ဒူးဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်ဂန္ထဝင်ဖရန့်ရီဘာရီ ကစားသမားဘဝမှအနားယူ

ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမားဖရန့်ရီဘာရီဟာဒူးဒဏ်ရာကြောင့် ဘောလုံးဆက်ကစားရန်မဖြစ်နိုင်တော့မှုနှင့်အတူ ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ပါတယ်။

အသက်၃၉နှစ်ရှိပြင်သစ်လက်ရွေးစင်စတားဟောင်းဟာစီးရီးအေကလပ်ဆာလာနီတာနာနှင့်စာချုပ်ဖျက်သိမ်းပြီးနောက်ကစားသမားဘဝမှအနားယူလိုက်တာဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်နွေရာသီတွင်ဖီအိုရင်တီးနားမှပြောင်းရွှေ့လာပြီးနောက်ဆာလာနီတာနာကိုစီးရီးအေတွင်ဆက်လက်ရှင်သန်နိုင်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာရိုးမားကိုရှုံးနိမ့်တဲ့စီးရီးအေအဖွင့်ပွဲနောက်ပိုင်းတွင်ဒူးဒဏ်ရာကြောင့်အနားယူလာခဲ့ရပါတယ်။

သူဟာ၂၀၀၇ခုနှစ်၊ဇွန်လတွင်မာဆေးလ်မှဘိုင်ယန်မြူးနစ်သို့ပေါင်၁၇သန်းဖြင့်ပြောင်းရွှေ့ပြီးနောက် ဘိုင်ယန်မြူးနစ်တွင်၂၀၀၇ခုနှစ်မှ၂၀၁၉ခုနှစ်အထိကစားခဲ့ပါတယ်။

သူဟာဘိုင်ယန်မြူးနစ်အတွက်၄၂၅ပွဲကစားခဲ့ရာမှာ၁၂၄ဂိုးသွင်းပြီး၁၈၂ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။သူဟာဘိုင်ယန်မြူးနစ်နှင့်အတူ၂၀၁၃ခုနှစ်ချန်ပီယံလိဂ်ဖလားနှင့်ဘွန်ဒက်စ်လီဂါဖလား၉ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာပြင်သစ်နှင့်အတူ၂၀၀၆ကမ္ဘာ့ဖလားတွင်ဒုတိယရရှိခဲ့ဖူးပြီးပြင်သစ်အတွက်၈၁ပွဲကစားခဲ့ရာမှာ၁၆ဂိုးသွင်းကာ၂၅ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ZawGyi

ဒူးဒဏ္ရာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ဂႏၴဝင္ဖရန႔္ရီဘာရီ ကစားသမားဘဝမွအနားယူ

ဘိုင္ယန္ျမဴးနစ္ဂႏၴဝင္ကစားသမားဖရန႔္ရီဘာရီဟာဒူးဒဏ္ရာေၾကာင့္ ေဘာလုံးဆက္ကစားရန္မျဖစ္ႏိုင္ေတာ့မႈႏွင့္အတူ ကစားသမားဘဝမွအနားယူလိုက္ၿပီျဖစ္ပါတယ္။

အသက္၃၉ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္စတားေဟာင္းဟာစီးရီးေအကလပ္ဆာလာနီတာနာႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ကစားသမားဘဝမွအနားယူလိုက္တာျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတြင္ဖီအိုရင္တီးနားမွေျပာင္းေ႐ႊ႕လာၿပီးေနာက္ဆာလာနီတာနာကိုစီးရီးေအတြင္ဆက္လက္ရွင္သန္ႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာ႐ိုးမားကိုရႈံးနိမ့္တဲ့စီးရီးေအအဖြင့္ပြဲေနာက္ပိုင္းတြင္ဒူးဒဏ္ရာေၾကာင့္အနားယူလာခဲ့ရပါတယ္။

သူဟာ၂၀၀၇ခုႏွစ္၊ဇြန္လတြင္မာေဆးလ္မွဘိုင္ယန္ျမဴးနစ္သို႔ေပါင္၁၇သန္းျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္တြင္၂၀၀၇ခုႏွစ္မွ၂၀၁၉ခုႏွစ္အထိကစားခဲ့ပါတယ္။

သူဟာဘိုင္ယန္ျမဴးနစ္အတြက္၄၂၅ပြဲကစားခဲ့ရာမွာ၁၂၄ဂိုးသြင္းၿပီး၁၈၂ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။သူဟာဘိုင္ယန္ျမဴးနစ္ႏွင့္အတူ၂၀၁၃ခုႏွစ္ခ်န္ပီယံလိဂ္ဖလားႏွင့္ဘြန္ဒက္စ္လီဂါဖလား၉ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာျပင္သစ္ႏွင့္အတူ၂၀၀၆ကမာၻ႔ဖလားတြင္ဒုတိယရရွိခဲ့ဖူးၿပီးျပင္သစ္အတြက္၈၁ပြဲကစားခဲ့ရာမွာ၁၆ဂိုးသြင္းကာ၂၅ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။