ဒူးဒဏ်ရာကို ကုသရန် ဘရာဇီးသို့ ဘာစီလိုနာစတားကော်တင်ဟိုထွက်ခွာ

ဘာစီလိုနာအလယ်တန်းတိုက်စစ်သမားဖီးလစ်ပီကော်တင်ဟိုဟာဒူးဒဏ်ရာအားဆေးကုသမှုခံယူရန်ဘရာဇီးသို့ထွက်ခွာမည်ဖြစ်ကြောင်းသိရပါတယ်။

လီဗာပူးစတားဟောင်းဟာဒီဇင်ဘာလ၂၉ရက်နေ့တုန်းကအီဘာနှင့်ပွဲစဉ်တွင်ဒူးဒဏ်ရာရရှိကာခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက်အနားယူလာခဲ့ရသူလည်းဖြစ်ပါတယ်။

ကော်တင်ဟိုဟာ၂၀၂၁ခုနှစ်အစောပိုင်းတုန်းကဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးသုံးလကြာအနားယူရမယ်လို့ခန့်မှန်းခြင်းခံထားရပါတယ်။

အသက်၂၈နှစ်ရှိဘရာဇီးစတားဟာပြီးခဲ့တဲ့အပတ်တုန်းကကာတာသို့သွားရောက်ကာပြန်လည်ထူထောင်ရေးလုပ်ဆောင်မှုများပြုလုပ်ခဲ့ပေမယ့်ထင်မှတ်ထားသလောက်တိုးတက်လာခြင်းမရှိမှုကြောင့်ဘရာဇီးသို့ပြန်ကာအထူးကျွမ်းကျင်သူတစ်ဦးထံတွင်ဆေးကုသမှုခံယူရဦးမှာဖြစ်ပါတယ်။

လက်ရှိအနေအထားများအရကော်တင်ဟိုအနေဖြင့်ဒူးဒဏ်ရာကိုနောက်ထပ်တစ်ကြိမ်ခွဲစိတ်ကုသမှုခံယူရဖွယ်ရှိနေသေးရာရာသီအကုန်အထိအနားယူရဖို့ရှိနေပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများကြောင့်လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာကော်တင်ဟိုကိုရောင်းချမယ်လို့သတင်းထွက်နေပါတယ်။

ZawGyi

ဒူးဒဏ္ရာကို ကုသရန္ ဘရာဇီးသို႔ ဘာစီလိုနာစတားေကာ္တင္ဟိုထြက္ခြာ

ဘာစီလိုနာအလယ္တန္းတိုက္စစ္သမားဖီးလစ္ပီေကာ္တင္ဟိုဟာဒူးဒဏ္ရာအားေဆးကုသမႈခံယူရန္ဘရာဇီးသို႔ထြက္ခြာမည္ျဖစ္ေၾကာင္းသိရပါတယ္။

လီဗာပူးစတားေဟာင္းဟာဒီဇင္ဘာလ၂၉ရက္ေန႔တုန္းကအီဘာႏွင့္ပြဲစဥ္တြင္ဒူးဒဏ္ရာရရွိကာခြဲစိတ္ကုသမႈခံယူခဲ့ရၿပီးေနာက္အနားယူလာခဲ့ရသူလည္းျဖစ္ပါတယ္။

ေကာ္တင္ဟိုဟာ၂၀၂၁ခုႏွစ္အေစာပိုင္းတုန္းကဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရၿပီးသုံးလၾကာအနားယူရမယ္လို႔ခန႔္မွန္းျခင္းခံထားရပါတယ္။

အသက္၂၈ႏွစ္ရွိဘရာဇီးစတားဟာၿပီးခဲ့တဲ့အပတ္တုန္းကကာတာသို႔သြားေရာက္ကာျပန္လည္ထူေထာင္ေရးလုပ္ေဆာင္မႈမ်ားျပဳလုပ္ခဲ့ေပမယ့္ထင္မွတ္ထားသေလာက္တိုးတက္လာျခင္းမရွိမႈေၾကာင့္ဘရာဇီးသို႔ျပန္ကာအထူးကြၽမ္းက်င္သူတစ္ဦးထံတြင္ေဆးကုသမႈခံယူရဦးမွာျဖစ္ပါတယ္။

လက္ရွိအေနအထားမ်ားအရေကာ္တင္ဟိုအေနျဖင့္ဒူးဒဏ္ရာကိုေနာက္ထပ္တစ္ႀကိမ္ခြဲစိတ္ကုသမႈခံယူရဖြယ္ရွိေနေသးရာရာသီအကုန္အထိအနားယူရဖို႔ရွိေနပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားေၾကာင့္လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာေကာ္တင္ဟိုကိုေရာင္းခ်မယ္လို႔သတင္းထြက္ေနပါတယ္။