ဒူးဒဏ်ရာကြောင့် ဂျေဆူး သုံးလကြာနားရမည်ဖြစ်၍ အာဆင်နယ်အထိနာ

အာဆင်နယ်ဟာဂါဘရီရယ်ဂျေဆူးမှာဒူးဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရမှုကြောင့်သုံးလကြာအနားယူရမှာဖြစ်လို့ပရီးမီးယားလိဂ်ဖလားအတွက်တိုက်ပွဲဝင်မှုအတွက်ကြီးမားတဲ့ထိုးနှက်ချက်ကြုံလာပါတယ်။

ဘရာဇီးတိုက်စစ်မှူးဂါဘရီရယ်ဂျေဆူးဟာနွေရာသီတုန်းကမန်စီးတီးမှအာဆင်နယ်သို့ပေါင်၄၅သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဒူးဒဏ်ရာရရှိပြီးနောက်လန်ဒန်သို့ပြန်ရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရာနောက်ထပ်အနည်းဆုံး၃လခန့်အနားယူလာရဖို့ရှိပါတယ်။

လက်ရှိအချိန်တွင်အာဆင်နယ်ဟာဂျေဆူး ဘယ်လောက်အနားယူရမလဲဆိုတာအတိအကျမသိရသေးပါဘူး။ဒါပေမဲ့ဂျေဆူးမှာလအတန်ကြာအနားယူရဖို့တော့သေချာနေပါတယ်။

ဂျေဆူးဟာယခုရာသီတွင်အာဆင်နယ်အတွက်ပရီးမီးယားလိဂ်ဂိုး၅ဂိုးသွင်းယူကာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာငါးမှတ်ဖြတ်ကာရပ်တည်နိုင်အောင်အဓိကနေရာမှကူညီထားသူဖြစ်ပါတယ်။

သူဟာကင်မရွန်းနှင့်ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲတွင် ပထမဆုံးကမ္ဘာ့ဖလားပွဲထွက်ကစားရမှုအဖြစ်ကစားပြီးနောက်ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာဂျေဆူးဒဏ်ရာရရှိသွားမှုကြောင့်အထောင်တိုက်စစ်အတွက် အက်ဒီနကီတာကိုသာအားကိုးရတော့မှာဖြစ်ပါတယ်။

အာဆင်နယ်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာတိုက်စစ်အတွက်ကစားသမားခေါ်ယူအားဖြည့်လာဖို့ရှိနေပြီးယူကရိန်းတောင်ပံစတားမိုင်ခါလိုမူဒရိုင်းကိုခေါ်ယူရေးပစ်မှတ်ထားနေပါတယ်။

ZawGyi

ဒူးဒဏ္ရာေၾကာင့္ ေဂ်ဆူး သုံးလၾကာနားရမည္ျဖစ္၍ အာဆင္နယ္အထိနာ

အာဆင္နယ္ဟာဂါဘရီရယ္ေဂ်ဆူးမွာဒူးဒဏ္ရာခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရမႈေၾကာင့္သုံးလၾကာအနားယူရမွာျဖစ္လို႔ပရီးမီးယားလိဂ္ဖလားအတြက္တိုက္ပြဲဝင္မႈအတြက္ႀကီးမားတဲ့ထိုးႏွက္ခ်က္ႀကဳံလာပါတယ္။

ဘရာဇီးတိုက္စစ္မႉးဂါဘရီရယ္ေဂ်ဆူးဟာေႏြရာသီတုန္းကမန္စီးတီးမွအာဆင္နယ္သို႔ေပါင္၄၅သန္းျဖင့္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဒူးဒဏ္ရာရရွိၿပီးေနာက္လန္ဒန္သို႔ျပန္ေရာက္လာခဲ့သူျဖစ္ပါတယ္။

သူဟာဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရာေနာက္ထပ္အနည္းဆုံး၃လခန႔္အနားယူလာရဖို႔ရွိပါတယ္။

လက္ရွိအခ်ိန္တြင္အာဆင္နယ္ဟာေဂ်ဆူး ဘယ္ေလာက္အနားယူရမလဲဆိုတာအတိအက်မသိရေသးပါဘူး။ဒါေပမဲ့ေဂ်ဆူးမွာလအတန္ၾကာအနားယူရဖို႔ေတာ့ေသခ်ာေနပါတယ္။

ေဂ်ဆူးဟာယခုရာသီတြင္အာဆင္နယ္အတြက္ပရီးမီးယားလိဂ္ဂိုး၅ဂိုးသြင္းယူကာပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာငါးမွတ္ျဖတ္ကာရပ္တည္ႏိုင္ေအာင္အဓိကေနရာမွကူညီထားသူျဖစ္ပါတယ္။

သူဟာကင္မ႐ြန္းႏွင့္ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲတြင္ ပထမဆုံးကမာၻ႔ဖလားပြဲထြက္ကစားရမႈအျဖစ္ကစားၿပီးေနာက္ဒူးဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာေဂ်ဆူးဒဏ္ရာရရွိသြားမႈေၾကာင့္အေထာင္တိုက္စစ္အတြက္ အက္ဒီနကီတာကိုသာအားကိုးရေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာတိုက္စစ္အတြက္ကစားသမားေခၚယူအားျဖည့္လာဖို႔ရွိေနၿပီးယူကရိန္းေတာင္ပံစတားမိုင္ခါလိုမူဒ႐ိုင္းကိုေခၚယူေရးပစ္မွတ္ထားေနပါတယ္။