖစ္ႏိုင္ေျခမ်ားေၾကာင္းဆိုထားပါတယ္။

ဒါေၾကာင့္လည္းပိုလန္အသင္းဟာအေရွ႕အလယ္ပိုင္းသို႔သြားေရာက္ရာတြင္ ပိုလန္နယ္စပ္သို႔ေရာက္တဲ့အခါ ပိုလန္ေလတပ္မွဖိုက္တာဂ်က္ေလယာဥ္မ်ားရဲ႕အေစာင့္အေရွာက္ျဖင့္သြားေရာက္ခဲ့ရပါတယ္။

ပိုလန္အသင္းဟာလည္းဒိုဟာသို႔အႏၲရာယ္ကင္းေဘးရွင္းစြာေရာက္ရွိခဲ့ပါတယ္။

ပိုလန္ဟာအဂၤါေန႔တြင္မကၠဆီကိုႏွင့္အဖြင့္ပြဲကစားရၿပီးေနာက္ေဆာ္ဒီ၊အာဂ်င္တီးနားတို႔ႏွင့္ဆက္ကစားရပါမယ္။