ဒူးဒဏ်ရာကြောင့် နှစ်လကြာအနားယူရမယ့် ဂျူဗင်တပ်ကွင်းလယ်ကစားသမားအာသာ

ဂျူဗင်တပ်ကွင်းလယ်ကစားသမားအာသာဟာကာလရှည်ကြာခံစားလာခဲ့ရတဲ့ဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလိုက်မှုနဲ့အတူစီးရီးအေရာသီအစပွဲစဉ်များကိုလွဲချော်တော့မှာဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားဟာဒူးဒဏ်ရာခွဲစိတ်ကုသရမှုကြောင့်နှစ်လကြာအနားယူရမှာဖြစ်ပြီးစီးရီးအေအဖွင့်ပွဲစဉ်များကိုလွဲချော်မယ်ဆိုပေမယ့်ချန်ပီယံလိဂ်စတင်ချိန်တွင်ပြန်ကစားနိုင်ဖို့ရှိပါတယ်။

အာသာဒဏ်ရာကြောင့်အနားယူရမှုမှာဂျူဗင်တပ်သို့တစ်ကျော့ပြန်ရောက်လာတဲ့နည်းပြအယ်လ်လီဂရီအတွက်သတင်းဆိုးဖြစ်နေပါတယ်။

အသက်၂၄နှစ်ရှိဘာစီလိုနာကစားသမားဟောင်းဟာ၂၀၂၀ခုနှစ်၊ဒီဇင်ဘာလ၁၆ရက်နေ့တုန်းကအတ္တလန္တာနှင့်ပွဲစဉ်တွင်ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့်ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဝင်နေရမှု၊ကိုပါအမေရိကဖလားကစားရန်ရှိမှုကြောင့်ခွဲစိတ်ကုသရေးကိုရွှေ့ဆိုင်းခဲ့သူဖြစ်ပါတယ်။

ZawGyi

ဒူးဒဏ္ရာေၾကာင့္ ႏွစ္လၾကာအနားယူရမယ့္ ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားအာသာ

ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားအာသာဟာကာလရွည္ၾကာခံစားလာခဲ့ရတဲ့ဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလိုက္မႈနဲ႔အတူစီးရီးေအရာသီအစပြဲစဥ္မ်ားကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ဘရာဇီးလက္ေ႐ြးစင္ကစားသမားဟာဒူးဒဏ္ရာခြဲစိတ္ကုသရမႈေၾကာင့္ႏွစ္လၾကာအနားယူရမွာျဖစ္ၿပီးစီးရီးေအအဖြင့္ပြဲစဥ္မ်ားကိုလြဲေခ်ာ္မယ္ဆိုေပမယ့္ခ်န္ပီယံလိဂ္စတင္ခ်ိန္တြင္ျပန္ကစားႏိုင္ဖို႔ရွိပါတယ္။

အာသာဒဏ္ရာေၾကာင့္အနားယူရမႈမွာဂ်ဴဗင္တပ္သို႔တစ္ေက်ာ့ျပန္ေရာက္လာတဲ့နည္းျပအယ္လ္လီဂရီအတြက္သတင္းဆိုးျဖစ္ေနပါတယ္။

အသက္၂၄ႏွစ္ရွိဘာစီလိုနာကစားသမားေဟာင္းဟာ၂၀၂၀ခုႏွစ္၊ဒီဇင္ဘာလ၁၆ရက္ေန႔တုန္းကအတၱလႏၲာႏွင့္ပြဲစဥ္တြင္ဒူးဒဏ္ရာရရွိခဲ့တာျဖစ္ေပမယ့္ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲဝင္ေနရမႈ၊ကိုပါအေမရိကဖလားကစားရန္ရွိမႈေၾကာင့္ခြဲစိတ္ကုသေရးကိုေ႐ႊ႕ဆိုင္းခဲ့သူျဖစ္ပါတယ္။