ဒူးထောက်လျှောထိုး‌အောင်ပွဲခံမှု ပြုလုပ်တော့မှာ မဟုတ်တော့တဲ့ လူကာကူ

ရိုမဲလူလူကာကူဟာစနေနေ့တုန်းကဗီလာအားအနိုင်ရရှိတဲ့ပွဲစဉ်မှာဒူးထောက်လျှောထိုးအောင်ပွဲခံစဉ်ထင်သလိုဖြစ်မလာဘဲဟပ်ထိုးလဲကျမှုဖြစ်ပြီးနောက် နောက်တွင်ယင်းသို့အောင်ပွဲခံမှုမျိုးမပြုလုပ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

လူကာကူဟာဗီလာအားအနိုင်ရရှိတဲ့ပွဲတွင်နှစ်ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။သူဟာချဲလ်ဆီးအတွက်ဦးဆောင်ဂိုးကိုသွင်းယူနိုင်ပြီးနောက်ဒူးထောက်လျှောထိုးပြီးအောင်ပွဲခံရန်ကြိုးပမ်းစဉ်ဟပ်ထိုးမှောက်လျက်လဲကျခဲ့ပါတယ်။

ဒါပေမယ့်လူကာကူချက်ချင်းပင်လဲကျနေမှအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

လူကာကူကဒူးထောက်လျှောထိုးအောင်ပွဲခံမှုမလုပ်ဖို့ဆုံးဖြတ်ခဲ့တဲ့ပထမဆုံးချဲလ်ဆီးကစားသမားမဟုတ်ပါဘူး။

၂၀၁၈ခုနှစ်တုန်းကလည်းအေဒင်ဟာဇက်ဟာဒူးထောက်လျှောထိုးအောင်ပွဲခံစဉ်ဒူးပွန်းပဲ့နာကျင်မှုကြောင့်နောက်နောင်ယင်းသို့အောင်ပွဲခံမှုမျိုးမပြုလုပ်ရန်ဆုံးဖြတ်ခဲ့ဖူးပါတယ်။

ZawGyi





