ဒူးကို ရေခဲအုံခဲ့ရပေမယ့် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ဖို့သေချာနေတဲ့ စပါးစ်သူရဲကောင်း

ဟိုဆေးမော်ရင်ဟိုကဟယ်ရီကိန်းမှာဒူးကိုရေခဲအုံနေခဲ့ရသော်လည်းစိုးရိမ်စရာမရှိကြောင်းပြောကြားလာပါတယ်။အသက်၂၇နှစ်ရှိစပါးစ်အသင်းခေါင်းဆောင်ဟာမနေ့ညတုန်းကဇာဂရက်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ယူရိုပါလိဂ်၁၆ သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်စပါးစ်အတွက်အနိုင်ဂိုးနှစ်ဂိုးလုံးကိုသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာပွဲချိန်၈၄မိနစ်မှာဒဏ်ရာရရှိကာကားလို့စ်ဗီနီစီယပ်စ်နဲ့လူစားလဲခြင်းခံခဲ့ရပြီးနောက်စပါးစ်ပရိသတ် များအတွက်အကြီးအကျယ်စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။အင်္ဂလန်အသင်းခေါင်းဆောင်ဟာလူစားလဲခြင်းခံရပြီးနောက်အရန်ခုံတွင်ဒူးကိုရေခဲအုံလျက်ရှိတွေ့ရှိရကာတနင်္ဂနွေနေ့တွင်ကစားရမယ့်အာဆင်နယ်နှင့်မြောက်လန်ဒန်ဒါဘီပွဲမှာမပါဝင်နိုင်မှာစိုးရိမ်စရာဖြစ်လာပါတယ်။

ဒါပေမယ့်နည်းပြမော်ရင်ဟိုကစပါးစ်တိုက်စစ်မှူးရဲ့အခြေအနေမှာစိုးရိမ်စရာမရှိကြောင်းနှင့်မြောက်လန်ဒန်ဒါဘီပွဲ တွင်ပွဲထွက်လာဖို့သေချာနေကြောင်းဆိုလာပါတယ်။

မော်ရင်ဟိုက “ဟယ်ရီမှာဘာပြဿနာကြီးကြီးမားမားမှမရှိပါဘူး။တနင်္ဂနွေနေ့ပွဲကလူတိုင်းကစားချင်တဲ့ပွဲပါ။အ သေးအမွှားလေးကသူ့ကိုတားဆီးနိုင်မှာမဟုတ်ပါဘူး။သူ့ဒဏ်ရာကြီးမားတယ်လို့လည်းမထင်ပါဘူး။သူလည်း အားလုံးကိုလုပ်နေပါတယ်။သူဟာဂိုးသွင်းပြီးတိုက်စစ်မှူးရဲ့အလုပ်ကိုလုပ်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်မော်ရင်ဟိုကဇာဂရက်နှင့်ပွဲတွင်လူစားလဲခဲ့ရတဲ့တန်ဂေအန်ဒွမ်ဘီလီမှာလည်းအာဆင်နယ်နှင့်ပွဲတွင်ပါဝင်လာနိုင်ဖို့သေချာနေကြောင်းအတည်ပြုသွားပါတယ်။

ZawGyi

ဒူးကို ေရခဲအုံခဲ့ရေပမယ့္ အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္ဖို႔ေသခ်ာေနတဲ့ စပါးစ္သူရဲေကာင္း

ဟိုေဆးေမာ္ရင္ဟိုကဟယ္ရီကိန္းမွာဒူးကိုေရခဲအုံေနခဲ့ရေသာ္လည္းစိုးရိမ္စရာမရွိေၾကာင္းေျပာၾကားလာပါတယ္။အသက္၂၇ႏွစ္ရွိစပါးစ္အသင္းေခါင္းေဆာင္ဟာမေန႔ညတုန္းကဇာဂရက္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ယူ႐ိုပါလိဂ္၁၆ သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္စပါးစ္အတြက္အႏိုင္ဂိုးႏွစ္ဂိုးလုံးကိုသြင္းယူေပးခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာပြဲခ်ိန္၈၄မိနစ္မွာဒဏ္ရာရရွိကာကားလို႔စ္ဗီနီစီယပ္စ္နဲ႔လူစားလဲျခင္းခံခဲ့ရၿပီးေနာက္စပါးစ္ပရိသတ္ မ်ားအတြက္အႀကီးအက်ယ္စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။အဂၤလန္အသင္းေခါင္းေဆာင္ဟာလူစားလဲျခင္းခံရၿပီးေနာက္အရန္ခုံတြင္ဒူးကိုေရခဲအုံလ်က္ရွိေတြ႕ရွိရကာတနဂၤေႏြေန႔တြင္ကစားရမယ့္အာဆင္နယ္ႏွင့္ေျမာက္လန္ဒန္ဒါဘီပြဲမွာမပါဝင္ႏိုင္မွာစိုးရိမ္စရာျဖစ္လာပါတယ္။

ဒါေပမယ့္နည္းျပေမာ္ရင္ဟိုကစပါးစ္တိုက္စစ္မႉးရဲ႕အေျခအေနမွာစိုးရိမ္စရာမရွိေၾကာင္းႏွင့္ေျမာက္လန္ဒန္ဒါဘီပြဲ တြင္ပြဲထြက္လာဖို႔ေသခ်ာေနေၾကာင္းဆိုလာပါတယ္။

ေမာ္ရင္ဟိုက “ဟယ္ရီမွာဘာျပႆနာႀကီးႀကီးမားမားမွမရွိပါဘူး။တနဂၤေႏြေန႔ပြဲကလူတိုင္းကစားခ်င္တဲ့ပြဲပါ။အ ေသးအမႊားေလးကသူ႔ကိုတားဆီးႏိုင္မွာမဟုတ္ပါဘူး။သူ႔ဒဏ္ရာႀကီးမားတယ္လို႔လည္းမထင္ပါဘူး။သူလည္း အားလုံးကိုလုပ္ေနပါတယ္။သူဟာဂိုးသြင္းၿပီးတိုက္စစ္မႉးရဲ႕အလုပ္ကိုလုပ္ေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ေမာ္ရင္ဟိုကဇာဂရက္ႏွင့္ပြဲတြင္လူစားလဲခဲ့ရတဲ့တန္ေဂအန္ဒြမ္ဘီလီမွာလည္းအာဆင္နယ္ႏွင့္ပြဲတြင္ပါဝင္လာႏိုင္ဖို႔ေသခ်ာေနေၾကာင္းအတည္ျပဳသြားပါတယ္။